Wednesday, March 5, 2014

အွန်လိုင်းပေါ်မှာ ပျံ့နေသည့် ငါးကြီးဓာတ်ပုံအကြောင်း ဖြစ်ရပ်မှန်

Wednesday, March 5, 2014
ရေလုပ်ငန်းဖြင့် ဝမ်းစာရှာဖွေ
စားသောက်နေကြသော ရေလုပ်
သားများသည် ဝမ်းစာအတွက် ရှာဖွေ
စားသောက်ရင်း မျိုးပြုန်းမည့်အခြေ
အနေမျိုး ရှိသည့်ငါးကြီးများ ရမိခဲ့
လျှင် ရောင်းချ စားသောက်ခြင်း
မပြုဘဲ ဖမ်းဆီးရမိသော ငါးကြီးများကို 
မျိုးမတုန်းစေရေးအတွက်
 ရေထဲသို့ပြန်လည်လွှတ်ပေးလိုက်ရခြင်းများရှိကြောင်း သိရသည်။

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့၊ အောင်ပင်လယ်ရပ်ရှိ ဦးတင့်နိုင်သည် ၂ဝ၁၃ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့က ၎င်း၏ ကျားပိုက်ထဲတွင် ငါးမန်းအမျိုးအစား ငါးကြီး အရှည် ၁၆ ပေ၊ လုံးပတ် ၉ ပေ၊ အလေးချိန် ၃ဝဝ ပိဿာခန့်ရှိ ငါးမန်းတစ်ကောင်ကိုဖမ်း ဆီးရမိရာ ငါးမှာ အသက်ရှင်နေသေးသ ဖြင့် ၎င်းနေ့တွင် ပင် ရေထဲသို့ပြန်လည် လွှတ်လိုက်ကြောင်း သိရသည်။

ကျားပိုက်လုပ်ကိုင်သူအများစုသည် ကျားပါးစပ်ဖြင့် ငါးနှပ်၊ ငါးပြားများကိုသာ ဖမ်းဆီးရမိကြပြီး ၎င်းတို့သည် ကမ်း ၁ဝ မိုင်အတွင်း၌သာ ဖမ်းကြခြင်း ဖြစ်ကြောင်း၊ တစ်ခါတစ်ရံ ဈေးကွက်ဝင် ကသမျှင်ရရှိမှုများရှိကြသော်လည်း အလွန်ခက်ခဲပါကြောင်း၊ ငါးမန်းကဲ့သို့ငါးများသည် ကမ်းနီးရေတိမ်ပိုင်း၌ လှည့်လည်ကျက်စား မှုနည်း ပါးပြီး ရေနက်ပိုင်းများ၌သာ ကျက်စား လေ့ရှိကြောင်း၊ အဆိုပါငါးမန်းမှာ မျက်စိလည်လမ်းမှားပြီး ရောက်ရှိသဖြင့် ကျားပါးစပ်နှင့်ဝင်တိုးခြင်းဖြစ်၍ ဖမ်းဆီးရ မိခြင်ြး ဖစ်ကြောင်း သံဖြူဇရပ်မြို့နယ် ငါးလုပ်ငန်းဦးစီးမှူးက သုံးသပ်ပြောကြားကြောင်းသိရသည်။

ထူးထူး(မော်လမြိုင်)
Popular Myanmar

No comments:

Post a Comment