Monday, May 27, 2013

ရွှေသားစစ်စစ် iPad အသုံးပြုလိုပါသလား?

အာရပ်ဆော်ဘွားများ ပြည်ထောင်
စု ဒူဘိုင်းမြို့ရှိ အဆင့်မြင့်ဇိမ်ခံ ကြယ် ၇ ပွင့် ဟိုတယ်ကြီးဖြစ်တဲ့ Burj Al Arab ဟိုတယ်အနေနဲ့ လာရောက်တည်းခိုတဲ့ ဧည့်သည် များအား ၂၄ ကာရက် ရွှေသား စစ်စစ်နဲ့ ဖုံးအုပ်ထားတဲ့ iPad များအား ပေးအပ်သွားမယ်လို့ သိရှိ ရပါတယ်။
အပိုင်ရမှာတော့ မဟုတ်ပါဘူး။ တည်းခိုနေထိုင်စဉ် ကာလအတွင်းမှာ ဟိုတယ်ရဲ့ ဝန်ဆောင်မှုတွေကို လွယ်လွယ်ကူကူနဲ့ အပြည့် အဝ အသုံးချနိုင်ဖို့ စီစဉ်ပေးထားတဲ့ သဘောသာ ဖြစ်ပါတယ်။
သို့သော်လည်း Burj Al Arab ဟိုတယ်၏ လိုဂိုအား နောက်ကျောပြင်တွင် ပုံနှိပ်ထားသည့် အဆို ပါ ရွှေ iPad များအား အပိုင်ဝယ်ယူ လိုသူများအတွက်လည်း စီစဉ်ပေးသွားမည်ဟု သိရှိရသည်။
ထို့အပြင် ဟိုတယ်အနေဖြင့် အခန်းတိုင်း၌ iMac များ ထည့်သွင်းပေးထားပြီး လာရောက် တည်း ခို နေထိုင်သူများအား ထူးခြားသည့် အတွေ့အကြုံများ ပေးစွမ်းနိုင်ရန် ကြိုပမ်းနေခြင်းဟု ဟိုတယ် တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
Burj Al Arab ဟိုတယ်၏ အခန်းခများမှာ ဒေါ်လာ ၁၀၀၀ မှ စတင်ပြီး အဆင့်မြင့် Presidential Suite မှာ တစ်ညလျှင် ဒေါ်လာ ၁၈၇၁၆ ကျသင့်မည်ဖြစ်သည်။
Burj Al Arab သည် ကမ္ဘာပေါ်တွင် တစ်ခုတည်းသော ကြယ် ၇ ပွင့် ဟိုတယ်ဖြစ်ကြောင်းလည်း သိရှိရသည်။

FROM-MYANMAR CONSUMER GUIDE

No comments:

Post a Comment