Saturday, May 18, 2013

ခင်ဗျားတို့ ပြောတဲ့ ပြည်သူ့ဆန်

အတော်များများ က ထစ်ခနည်းရှိရင် ...
ပြည်သူ့ဆန်စားပြီး ပြည်သူကိုမစော်ကား နဲ့ ဆို တာက စတယ်ဗျ ။
ဘယ်တုန်းကမှ မစော်ကားသလို ၊ ဘယ်ပြည်သူ့ဆန်မှလည်း အလ ကား မစားခဲ့ဖူးဘူး ။
စစ်သားဖြစ်ချင်တဲ့ ကျုပ်တို့ ကစစ်သားဖြစ်ခွင့်ရတယ် ။ ကိုယ့် လူမျိုး ၊ ကိုယ့်နိုင်ငံ ကို ကိုယ်ကာကွယ်ခွင့် ဆို တဲ့ ကျွန်တော် တို့ချဉ်ခြင်းလေးတွေ အာသာပြေစေတယ် ။ လုပ်ခနဲ့ လစာရတယ် ။ ဒါတွေဟာ ပြည်သူ တွေ ဆီ က ကျွန်တော်တို့ရတဲ့ဟာတွေပါ ။ 

ကျွန်တော်တို့ ဘာတွေပေးရသလဲ ။ နုပျို မှုတွေ ပေးရတယ် ၊ လွတ်လပ် မှုတွေပေးရတယ် ။ ထားရာနေ ရ တယ် ။ စေရာ သွား ရတယ် ။ ခိုင်းတာလုပ်ရတယ် ။ ဒီထက် ပိုရင်တော့ ဘဝတွေ ၊ အသက်တွေ ပေးရတယ် ။

ပုံ ထဲက ထမင်းကိုတွေ့မယ်ထင်ပါတယ် ။ အဲဒါ ကျွန်တော်တို့ ၃ နှစ်လုံး စားလာတဲ့ထမင်းပဲ ။ ရဲဘော်
သစ်တွေ မို့ အဲလိုကျွေးတယ်မထင်ပါနဲ့ ။ အရာရှိတွေ မွေးထုတ်ပေးတယ်ဆိုတဲ့ စစ်ကျောင်းကြီးတွေမှာကျွေး တဲ့ ထမင်း ။ 

ဒါတွေ စားရလို့ ဘယ်တုန်းက မှ မညည်းငြူဖူးသလို ၊ ဘယ်တုန်းကမှာလည်းပြန် ပြောမပြဖူးဘူး ။ 
ဟိုး ရှေးခေတ်က စစ်သားတွေ ဖုန်တလူးလူး ၊ သဲတရှပ်ရှပ် နဲ့တောင် ထမင်းခဲ ပြေးရင်း လွှားရင်းစား လာကြသေး တာ ။ ကျုပ်တို့ ကထိုင်ခုံနဲ့ ဇွန်းနဲ့ ထိုင်စားရတာ သူတို့ထက်အများကြီးသာတယ် ။ 

ခင်ဗျားတို့ စစ်ခွေးပဲ ခေါ်ခေါ် ၊ ဘာတွေ ပြောနေနေ ကိုယ့် ဝါသနာ ကိုယ့်ခံယူချက်ကို ဘယ်တုန်းကမှ နောင် တ မရဖူးသလို ၊ ဘယ်တော့ မှလည်းရမှာမဟုတ်ဘူး ။ 

ခုပြောနေတာ ကလည်း ခင်ဗျားတို့ အသနားခံချင်လို့ ၊ ခက်ဗျားတို့ အကောင်းပြောခံ ချင်လို့ တော့ မ ထင်လေ နဲ့ ။ သူများ နှုတ်ဖျားမှာ အသက်ရှင်ရမဲ့ ထဲမှာ စစ်သားမပါဘူး ။ လူဆိုတာ ဗိုလ်ချုပ်အောင် ဆန်း ပြော သလို "ကိုယ့်လိပ်ပြာရှေ့ မှာ ရင်ကော့ပြီး အစစ်ခံရဲဖို့ ပဲလိုတယ်" ။

ဒါပေမဲ့ နားကြားပြင်းကတ်အောင် ပြည်သူ့ဆန် ..ပြည်သူ့ဆန် ... တဆန်တည်း ဆန်နေလို့ ...ကျုပ် တို့ စား ခဲ့ တဲ့ ပြည် သူ့ဆန် ဆိုတာ ဘယ်လိုဟာလဲ ပြတာပဲရှိတာ ။ 

ခင်ဗျား တို့ အဲဒီပြည်သူ့ဆန်စား ပြီး ကျုပ်တို့ အလုပ်လုပ်နိုင်တယ်ဆိုရင် အိမ်ပြန်လယ်ထွန် နေလိုက်မယ် ။ အေး ရာအေးကြောင်းပဲ ။ 

(ရုပ်ဆိုး) —

( ၀ါသနာပါရာ အလုပ်ကို ရွေးချယ်လုပ်ခဲ့ကြတာ ဆိုပေမယ့် ကိုယ့်ရွေးချယ်မှုကို ဂုဏ်ယူတတ်သူ တစ်ဦးက ရေးတာကို ထပ်ဆင့်ဖော်ပြပေးခြင်းပါ။)

No comments:

Post a Comment