Monday, August 12, 2013

ဟိုတယ်လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံရန်စိတ်ဝင်စားမှုများရှိနေသည့် အမေရိကန်စီးပွားရေးလုပ်ငန်းရှင်များ

ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း
ဝန်ကြီးဌာနမှ သတင်းတွေအရ အမေရိကန်မှ စီးပွားရေး လုပ်ငန်းရှင်တွေဟာ မြန်မာနိုင်ငံရဲ့ ဟိုတယ်နဲ့ခရီးသွားကဏ္ဍမှာ ရင်းနှီးမြှုပ်နှံ ဖို့အတွက် စိတ်ဝင်စားမှုများရှိနေတယ်လို့ သိရပါတယ်။
အဲဒီလို စိတ်ဝင်စားမှုဟာ မြန်မာနိုင်ငံရဲ့ ဟိုတယ်ခရီးကဏ္ဍမှာ တစ်ဦးတည်းပိုင် သို့မဟုတ် ဖက်ဆပ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း များလုပ်ဆောင်ဖို့အတွက် စိတ်ဝင်စား တာဖြစ် တယ်လို့ သိရပါတယ်။ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေ ကိုတော့ ရန်ကုန်၊ ပြင်ဦးလွင်နဲ့ ပုဂံကဲ့သို့ ခရီးစဉ်ဒေသများမှာ  ရင်နှီးမြှပ်နှံဖို့အတွက် စိတ်ဝင်စား မှုများ ရှိနေတာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် (၂၀၁၃)ခုနှစ်မှာ ဇူလိုင်လလယ်အထိဟိုတယ်နှင့် ခရီးသွားကဏ္ဍမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံဖို့အတွက် စင်္ကာပူနိုင်ငံ အခြေစိုက် ကုမ်္ပဏီ(၂)ခုမှ မြန် မာနိုင် ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ အဆိုပြုလွှာတင်ထားကြောင်းလည်း သိရပါတယ်။
ဆက်လက်ပြီး (၂၀၁၃)ဇူလိုင်လကုန်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စီမံကိန်း(၃၆)ခု နဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတန်ဖိုး USဒေါ်လာ (၁၅၅၆)သန်းခန့် ရင်းနှီးမြှုပ်နှံထားပြီး ပြည်တွင်း ရင်းနှီးမြှုပ်နှံ မှုအနေနဲ့တော့ ရန်ကုန်၊ နေပြည်တော်၊ မန်္တလေး၊ ပုဂံနဲ့ အင်းလေးဒေသတွေမှာ ဟိုတယ်လုပ်ငန်း များ ရင်းနှီးမြှုပ်နှံလုပ်ကိုင်လျက်ရှိတယ်လို့ သိရပါတယ်။
ဒါ့အပြင် တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ယခုနှစ်ဇွန်လကုန်အထိ ဟိုတယ်နှင့်ခရီးသွား လာရေး လုပ်ငန်းဝန်ကြီးဌာနမှ လိုင်စင်ထုတ်ပေးပြီး ဟိုတယ်၊ မိုတယ်နဲ့ တည်းခိုရိပ်သားများအနေနဲ့ အလုံးရေ စုစုပေါင်း (၈၂၆)လုံးရှိပြီး အခန်းပေါင်း (၂၉၉၉၉)ခန်း ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် ခရီးသွားလှည့်လည်ရေးလုပ်ငန်းလိုင်စင် (တစ်ထောင့်တစ်ရာနှစ်ခု)၊ ပို့ဆောင်ရေးလုပ်ငန်း လိုင်စင် (၁၉၀)ခုနဲ့ ဧည့်လမ်းညွှန်လုပ်ငန်းလိုင်စင် (၃၃၄၁)ခု ထုတ်ပေးပြီးဖြစ်တယ်လို့လည်း သတင်းရရှိ ပါတယ်။
.. www.MyanmarExpress.net

No comments:

Post a Comment