Monday, August 12, 2013

လာဟိုးမြို့ရှိ ကောင်စစ်ဝန်ရုံးဝန်ထမ်းများအား အမေရိကန် ပြန်လည်ခေါ်ယူ

မဖြစ်မနေ ကျန်နေခဲ့ရန် လိုအပ်သော အမေရိကန် နိုင်ငံသားများမှလွဲ၍ လာဟိုးရောက် သံအရာရှိများကို ပြန်လည် ခေါ်ထုတ်လိုက်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ထိပ်တန်း တာဝန်ရှိသူ တစ်ဦးက အတည်ပြုခဲ့
လာဟိုးမြို့ရှိ ကောင်စစ်ဝန်ရုံးဝန်ထမ်းများအား အမေရိကန် ပြန်လည်ခေါ်ယူ
အမေရိကန် အစိုးရသည် ပါကစ္စတန် နိုင်ငံ၊ လာဟိုးမြို့ ရှိ ကောင် စစ်ဝန်ရုံးမှ ဝန်ထမ်းများကို လုံခြုံရေးဆိုင်ရာ စိုးရိမ်ရသည့် အခြေ အနေများကြောင့် ပြန်လည် ခေါ်ဆောင်လိုက်ကြောင်း သိရှိရသည်။ မဖြစ်မနေ ကျန်နေခဲ့ရန် လိုအပ်သော အမေရိကန် နိုင်ငံသား များ မှလွဲ၍ လာဟိုးရောက် သံအရာရှိများကို ပြန်လည် ခေါ် ထုတ် လိုက်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ထိပ်တန်း တာဝန်ရှိသူ တစ်ဦးက အတည်ပြုခဲ့သည်။ ယင်းလုပ်ဆောင်မှု မှာ ကောင်စစ်ဝင်ရုံးကို အကြမ်းဖက်သမားများက ဦးတည် တိုက်ခိုက်လာမည်ဟု ယုံကြည် စိတ်ချရလောက်သော ထောက် လှမ်းရေး သတင်းများကြောင့်ဟု ၎င်းက ပြောကြားခဲ့သည်။
လာဟိုးတွင် ကျန်ခဲ့သည့် အမေရိကန် သံဝန်ထမ်း အချို့ကိုလည်း မဖြစ်မနေ အခြေအနေမှလွဲ၍

အပြင်ထွက် သွားလာခြင်း မပြုရန် ညွှန်ကြားထားသည်။ ကြာသပတေးနေ့က အမေရိကန် အစိုးရသည် မိမိတို့ နိုင်ငံသား အားလုံးအနေဖြင့် ပါကစ္စတန်သို့ အတတ်နိုင်ဆုံး သွားရောက်ခြင်း မပြုသင့်ကြောင်း အကြံပြု သတိပေးလိုက်သည်။ "လာဟိုးမှာ ရှိနေတဲ့ အမေရိကန် ကောင်စစ်ဝန် ရုံးကို တိုက်ခိုက်လာနိုင်တဲ့ ခြိမ်းခြောက်မှုမျိုး ယုံကြည်ရလောက်တဲ့ အထောက်အထားနဲ့ ကျွန်တော် တို့ ရရှိထားပါတယ်။ ဒါကို အလေးအနက် စဉ်းစားဖို့ လိုအပ်ပါတယ်"ဟု အမည်ဖော်မပြသည့် အဆိုပါ အရာရှိက ပြောကြားခဲ့သည်။
အမေရိကန် အစိုးရသည် လာဟိုးတွင် ရှိနေသည့် အမေရိကန် နိုင်ငံသားများ အနေဖြင့် ပတ်ဝန်းကျင် ကို နိုးနိုးကြားကြား စောင့်ကြည့် အကဲခတ်ရန်လည်း နှိုးဆော်ထားသည်။ အမေရိကန်သည် ယခုသီ တင်းပတ်အတွင်း အရှေ့အလယ်ပိုင်းနှင့် အာဖရိကတိုက်ရှိ သံရုံး(၁၉)ခုကိုလည်း လုံခြုံရေး အခြေ အနေများကြောင့် ပိတ်ထားခဲ့ပြီး ဖြစ်သည်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက လာဟိုးမှ စစ်သံရုံး ဝန်ထမ်းများကို ရွှေ့ဆိုင်းခဲ့ခြင်းသည် ယခင် သံရုံးပိတ်ထားမှုများနှင့် ဆက်စပ်မှု မရှိဘဲ ကြိုတင် ကာကွယ်မှု တစ်ခုသာဖြစ်ကြောင်းလည်း ပြောကြားထားသည်။

No comments:

Post a Comment