Wednesday, May 22, 2013

ရန်ကုန်တိုင်း ကြည့်မြင့်တိုင် မြို့နယ် အမှိုက်ပုံး အတွင်းမှ လက်နက်၊ ခဲယမ်းများ တွေ့ရှိ

From : ..မြဝတီ
နေပြည်တော် မေ ၂၁
၂၀၁၃ခုနှစ်၊ မေလ ၂၀ရက် ညနေ (၄)နာရီ(၁၀)မိနစ် အချိန်ခန့်တွင်ရန်ကုန်တိုင်းကြည့်မြင်တိုင်မြို့နယ်
 ဈေးကြီးအရှေ့ရပ်ကွက်ဗိုလ်သူရလမ်းနှင့်ပိတောက် ပင်လမ်းတွင်သန့်ရှင်းရေး ဆောင်ရွက်နေသော မြို့ နယ် စည်ပင် သာယာ ရေး ကော်မတီမှ မသင်းမြတ် စိုး (၃၂)နှစ် (ဘ) ဦးစိန်မြင့်ဦးသည် အမှိုက်ပုံးအတွင်း မှ ကြွပ်ကြွပ်အိတ်ဖြင့် ထုတ်ထားသော အမ်-၁၆ ကျည်ဆံ (၅၆)တောင့် (အသုံးပြုရ)၊ ၎င်းကျည်ကဒ် (၁)ကဒ် (အသုံးပြုရ)၊ ကာဘိုင်ကျည်ဆံ (၁၁)တောင့် (အသုံးပြုရ)၊ ၉မမ ကျည်ဆံ (၂၂)တောင့် (အ သုံးပြုရ)၊ ပွိုင့် -၃၈ကျည် (၁၃)တောင့်တို့နှင့် ကိုယ်ထည် အမှတ် C- 117374 စပိန်နိုင်ငံ ထုတ် အဖုံး တွင် Star Trade Mark စာတမ်းပါ စတီး ပစ္စတို (၁)လက် (အသုံးပြုရ)နှင့် ပစ္စတို ထည့်အိတ် အနက်ရောင် (၁)လုံးတို့အား တွေ့ရှိခဲ့ရသဖြင့် သက်ဆိုင်ရာသို့ အကြောင်း ကြားခဲ့ရာ မြို့နယ် ရဲတပ်ဖွဲ့မှ တာဝန် ရှိသူများမှ သွားရောက် သိမ်းဆည်းခဲ့ကြောင်း သတင်းရရှိပါသည်။

No comments:

Post a Comment