မြန်မာနိုင်ငံတွင် လက်နက်ကိုင် အင်အားစုများ အနက်ဒုတိယအင်အားအကြီးဆုံးဖြစ်သော'၀'
 ပြည် သွေး စည်းညီညွတ်ရေး
 တပ်မတော် အေ နဖြင့် ၎င်းတို့၏ အင်အားကို အသုံးပြုပြီး အစိုးရ ကိုတိုက်ရန်အစီအစဉ်မရှိကြောင်း'၀' ပြည်
 သွေးစည်းညီညွတ်ရေး ပါတီ၏ ပြင်ပ ဆက် ဆံရေး 
ဒုတိယတာဝန်ခံ ဦးဆမ်ခွန်းက မေ ၃၀ ရက်က ပြောကြားလိုက်သည်။
  ''အစိုးရကို ကျွန်တော်တို့ '၀'က 
တိုက်စရာ အကြောင်းမရှိဘူး။ တိုက်ပါဆိုလည်း မတိုက်ဘူး။ 
အစိုးရ တပ်မတော်ပဲဖြစ်ဖြစ် တခြားသော အဖွဲ့အစည်းပဲဖြစ်ဖြစ် လက်နက်ကိုင်ပြီး 
စစ်ရေးအရ ကျွန်တော် တို့ ဒေသကို ၀င်ရောက်ကျူးကျော်တယ် ဆိုလို့ရှိရင် 
မိမိကိုယ်ကို ပြန်ကာကွယ်ရမှာပဲ။ မိမိကိုယ်ကို ကာကွယ်ရင်းနဲ့ ရန်သူကို 
ပြတ်ပြတ်သားသား ချေမှုန်းပစ်မှာပဲ'' ဟု ဦးဆမ်ခွန်းက သတင်းထောက် များ ကို 
ပြောကြားသည်။
  ထို့အပြင် ပြည်တွင်းလက်နက်ကိုင် အင်အားစုများထဲတွင် 
တပ်မတော်ပြီးလျှင် '၀'က ဒုတိယ အင် အား အကြီးဆုံး ဖြစ်ကြောင်း ဦးဆမ်ခွန်းက 
ဆိုသည်။
 
 ''ကျွန်တော်တို့ '၀'က လက်နက် ကိုင်တယ်နော်။ တပ်မတော် တစ်ရပ်ရှိတယ်။ 
ဗမာပြည်မှာဆိုရင် အစိုးရ တပ်ကပဲ ကျွန်တော်တို့ထက် ကြီးတယ်။ ဒုတိယ 
လက်နက်ကိုင်တပ်ဖွဲ့ ကျွန်တော်တို့ '၀'တပ် မတော် ပဲ ရှိတယ်။ ပြည်တွင်းက 
လက်နက်ကိုင် အဖွဲ့အစည်းတွေထဲမှာ ဗမာ့တပ်မတော်က တစ်၊ '၀'က နှစ်ပဲ။ 
ကျွန်တော်တို့က လက်နက်ကိုင်ပြီး အစိုးရကို တော်လှန်ဖို့ မဟုတ်ဘူး။ 
တခြား အဖွဲ့အ စည်းတွေကို ဗိုလ်ကျဖို့၊ စိုးမိုးဖို့လည်း မဟုတ်ဘူး။ မိမိဒေသ 
ကာကွယ်ဖို့အတွက်ပဲ'' ဟု ဦးဆမ်ခွန်း က ပြောကြားသည်။
  '၀ ပြည်နယ်တောင်းဆိုသည့်ကိစ္စရပ်မှာ တောင်းဆိုသင့်သောကိစ္စဖြစ်ပြီးခွဲထွက်ရေးအတွက် 
တောင်း ဆိုခြင်း မဟုတ်ဘဲ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်အဖြစ် အသိ အမှတ် 
ပြုရန် သာ တောင်း ဆိုခြင်း ဖြစ်သည်ဟု ဦးဆမ်ခွန်းက ဆိုသည်။
  
''ကျွန်တော်တို့'၀'ပြည်နယ် တောင်းတယ်ဆိုတာ ရှမ်းပြည်နယ် 
ခွဲထွက်ဖို့မဟုတ် ဘူး။ နိုင်ငံတော် အစိုးရနဲ့ ခွဲထွက်ရေးလုပ်ဖို့ မဟုတ်ဘူး။ 
သီးသန့်သမ္မတနိုင်ငံ လွတ်လပ်တဲ့နိုင်ငံ ထူထောင်ဖို့မဟုတ် ဘူး'' ဟု 
ဦးဆမ်ခွန်းက ဆိုသည်။
  ''ဒီနေ့ကျွန်တော်တို့'၀'က အစိုးရယန္တရား 
အားလုံးရှိပြီးသား၊ နိုင်ငံတစ်ခုကဲ့သို့သော ယူနစ်ရှိပြီးသား၊ 
ကျွန်တော်တို့ကို '၀'ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ် အသိအမှတ်ပြုဖို့ပဲ 
တောင်းဆိုတာ၊ ကျွန်တော် တို့ ဆီမှာ ပညာရေး၊ အုပ်ချုပ်ရေး အကုန်ရှိပြီးသားပဲ''
 ဟု ဦးဆမ်ခွန်းက ဆက်လက်ပြောကြား သည်။
  ထို့အပြင် '၀' ဒေသတွင် 
တိုင်းရင်းသားလူမျိုး ၁၈ မျိုး နေထိုင်လျက်ရှိပြီး ဗဟိုကော်မတီဝင် ၂၁ ဦး၌ 
ဝ၊ ဂျင်းဖော၊ တရုတ်၊ လားဟူနှင့် ရှမ်းတို့ပါဝင်ကြောင်း သိရသည်။
  
''လက်နက်တစ်ခုတည်း ကိုင်တာ မဟုတ်ဘူး။ ပါတီက ဦးဆောင်တာ။ '၀'ပြည်သွေးစည်း 
ညီ ညွတ်ရေး ပါတီ၊ သွေးစည်းညီညွတ်ရေး တပ်မတော်၊ '၀'ပြည်နယ် ပြည်သူ့အစိုးရဆိုတာ
 ကျွန်တော် တို့ ရှိခဲ့ ပါတယ်။ '၀'ပြည်မှာ တိုင်းရင်းသား ၁၈ မျိုးရှိပါတယ်။ 
အားလုံးကို တန်းတူရည်တူ ဆက်ဆံ တယ်။ '၀'ဗဟိုကော်မတီ က ဖွဲ့စည်းထားတဲ့ 
ဗဟိုကော်မတီဝင်က ၂၁ ဦးရှိတယ်။ ၀၊ ဂျင်းဖော၊ တရုတ်၊ လားဟူ၊ ရှမ်း 
ဗဟိုကော်မတီ ထဲမှာ ပါပါတယ်''ဟု ဦးဆမ်ခွန်းက ပြောကြားသည်။
  
မကြာသေးမီ အချိန်က ဘန်ကောက်တွင် မူးယစ်ဆေးဝါး အမြောက်အမြား 
ဖမ်းဆီးရမိခဲ့ပြီး ထိုမူး ယစ်ဆေးဝါးများမှာ '၀' ဒေသမှ 
ထုတ်လုပ်ခဲ့ခြင်းဖြစ်သည် ဆိုသော အချက်ကိုလည်း ဦးဆမ်ခွန်း က 
ငြင်းဆိုလိုက်သည်။
  ''ကျွန်တော်တို့ ထုတ်တယ်ဆိုရင် စက်ရုံတွေ့သလား။
 ထုတ်လုပ်တဲ့သူတွေ မိသလား။ ဒါကလည်း ကျွန်တော် မသိဘူး။ '၀'က မူးယစ်နဲ့ 
ပတ်သက်လာရင် လက်နက်ကိုင် အဖွဲ့အစည်းသာမက တခြား တခြားသော ကုန်သည်တွေ ကမ္ဘာမှာ 
အနှံ့အပြားထုတ်ပြီး စီးပွားဖြစ်ကြတာပဲ။ '၀'က မရဘူး။ သူ့ဒေ သ ယူလာရင်တော့ 
ပြင်းပြင်းထန်ထန် ခေါင်းဖြတ်ပစ်တာပဲ။ ကျွန်တော်တို့လည်း ဒီနာမည် 
မကြား ချင်တော့ဘူး။ ဒီဦးထုပ်ကြီးကို မဆောင်းချင်တော့ဘူး'' ဟု ဦးဆမ်ခွန်းက 
ဆိုသည်။
  '၀' အနေဖြင့် ငြိမ်းချမ်းရေးကို လိုလားပြီး စစ်ကို 
မလိုလားကြောင်း၊ အစိုးရနှင့် ငြိမ်းချမ်းရေး ရရှိခဲ့ သည့် ၂၄ နှစ်တာ 
ကာလအတွင်း သုံးနှစ်ခန့်သာ တင်းမာခဲ့ကြောင်း၊ နိုင်ငံတစ်ခု တပ်မတော်တစ်ခုမူ 
ရှိနေသော်လည်း လတ်တလော အခြေအနေအရ လက်နက်ဖြုတ်သိမ်းမည် မဟုတ်ဟု ဦးဆမ်ခွန်း က
 ပြော ကြားသည်။
  ''နိုင်ငံတစ်နိုင်ငံမှာ အစိုးရတစ်ခု ရှိရမယ်။ 
တပ်မတော်တစ်ခု ရှိရမယ် အခုလောလောဆယ်ထိတော့ ကျွန်တော်တို့က လက်နက်စွန့်လို့ 
မဖြစ်သေးဘူး။ ကျွန်တော်တို့ တောင်းဆိုတဲ့ အချက်အလက်တွေ ကျွန်တော်တို့ 
ပစ်မှတ်တွေက ရောက်မှ မရောက်သေးဘဲ။ စောင့်ကြည့်သေးတာပေါ့။ ကျွန်တော် တို့က 
ဒီနေ့အထိ ဆက်လက်ပြီးတော့ လက်နက်ကိုင်ဦးမှာပဲ'' ဟု ဦးဆမ်ခွန်းက 
ပြောကြားသည်။
 EMG
No comments:
Post a Comment