Monday, May 27, 2013

မြန်မာ ပြည်သူပြည်သားများ အတွက် ဂျပန် ဝန်ကြီးချုပ်၏ အမှာစကား

မြန်မာ ပြည်သူပြည်သားများ အတွက် ဂျပန် ဝန်ကြီးချုပ်၏ အမှာစကား
ဂျပန်နိုင်ငံတွင် မြန်မာကိုချစ်သောသူ အများ အပြား ရှိဂျပန်-မြန်မာ ကောင်းမွန်သောဆက်ဆံရေး ကို မြှင့် တင်လိုယခုခရီးစဉ်သည် နှစ်နိုင်ငံပူးပေါင်း 
 ဆောင်ရွက်မှု၏ အခွင့်အလမ်းများ ပိုမို ပေါ် ထွန်း လာမည် ဟု မျှော်လင့်
ဂျပန်နိုင်ငံဝန်ကြီးချုပ် အနေဖြင့်တရားဝင်အလည် အ ပတ်မရောက်ရှိခဲ့သည်မှာ၃၆ နှစ်ကြာပြီဖြစ်
သော မြန်မာနိုင်ငံသို့၂ဝ၁၃ခုနှစ် မေလ၂၄ရက်နေ့တွင်ကျွန်တော်လာရောက်လည်ပ တ်ပြီး နိုင် ငံတော် သမ္မတ ကြီး ဦးသိန်းစိန်ကို အမှူးပြု၍ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် သဘောထား အမြင်များ ဖလှယ်မည် ဖြစ်ပါသည်။ ကျွန်တော့် အနေဖြင့် ၂ဝ၁၂ ခုနှစ် ဇန်နဝါရီလတွင် လာရောက် လည်ပတ် ခဲ့ပါသော်လည်း မြန်မာ နိုင်ငံတွင် မကြာသေးမီကနှင့် ယခု လတ်တလော ဖြစ်ပေါ်လျက်ရှိသည့် အပြောင်းအလဲ များစွာကို ယခု တစ်ခေါက် လာရောက် လည်ပတ်ရာတွင် ကိုယ်တိုင်ေ တွ့ကြုံ ခံစားနိုင်မည်ဟု ပျော်ရွှင်စွာ မျှော်လင့်စောင့်စား မိပါသည်။
ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံသည် ယခု အချိန်အထိ နှစ်ဖက် အပြန်အလှန် ယုံကြည်မှုကို အခြေ ခံပြီး ရေရှည် ကောင်းမွန်သော နှစ်နိုင်ငံအကြား ဆက်ဆံရေးကို တည်ဆောက် ခဲ့ပါသည်။ အဘိုးဖြစ်သူ ဝန်ကြီးချုပ် H.E. Mr. Nobusuke KISHI၊ ဖခင်ဖြစ်သူ နိုင်ငံခြားရေး ဝန်ကြီး H.E. Mr. Shintaro ABE နှင့် ကျွန်တော်တို့ မျိုးဆက် သုံးဆက်တိုင်တိုင် လာရောက် လည် ပတ် နိုင်ြ ခင်းတို့ကြောင့် ကျွန်တော်နှင့် မြန်မာနိုင်ငံ ရေစက် ဆုံသည်ဟု ကိုယ်တိုင်လည်း ခံစားမိပါသည်။ ယခုတစ်ခေါက် အလည်အပတ် လာရောက်ခြင်းသည် ရှေးယခင် လူကြီးများက ဆောင်ရွက် လာခဲ့သည့် သမိုင်းဝင် ဂျပန်-မြန်မာ ဆက်ဆံရေးကို ပိုမို တိုးမြှင့်နိုင်ရန် တွန်းအားပေး ပြီး အောက်ဖော်ပြပါ ကဏ္ဍ လေးရပ်ကို အလေးထားပြီး ပူးပေါင်း ဆောင်ရွက် သွား ရန် လေးလေး နက်နက် မျှော်လင့်လျက် ရှိပါသည်။
(၁) နှစ်နိုင်ငံ ဆက်ဆံရေးကို ပိုမိုတိုးမြှင့် နိုင်ရန်အတွက် ဂျပန်နိုင်ငံက အထူး အလေး ထား ဆောင်ရွက်ခဲ့ သည်မှာ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး ကြိုးပမ်း အားထုတ်မှုများကို ပံ့ပိုး ကူညီခြင်း ဖြစ်ပါသည်။ ဒီမို ကရေစီ အသွင်ကူးပြောင်းရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် စီးပွားရေး ပြုပြင် ပြောင်းလဲရေးတို့ကို ပိုမို ခိုင်မာအောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ပြီး အကျိုးရလဒ်ကို မြန်မာပြည်သူ ပြည်သားများ အမှန်တကယ် ပို၍ ခံစားနိုင်ရန်  အရေးကြီးသည်ဟု ထင်မြင်ယူဆ မိပါသည်။  အခက်အခဲ များစွာကို ကျော်လွှား လာခဲ့သည့်  မြန်မာနိုင်ငံ ဖွံ့ဖြိုး တိုးတက်ရန်အတွက် ဂျပန်နိုင်ငံက တတ်စွမ်းသမျှ ကူညီသွားပါ မည်။ ရှိထားသည့် အင်အားများကို အစွမ်းကုန်ထုတ်၍ ထောက်ပံ့သွားမည့် မူဝါဒ ဖြစ်ပါသည်။
(၂) လျင်မြန်စွာ အသက်ဝင်လာသည့် နှစ်နိုင်ငံ စီးပွားရေး ဆက်ဆံရေးကို ပိုမိုခိုင် မာအောင် ပုလုပ်ပြီး နှစ်နိုင်ငံ အပြန်အလှန် အကျိုး ဖြစ်ထွန်းစေရန် ဦးတည် ဆောင်ရွက်သွားပါမည်။ ဂျပန်နိုင်ငံ က နိုင်ငံတကာ အသိုက်အဝန်းကို ဦးဆောင်၍  မြန်မာနိုင်ငံ အတွက် ကြွေးမြီ ကိစ္စ ဖြေရှင်းမှုကို ထုတ်ဖော် ပြောကြားခဲ့ပြီး ယန်းချေးငွေ အသစ် ခန့်မှန်းခြေ ယန်း သန်း ငါးသောင်း အပါအဝင် မြန်မာနို င်ငံသို့ အထောက်အပံ့ အပြည့်အဝ ပြန်လည် စတင်ခြင်းကို ထုတ်ဖော်ပြောကြားခဲ့ပါသည်။ထပ်မံ၍ယခုအကြိမ် ပြုလုပ်မည့်ဂျပန်-မြန်မာထိပ်သီး ဆွေးနွေးပွဲတွင် လည်း နောက်ထပ် ပေးအပ် မည့် အထောက်အပံ့များကို ထုတ်ဖော် ပြောကြားမည် ဖြစ်ပါသည်။ ထို့ပြင် ယခု ခရီးစဉ်တွင် ဂျပန်နိုင်ငံကို ကိုယ်စားပြုမည့် စီးပွားရေး လောက ခေါင်းဆောင်များနှင့် အတူတကွ မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ခြင်းသည် ဂျပန် ကုမ္ပဏီများ မြန်မာ နိုင်ငံကို အထူး စိတ်ဝင်စားလျက် ရှိကြောင်း ပြသနေပါသည်။ ဂျပန်-မြန်မာ နှစ်နိုင်ငံစလုံး အနေဖြင့် နှစ် ဦး နှစ်ဖက် အကျိုးရှိစေမည့် ရလဒ် (Win-win) ပေါ်ထွက် လာစေရန် ဂျပန် အစိုးရက နှစ်နိုင်ငံ စီးပွားရေး ဆက်ဆံရေးကို ပိုမို ခိုင်မာစေရန် အတွက် တွန်းအား ပေးသွားပါမည်။
(၃) ဂျပန်-မြန်မာ ဆက်ဆံရေး အခြေခံအသစ် တည်ဆောက်ရန် အတွက် ၎င်းကို အထောက် အကူ ပြုနိုင် မည့် နှစ်နိုင်ငံ နိုင်ငံသားများ ကူးလူး ဆက်ဆံရေးနှင့် ယဉ်ကျေးမှု ဖလှယ်ခြင်းများကို ပိုမို တိုးတက်အောင် လုပ်ဆောင်သွားရန် လိုအပ်ပါသည်။ ကျွန်တော်နှင့် ကျွန်တော့်ဇနီး ကိုယ်တိုင် ကလည်း မြန်မာနိုင်ငံ အပါ အဝင် အာရှနိုင်ငံများ အတွက် မူလ တန်းကျောင်း ဆောက်လုပ် လှူဒါ န်းခြင်းကို ဆောင်ရွက်လျက် ရှိပါ သည်။ ဂျပန် အစိုးရ အနေဖြင့် မြန်မာနိုင်ငံတွင် လူသား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်အောင် ပိုမို လုပ်ဆောင် သွားပါမည်။
(၄) မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံ ပတ်ဝန်းကျင်တွင် ရှိသော ဒေသများ လုံခြုံရေးနှင့် ပတ်သက်၍ ယခုအကြိမ် အလည်အပတ် ခရီးစဉ်တွင် ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံ တို့၏ တူညီသော ထင်မြင် ယူဆ ချက်ကို နားလည် သဘောပေါက်ပြီး ဆွေးနွေးပွဲများနှင့် ပူးပေါင်း ဆောင်ရွက်မှု ကို မြှင့် တင်ဆောင်ရွက် သွားရန် ရှိပါသည်။
ဂျပန်နိုင်ငံတွင် မြန်မာကို ချစ်သောသူ အများအပြား ရှိပါသည်။ ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံ၏ ဆက်ဆံရေး သည် အလွန် ကောင်းမွန်ပါသည်။ သို့သော် လက်ရှိ အခြေအနေကို ရောင့်ရဲတင်းတိမ် မနေ ဘဲ ပိုမို ကောင်းမွန်သော ဆက်ဆံရေးကို မြှင့်တင် သွားချင်ပါသည်။ ယခုအကြိမ် ကျွန်တော်၏ အလည်အပတ် ခရီးစဉ်သည် ဂျပန်-မြန်မာ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုကို ပိုမို မြှင့်တင်နိုင်ပြီး သမိုင်း စာမျက်နှာအသစ် ဖွင့်လှစ်နိုင်ရန် အခွင့်အလမ်းများ ပေါ်ထွန်း လာလိမ့်မည် ဟု မျှော် လင့်လျက် ရှိပါသည်။

No comments:

Post a Comment