Thursday, May 30, 2013

လားရှိုးမြို့တွင် ဆူပူအကြမ်းဖက်မှုများ ထပ်မံဖြစ်ပွား

From : ..dvb
လားရှိုးအာဏာပိုင်တွေက ပုဒ်မ ၁၄၄အရေးပေါ်အခြေအနေတွေ 
  ကြေညာထားပေမယ့်လည်း ဒီနေ့ မွန်းလွဲပိုင်းကစပြီး အစ္စလမ်ဘာသာ ဝင် လူအုပ်စုတစုက စတင်ကာ ရုပ်ရှင်ရုံနဲ့ စားသောက်ဆိုင်တွေ မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။
ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ မနေ့က ဗုဒ္ဓဘာသာ ရှမ်း အမျိုး သ မီးတဦး ကို မွတ်ဆလင်တစ် ဦးမှ ဓာတ်ဆီနဲ့လောင်းပြီး မီးရှို့ခံ ရပြီး တဲ့ နောက်ပိုင်း အဆောက်အဦ မီးရှို့ဖျက်ဆီးမှုတွေ ဖြစ်ပွားတဲ့အတွက်  သက်ဆိုင်ရာ အာဏာပိုင်တွေက ညတွင်းချင်း အရေးပေါ် အခြေအနေ ကြေညာခဲ့ပြီးနောက် ဒီနေ့ ထပ်မံ ဖြစ်ပွားတာပါ။
  မျက်မြင်ဒေသခံတဦးက “လူအုပ်ကြီး ဆိုင် ကယ်တွေ၊ သုံးဘီးတွေနဲ့ ရွေ့လျားသွားနေတော့ ဟိုဘက်လုံခြုံရေးချ ဒီဘက်သွား၊ ဒီဘက်ချ ဟို သွားနဲ့ ဟိုရွေ့ဒီရွေ့ဖြစ်နေတယ်။ ရုပ်ရှင်ရုံကို ခဲနဲ့ ထုတယ်၊ ကျက်တန်းတခုက စားသောက် ဆိုင်တွေ ကို ဖျက်တယ်၊ သာရေးနာရေး ကားတွေ ကို မီးရှို့ လိုက်တယ်” လို့ ပြောပါတယ်။
မီးရှို့ဖျက်ဆီးမှုတွေကို သတင်းရယူနေတဲ့ အိုင်စီဂျေ သတင်းထောက် ၂ ဦး လည်း ၇ ရပ်ကွက်ထဲမှာ လူ အုပ်စုတစုရဲ့ ရိုက်နှက်တာ ခံခဲ့ရပါတယ်။
အိုင်စီဂျေသတင်းသမားက “ကျနော်ကိုယ်တိုင် အရိုက်ခံရတယ်။ ခေါင်းကွဲသွားတယ်။ ရပ်ကွက် ၇ ထဲမှာပါ။ ကျနော်နဲ့အတူပါလာတဲ့သူက ကျောကုန်းမှာ အရိုက်ခံရတယ်။ ကျနော်တို့ ကင်မရာ ကို ဘေးမှာလွယ်ပြီး အခြေအနေကို ကြည့်နေတဲ့အချိန်မှာ ဆိုင်ကယ်အုပ်လိုက်ကြီးက လာ တယ်။ ပြီးတော့ ပြေးဆင်းလာပြီး ကျနော့်ကင်မရာကို ဆွဲယူတယ်။ ကျနော့်ဘေးက သူငယ်ချင်းရဲ့ ကင်မရာကို ဆွဲယူတယ်။ မင်းတို့က မှတ်တမ်းရိုက်တာလားဆိုပြီး ဆွဲယူတော့ မဟုတ်ပါဘူး ဆြို ပီးပြော တယ်။ အဲမှ ကင်မရာပေးဆိုပြီး ယူတယ်။ ကျနော်တို့က ကင်မရာတော့ မယူနဲ့၊ Memory Card မန်မိုရီကတ်ပဲ ယူသွားပါဆိုပြီး ကတ်တွေ ထုတ်ပေးလိုက်တယ်။”
ရှမ်းပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ  လားရှိုးမြို့ခံ ဦးစိုင်းမြင့်မောင်ကလည်း ဒီနေ့ မွန်းလွဲပိုင်းက စပြီး ဆူပူမှုတွေ ထပ်ဖြစ်ကြောင်း၊ ၂ ရပ်ကွက်ထဲက သီတာအေး ရုပ်ရှင်ရုံအတွင်း ပိုင်း မီးလောင်ပြီး အစ္စလာမ်ဘာသာဝင်အများစုနေထိုင်ရာ ၇ ရပ်ကွက်ထဲမှာ ဈေးဆိုင် ဖျက်ဆီး မှုတွေရှိတယ်လို့ ပြောပါတယ်။
 
မေ ၂၈ ရက်နေ့ ညနေပိုင်းက ၈ ရပ်ကွက်ထဲမှာ အစ္စလမ်ဘာသာဝင်  ဦးနေ၀င်းဆိုသူက ဓာတ် ဆီရောင်းသူဗုဒ္ဓဘာသာဝင်ရှမ်းအမျိးသမီး
 ဒေါ်အေးအေးဝင်းကို ဓာတ်ဆီနဲ့ ပက်ပြီး မီးရှို့ခဲ့ ရာက လူအုပ်စုကြား မကျေနပ်မှုတွေ ဖြစ်ပွားပြီး  ၂၊ ၃၊ ၇ နဲ့ ၉ ရပ်ကွက်တွေက  ဗလီတခု၊ မိဘ မဲ့ကျောင်းတကျောင်း၊ ဗလီဆရာသင် တန်းကျောင်း တကျောင်း  မီးရှို့ခံရပြီး ဈေး ဆိုင်ပေါင်း အနည်းဆုံး ၁၀ ဆိုင်နဲ့ နေအိမ် ၃ လုံး ဖျက်ဆီးခံခဲ့ရပါတယ်။
မီးရှို့ခံရသူ ဒေါ်အေးအေးဝင်းကို မြို့ခံတွေက လားရှိုးဆေးရုံမှာ ပို့ဆောင်ကုသထားပြီး ဦးနေ၀င်းကိုတော့ အမှတ် ၁ မြို့မရဲစခန်းက  အရေးယူထားပြီး လုံခြုံရေးတွေလည်း တိုးမြှင့်ချထားပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ် ဥက္ကဋ္ဌ ဦးညွန့်မောင်ရှိန် ကတော့ ပဋိပက္ခဖြစ်ပျက်မှုတွေက ဘူးသီးတောင်၊ မောင်တောတွေလိုပဲ တပုံစံတည်း လို ဖြစ်နေ တာ မကောင်းကြောင်းနဲ့ လူ ၂ ဦးချင်း ဖြစ်တဲ့ပြဿနာကို တရားဥပဒေနဲ့သာ ဖြေရှင်းသင့်ပြီး အများပြည်သူပိုင်ပစ္စည်းတွေ မဖျက်ဆီးသင့်ဘူးလို့ ပြောပါတယ်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူတွေကလည်း ဗုဒ္ဓဘာသာသံဃာတော်တွေ၊ အစ္စလမ်ဘာသာရေးခေါင်းဆောင်တွေနဲ့ ဒီနေ့ မွန်းလွဲပိုင်းက လားရှိုးမြို့တော်ခန်းမမှာ တွေ့ဆုံဆွေးနွေးပြီး ပဋိပက္ခဖြစ်ပွားမှုဟာ ဘာသာရေးနဲ့ မသက်ဆိုင်တဲ့အကြောင်းတွေ ရှင်းလင်းပြောကြားခဲ့ပါတယ်။ 
.. www.MyanmarExpress.net

No comments:

Post a Comment