Saturday, May 25, 2013

အမေရိကန် ခရီးစဉ်အတွင်း ပိတ်ဆို့မှုအားလုံး ရုပ်သိမ်းအောင် ပြောနိုင်ခဲ့သည်ဟု သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ် ပြောကြား

သမ္မတ ဦးသိန်းစိန်၏ သုံးရက်ကြာ အမေရိကန် ခရီးစဉ်အတွင်း 
အမေရိကန် ကွန်ဂရက်လွှတ်တော်အမတ်များနှင့် တွေ့ဆုံရာ တွင် မြန်မာနိုင်ငံအပေါ်ပိတ်ဆို့မှုအားလုံးရုပ်သိမ်းသည်အထိ 
 ရောက် သွားရန် ပြောနိုင်ခဲ့သည်ဟု သမ္မတ ပြောရေး ဆိုခွင့် ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။ သမ္မတ ဦးသိန်းစိန်သည် မေ ၂၂ ရက်ညပိုင်းက မြန်မာနိုင်ငံသို့ 
 ပြန် လည်ရောက်ရှိလာ စဉ် ခရီးစဉ် သို့ ၎င်းနှင့်အတူ လိုက်ပါသွားခဲ့သော ဦးရဲထွဋ်က ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ခရီးစဉ်နှင့် ပတ်သက်၍ သတင်းထောက်များ၏ မေးမြန်းမှု ကို ဖြေ
ကြား ရာတွင် ယင်းကဲ့သို့ ထည့်သွင်း ပြောကြား ခဲ့ခြင်း ဖြစ် သည်။
''မြန်မာနိုင်ငံမှာ ကျန်ရှိနေတဲ့ ပိတ်ဆို့မှုတွေကို တရားဝင် ရုပ်သိမ်းနိုင်ဖို့ ကွန်ဂရက် လွှတ်တော် က ခေါင်းဆောင်တွေနဲ့ တွေ့ဆုံရာမှာ မြန်မာနိုင်ငံက ပြောင်းလဲမှု အခြေအနေတွေကို သူတို့ပိုပြီး နားလည်အောင်၊ နောက် သူတို့နားလည်တဲ့အတွက် ပိတ်ဆို့မှုတွေ ဥပဒေအရ ရှိနေတာတွေကို ရုပ်သိမ်းတဲ့အထိ ရောက်သွားနိုင်အောင် ပြောနိုင်ခဲ့တယ်'' ဟု ဦးရဲထွဋ်က ပြောကြားသည်။

သမ္မတ၏ အိမ်ဖြူတော် ခရီးစဉ်အပေါ် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်မှု များနှင့် ပြုပြင်ပြောင်း လဲရေး ဖော်ဆောင်မှုများတွင် နှေးကွေးမှု အချို့ရှိနေသောကြောင့် ယခုကဲ့သို့ ဖိတ်ခေါ်ခြင်းသည် အချိန်အနည်းငယ် စောလွန်းရာ ရောက်သည်ဟု အမေရိကန် လွှတ်တော်အမတ် အချို့က ဝေဖန်မှုများ ရှိခဲ့ပြီး ယင်းအပေါ်တွင်လည်း သမ္မတက နားလည်အောင် ရှင်းပြနိုင်ခဲ့သည်ဟု ဦးရဲထွဋ်က ဆိုသည်။

အမေရိကန် ကုန်သည်ကြီးများ အသင်းနှင့် တွေ့ဆုံရာတွင်လည်း မြန်မာနိုင်ငံတွင် လာရောက်လုပ်ကို င် ပါက အမေ ရိကန် ကုမ္ပဏီများ အနေဖြင့် ရရှိနိုင်သော အခွင့်အလမ်းများကို ပြောပြခဲ့ပြီး ၎င်းတို့ဘက်မှ စိတ် ၀င်စား သည့် ကဏ္ဍများမှ သိချင်သော အချက်များကိုလည်း ရှင်းပြနိုင်ခဲ့သည်ဟု ၎င်းက ပြောကြားသည်။

ထို့ပြင် သမ္မတဦးသိန်းစိန်က ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရာတွင် သယံဇာတ တစ်ခုတည်း သာမက မြန်မာနိုင်ငံကို နည်းပညာ၊ အတတ်ပညာများ ပြောင်းလဲပေးနိုင်မည့် ကိစ္စများ၊ ပညာရေး၊ ကျန်းမာရေး ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် ကိစ္စများ၊ အသေးစားနှင့် အလတ်စား စက်မှုကဏ္ဍများ ဖွံ့ဖြိုးလာစေမည့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုပြုလုပ်ရန် ပြောကြားခဲ့သည်။

No comments:

Post a Comment