Saturday, March 8, 2014

ပြည်တွင်း သတင်းထောက်များသို့ 

ဗြောင်လိမ် ဗြောင်ညာတတ်တဲ့
ယဉ်ကျေးမှု တော်လှန်ရေး
ခေါင်းရှောင်ဂျီး ပင်ကိုယ်
အရည်အချင်းနဲ့ စိတ်ဓါတ်
၁၉၉၄ မှာ ဒေါက်တာနိုင်အောင်
သတင်းပေးလို့  ဌေးနိုင်ကို ဖမ်းဆီး
နှိပ်စက် စစ်ဆေးခဲ့တယ် ။ BBC က
အကြီးတန်းသတင်းထောက် ရင်မောင်
(ဝင်းနိုင်ဦး) က စစ်ကြောရေး တာဝန်ခံလေ ။
ဘယ်လောက်တောင် နှိပ်စက်သလဲ စဉ်း
စားကြည့်ကြ ။ စစ်မြေပြင်မှာ သေမှာ
မကြောက်တဲ့ဌေးနိုင် ထောက် လှမ်းရေးပါလို့ 
ဝန်ခံ လိုက်ရတယ် ။ ဗီဒီယိုရိုက် မှတ်တမ်းတင်ပြီး နိုင်ငံတကာကို ဝါဒဖြန့် ပြီး မိုးသီးတို့ တစု တော်လှန်ရေး လုပ်ဖေါ်ကိုင်ဖက် စစ်မြေပြင် သေဖေါ်သေဖက်

ကျောင်းသားအချင်းချင်းသတ်ပြီး အောင်ပွဲခံခဲ့ကြဖူးတယ် ။
၂၀၀၀ မှာ UNHCR အစီအစဉ်နဲ့  ၈၈ ကျောင်းသားတွေ အုပ်စုတွေခွဲပြီး နိုင်ငံတကာပြောင်းရွေ့ ကုန်ကြ
တယ် ။ သမိုင်းတွေ မှတ်တမ်းတင်ဖို့ စုဆောင်းကြတော့ ဆရာကြီး မိုးသီးဇွန်က ပူးတွဲပါ စာကို ထုတ်ပြန်ခဲ့တယ် ။ ၂၀၀၃ နောက်ပိုင်းမှာ ဌေးနိုင် အကိုရင်း ဌေးတင့် ဒီပဲရင်း အဖြစ်မှန်ကို ဥရောပမှာ တင်ပြနိုင်ဖို့  နိုင်ငံတကာ နိုင်ငံရေး လမ်းကြောင်းပေါ်တက်လာခဲ့တယ် ။ မိုးသီးဇွန် နဲ့ အဖွဲ့ ကြီး ပြင်ဆင်ဝါဒ ဖြန့် ပြီး ကာကွယ်ကြရတယ်လေ ။ တောထဲမှာအတူပါလာတဲ့ မြန်မာစစ်ဗိုလ် စစ်သားတွေဆီက စစ်ပညာတွေ သင်ယူထားတဲ့သူတွေက ဌေးနိုင်တို့ ညီအကိုက စစ်ဗိုလ်သားတွေ ဖြစ်လို့ 
မယုံကြည်ရဖူးဆိုပြီး ခွေးဆွဲသလို ဝိုင်းတိုက်ကြတယ် ။ မိုးသီးနဲ့  အဖွဲ့  ပြည်ပ တော်လှန်ရေးကို ဦးဆောင်ဖို့ ထက် မိမိကိုယ်ကို ကာကွယ်ဖို့  ဝိုင်းစဉ်းစားနေရတာနဲ့  ပြည်ပတော်လှန်ရေးကြီးလဲ ဘာဖြစ်နေလဲဆိုတာ မြင်နေရတယ် ။
အာဏာရှင်အစိုးရ ကို ဦးဆောင်တိုက်နေတဲ့ မိုးသီးဇွန် အစိုးရသစ်တက် တယ်ဆိုတော့ နေရာပြန်ဦးတဲ့ ဗီဇပေါ်လာတယ် ။ လုပ်ဖေါ်ကိုင်ဖက်တွေကို ဖျံကျ နင်းချပြီး အစိုးရသစ် လက်ထက်မှာ နေရာယူဖို့ ကြိုးစားပြန်တယ် ။ သစ္စာဖေါက် စိတ်ဓါတ်နဲ့  မိုးသီးဇွန် လို့  ပြည်ပရောက်တွေက သုံးသပ်ကြတဲ့ အခါကြတော့ နှစ်ပေါင်း ၂၀ ကျော် မိုးသီးဇွန်ကို ဆရာတင်လာသူတွေ ၂၀၁၁ မှာ ဌေးနိုင် ဘယ်လို အသတ်ခံရတယ် ဆိုပြီး နာကျည်းစွာ ခံစားနေရတဲ့ သူတွေကပြန်ပြောကြတယ် ။
တော်လှန်ရေးနယ်မြေထဲက လူသတ်မှုမှာ ပါဝင်သူတွေကတော့ လုပ်ရဲရင် ခံရဲတဲ့ စိတ်ဓါတ်တွေနဲ့  ဝန်ခံရဲခဲ့မယ် ဆိုရင် ကျွန်တော်တို့  တော်လှန်ရေးကြီး အစောကြီးက အောင်နေပြီ ။

၂၀၁၂ မိုးသီးဇွန် မြန်မာပြည် ပြန်တော့ မြောက်ပိုင်းလူသတ်မှုကြီးက ဖုံးမရ ဖိမရ ဟိုးလေး တကျော် ဂျာနယ်တွေမှာ ပါလာတယ် ။ တိုင်းပြည် အပြောင်းအလဲမှာ ဇော်ဦးလို နေရာရမလားထင်ပြီး နေရာဦးဖို့ 
ပြေးဝင်တဲ့ မိုးသီးဇွန် မြောက်ပိုင်းလူသတ်မှုနဲ့  နာမည်ကြီးအောင် ဝင်ရှင်းတယ် ။ မြောက်ပိုင်းပြန်ကျောင်းသား တယောက်မေးတဲ့မေးခွန်းကို ကိုဌေးနိုင် ဟာ လေးစားဖို့ ကောင်းတဲ့ ကျောင်းသားတယောက်ပါတဲ့ ။ သူကိုယ်တိုင်ရေးပြီး နိုင်ငံတကာကို
နှစ်ပေါင်း ၂၀ ကျော် ဝါဒဖြန့် ပြီး အုပ်စုလိုက် ပြောလာတာတွေ ဘယ်ရောက်သွားလဲ ။

မလေးရှားသွား ငွေတွေယူပြီး လက်နက်တွေစုခိုင်း ပြည်သူပိုင်တွေ ဖျက်ဆီးခိုင်းတဲ့ ဗီဒီယိုအသံဖိုင်ကို
မိုးသီးဇွန်ကို နာမည်ဖျက်ဖို့  လုပ်ကြံ ကြတာပါတဲ့ ။

အခုလည်းလာပြန်ပြီ ။
ဗုဒ္ဓဘာသာကို စော်ကားပြန်ပြီ ။
ဗုဒ္ဓဘာသာမှာ ကတော့ ကံ ၏ အကျိုး ယတြာခြေ ဓါတ်ဆင် ဓါတ်ရိုက်တာတောင် အချိန်နဲ့  နေရာဘဲ ပြောင်းနိုင်တယ် ။ ကိုယ်လုပ်သမျှ ကိုယ်ခံရမှာဘဲ ။ ခရစ်ယာန် နဲ့ အစ္စလာမ် ကျတော့
ဘုရားစကား နားမထောင်ရင် ဘုရားက အပြစ်ပေးတယ်တဲ့ ။

မိုးသီး လိုကောင်မျိုး ကို လက်ခံထားတဲ့ ပထဝီ မြေကြီး သောက်မြက် ကတ်လာရင် မြေမြို ဖို့ တော့နီးနေပြီ ။ ဒီတခါတော့ မိုးသီးတကောင်တည်းတော့ မဟုတ်ဖူး ။ လူများအောင် စောင့်နေတယ်ထင်တယ် ။
မဟုတ်တာ လုပ်ထားတဲ့ ကောင်တွေ စိတ်ပုတ် စိတ်ယုတ် ရှိတဲ့သူတွေ သူတပါးကို လိမ်ညာမှ နေသာထိုင်သာရှိတဲ့သူတွေ မိုးသီး နဲ့ ဝေးဝေးနေ ။ မင်းတို့ ပါ ရောပါသွားမယ် ။

ကိုယ်ရေးတာ မယုံရင် မိုးသီးကို ဒီစာပြပြီး သေသေချာချာမေးကြည့် ကြ ။

ဌေးတင့်
နယ်သာလန်


No comments:

Post a Comment