ရန်ကုန်မြို့တော် ၏ အမှိုက် သိမ်းဆည်းရေး လုပ်ငန်းများ ကို ပုဂ္ဂလိက
အဖွဲ့အစည်း များက လုပ် ကိုင် ဆောင်ရွက် တော့မည် ဖြစ်ကြောင်း ရန်ကုန်
မြို့တော် စည်ပင် သာယာရေး ကော်မတီ မှ သိရ သည်။"ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီ အနေနဲ့ ရန်ကုန်
တစ်မြို့လုံးမှာ ထွက်ရှိနေ တဲ့ နေ့စဉ် အမှိုက်တန်ချိန် ၁၅၀၀ ကျော်ကို ၀န်ထမ်း
လေးထောင်နီးပါး က အမှိုက်လှည်းများ ၊ အမှိုက်ကားများ နှင့် နေ့ည ဆောင်ရွက်
နေပါတယ် ၊ ဒါပေမယ့် လူအင်အား ၊ ယာဉ် ယန္တရား အင်အားတွေ လိုအပ်ချက် ရှိနေတာ
အမှန်ပါပဲ ၊ ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ အနေနဲ့ အနာဂတ်မှာ
အမှိုက် သိမ်းဆည်းတဲ့ လုပ်ငန်း တစ်ခုတည်း မဟုတ်တော့ဘဲ စွန့်ပစ် အမှိုက်မှ
လျှပ်စစ် ထုတ်လုပ်သည့် လုပ်ငန်း ၊ သဘာဝ ဓာတ်ငွေ့ ထုတ်သည့် လုပ်ငန်း ၊
လူသုံးကုန် ပစ္စည်း ထုတ်သည့် လုပ်ငန်းတွေ ကို လုပ်ဆောင် သွားမှာ
ဖြစ်တဲ့အတွက် အမှိုက် သိမ်းဆည်းရေး လုပ်ငန်း ကို နိုင်ငံတကာ မှာလိုပဲ ပုဂ္ဂလိက
ကဏ္ဍကို လုံးဝ လွှဲပြောင်း ပေးသွားဖို့ အစီအစဉ် ရှိပါတယ် .... " ဟု ရန်ကုန်
မြို့တော် စည်ပင် သာယာရေး ကော်မတီ ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့်
သန့်ရှင်းရေး ဌာန မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
လက်ရှိတွင် ရန်ကုန် မြို့တော်မှ နေ့စဉ် ထွက်ရှိနေသည့် အမှိုက်များကို
အမှိုက်သိမ်း ယာဉ် အစီးရေ ၃၀၀ ၊ ၀န်ထမ်း အင်အား လေးထောင် နီးပါး ဖြင့်
အမှိုက်ကန် စနစ် ၊ ခေါင်းလောင်းတီး စနစ် ၊ အမှိုက်သိမ်းလှည်း စနစ် တို့ဖြင့်
သိမ်းဆည်း လျက် ရှိကြောင်း သိရှိရသည်။
myawady
No comments:
Post a Comment