Friday, May 31, 2013

ရန်ကုန်မြို့ရှိ အဝေးပြေးယာဉ် ရပ်နားစခန်း နှစ်ခုနှင့် မြို့ပတ်ရထား ခရီးစဉ် ချိတ်ဆက် နိုင်တော့မည်


ရန်ကုန် မေ ၃၀
ရန်ကုန် မြို့တော်၏ အဓိက အဝေးပြေး ယာဉ်ရပ်နား စခန်း နှစ်ခုဖြစ်သည့် အောင်မင်္ဂလာ အဝေးပြေး ယာဉ်ရပ်နား စခန်းနှင့် ဒဂုံဧရာ အဝေးပြေး ယာဉ်ရပ်နား စခန်းနှစ်ခု တို့ကို မြို့ပတ်ရထား ခရီးစဉ်နှင့် ချိတ်ဆက်နိုင်ရန် ဂျပန် နိုင်ငံမှ ကုမ္ပဏီများနှင့် ပူးပေါင်းကာ အကြိုရှေ့ပြေး လုပ်ငန်းစဉ်များ ဆောင်ရွက်လျက် ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ စုံစမ်း သိရှိရသည်။
““ အဝေးပြေး ယာဉ်ရပ်နား စခန်းတွေကို သွားလာရတဲ့ အခါမှာ ခရီးသည်တင် ယာဉ်လိုင်းတွေ၊ တက္ကစီတွေဟာ အဝေးပြေး ယာဉ်ရပ်နား စခန်း အတွင်းမှာ ရှိတယ် ဆိုပေမယ့် တစ်ဆက် တစ်စပ်တည်း ယာဉ်ရပ်နား စခန်း အတွင်းမှာ မြို့ပတ် ရထားကိုပါ စီးနင်းနိုင်အောင် လုပ်ထားပေးမယ် ဆိုရင် အလွန်ကို အဆင်ပြေသွား မှာပါ။ ဒီအတွက် အဝေးပြေး ယာဉ်ရပ်နား စခန်းတွေ ထဲမှာ မြို့ပတ်ရထား ဘူတာရုံ ထားနိုင်ဖို့ ဆောင်ရွက် သွားမယ့် အစီအစဉ်တွေ ရှိပါတယ်””ဟု ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
အဆိုပါ အစီအစဉ် အကောင်အထည် ဖော်မည် ဆိုပါက အောင်မင်္ဂလာ ယာဉ်ရပ်နား စခန်းနှင့် ဒဂုံဧရာ ယာဉ်ရပ်နား စခန်းတို့ကို တိုးချဲ့ရမည် ဖြစ်ပြီး အနီး ပတ်ဝန်းကျင်ရှိ အဆောက်အအုံ အချို့လည်း ပြောင်းရွှေ့ရဖွယ် ရှိကြောင်း ဒေသခံများက သုံးသပ်သည်။
““ မြို့ပတ် ရထားလမ်းနဲ့ အရင်ဆုံး ချိတ်ဆက်နိုင်မှာ ကတော့ အောင်မင်္ဂလာ အဝေးပြေး ယာဉ်ရပ်နား စခန်းပဲ ဖြစ်မယ်လို့ မှန်းဆရပါတယ်။ ဒဂုံဧရာ ကတော့ အချိန်ယူရ ဦးမယ်လို့ ထင်ပါတယ်။
လှိုင်သာယာနဲ့ ပုသိမ်ဟာ ရထားလမ်း ရှိပေမဲ့ လှိုင်သာယာ ကနေ ရန်ကုန်ဘက်ခြမ်း အတွက် ရထားလမ်းက အဆင်သင့် မရှိသေး ဘူးလေ။ အောင်မင်္ဂလာက မြောက်ဥက္ကလာပ မြို့နယ်ရော၊ မင်္ဂလာဒုံ မြို့နယ်နဲ့ရော ဆက်စပ်နေတာ ဖြစ်တဲ့အတွက် အမြန်ဆုံး ရထားလမ်းသစ် ဖောက်လုပ် ချိတ်ဆက်နိုင်မယ် ထင်ပါတယ်””ဟု ရန်ကုန်တိုင်း ဒေသ ကြီး မြောက်ဥက္ကလာပ မြို့နယ်တွင် နေထိုင်သူ ဦးတိုးတိုးက သူ့အမြင်ကို ပြောကြားခဲ့သည်။
အဆိုပါ အဝေးပြေး ယာဉ်ရပ်နား စခန်း နှစ်ခုနှင့် မြို့ပတ် ရထားလမ်း ချိတ်ဆက်နိုင်ရန် ပြည်တွင်းရှိ Suntac Technologies ကုမ္ပဏီနှင့် ဂျပန် နိုင်ငံမှ အဖွဲ့အစည်းများ ပူးပေါင်း ကာ အကြိုရှေ့ပြေး လေ့လာရေး လုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည်။

No comments:

Post a Comment