Saturday, March 8, 2014

၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီကို အပြတ်အသတ် အနိုင်ယူမည်ဟု သူရ ဦးရွှေမန်း ပြောကြား

နေပြည်တော်၊ မတ် ၆
ကြားဖြတ် ရွေးကောက်ပွဲနှင့် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် လူထု ထောက်ခံမှု အများဆုံး ရရှိထားသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD ပါတီ) ကို ၂၀၁၅ ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရမည် ဖြစ်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ထုတ်ဖော် ပြောကြားသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD ပါတီ) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကိုလည်း ကြံ့ခိုင်ရေးက ယင်းသို့ အနိုင်ရအောင် ပြုလုပ်မည်ဟု ပြောဆိုထားကြောင်း သူရ ဦးရွှေမန်းက ထပ်လောင်း ပြောဆိုသည်။
ပြည်ထောင်စုလွှတ်တော် နာယကနှင့် ကြံခိုင်ရေးပါတီ ဥက္ကဋ္ဌ ရာထူးကို ထမ်းဆောင်နေသူ သူရ ဦးရွှေမန်းက မတ်လ ၆ ရက်နေ့တွင် လွှတ်တော်ရုံး၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။“အပြတ် အနိုင်ရအောင် လုပ်မယ်” ဟု ၎င်းကဆိုသည်။
ယင်းသို့ NLD ပါတီကို အပြတ်အသတ် အနိုင်ရအောင် ပြုလုပ်မည်ဟု ပြောဆိုသော်လည်း တရားမျှတ၍ သန့်ရှင်းသော ယှဉ်ပြိုင်မှုဖြင့် ယှဉ်ပြိုင်ခြင်းမျိုး ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သူရ ဦးရွှေမန်းက ဆိုသည်

No comments:

Post a Comment