Saturday, March 15, 2014

ဒီချုပ်ပါတီ အစည်းအဝေးမှ မမေ့နိုင်သောနေ့တစ်နေ့

မမှတ်မိခြင်တော့သော နေ့စွဲတစ်ခု
မှာပေါ့မြို့နယ် တစ်ခုရဲ့ အရေးတကြီး
 ပါတီအစည်းအဝေးပွဲကြီးတစ်ခုမှာ 
မဖြစ်မနေ တက်ရောက်ဆွေးနွေးခဲ့ဘူးတယ် ။
ပါတီအစည်းအဝေးပွဲဖြစ်လေတော့ ပါတီကြီး
တစ်ခုရဲ့ အဓိကအရေးကြီးဆုံးဆိုသူတွေပါ
တာပေါ့ ။
မြို့နယ်မှာ အရာရောက်သူ ပါတီခေါင်းဆောင်တစ်ယောက်ကအရင်
စပြောတယ်...." လေဒီ...အခုဖြစ်နေတဲ့
ကိစ္စတွေဟာ နေရာခွဲဝေမှုပိုင်းနဲ့လဲဆိုင်သလို ၊ပြည်သူယုံကြည်လေးစားရမယ့် လွှတ်တော် ကိုယ် စား လှယ် လောင်းတွေရဲ့ ကိုယ်ကျင့်တရားပိုင်းပါဖြစ်နေလေတော့လေဒီရွေးချယ်ထားတဲ့ လူတွေ ရဲ့ သမိုင်းနောက်ခံတွေကို ဆန်းစစ်သင့်တယ်နော် ၊ ဒါမှ ပြည်သူကြည်ညိုတဲ့ ကိုယ်စား လှယ်ဖြစ်မှာ "။အဲ့ဒီလိုအကြံပေးသံကိုကြားနာပြီးတဲ့ကျွန်တော်တို့ရဲ့ပါတီဥက္ကဌကြီးဟာမထင်မှတ်လောက်အောင်
မျက်လုံးကြီးတွေပြူး ၊ဒေါသထွက်သွားတဲ့ ဟန်အမူအရာနဲ့ မြို့နယ်ပါတီခေါင်းဆောင်နဲ့ ကျန်ပါတီ ၀င်တွေကို ပြတ်ပြတ်သားသားပြောလိုက်ပုံက...." ဒီမှာ...ဒီကိစ္စတွေကိုကျွန်မခဏခဏပြော ပါတယ်
အဲဒါမျိုးတွေနဲ့ပတ်သက်လို့ ကျွန်မအနေနဲ့ ဦးစားပေးစဉ်းစားရမယ့်အဆင့်မဟုတ်ဘူး ။ကျွန်မ ပါတီအတွက် အသုံးဝင်နေတဲ့လူဆိုရင် သူ့ဟာသူ ကိုယ်ကျင့်တရားကောင်းကောင်း မကောင်းကောင်း  ကျွန်မအနေနဲ့ ရွေးချယ်ရမှာပဲ ။ကျွန်မတစ်ဆက်ထဲ ပြောခြင်တာကအချို့ပါတီ  ၀င်တွေဟာဘ၀တွေနှစ်တွေနဲ့ရင်းပြီးပါတီအတွက်ဘယ်လိုပေးဆပ်ခဲ့ရပါတယ်ဆိုပြီး၊ကျွန်မ
ကိုပြောကြတယ်...အဲ့ဒါနဲ့ပတ်သက်ပြီး ကျွန်မတစ်ခါထဲပြောခဲ့ပါ့မယ် ။*နှစ် နှစ်ဆယ်ကျော် ထောင် ကျခဲ့ တာတွေ အနစ်နာခံခဲ့ရတာတွေလာမပြောနဲ့ ။အခုလက်ရှိအခြေအနေဟာ အဆင်ပြေသလို ကျွန်မတို့လုပ်နေတာ အဲ့ဒါကိုသိစေခြင်တယ် *။ရပ်ကျေး ပါတီဝင်တွေ ရော မြို့ နယ် ခရိုင်အားလုံးရော တိုင်းအဆင့်ရဲ့ဆုံးဖြတ်ချက်ကို နာခံပြီးမှ လုပ်စရာရှိတာလုပ်ကြပါ ။တိုင်းကလဲ ဗဟိုရဲ့ ခွင့်ပြုချက်မရှိဘဲ ဘာတစ်ခုမှ လုပ်ခွင့်လဲမရှိသလို လုပ်လို့လဲမရဘူး "။

ပါတီဥက္ကဌကြီးမှ မျက်လုံးပြူး ၊ဒေါသထွက်၍ အထက်ပါအတိုင်း ခယားရေလွှတ်ပြောကြားအပြီး ၊ လူငယ်ရေးရာဒုတာဝန်ခံ ပါတီဝင်တစ်ယောက်မှ သေးငယ်သောမျက်နှာတုန်ရီသောအသံ ၊ထစ်ငေါ့သော စကားလုံးများနှင့် အောက်ပါအတိုင်း မေးခွန်းတစ်ခုမေးပါတော့သည် ....
"အမေ သားကိုတစ်ခုမေးခွင့်ပြုပါ ...ဟိုလေ..ဒီလိုဆိုရင်သားတို့အောက်ခြေပါတီ ၀င်တွေကို ဗဟို ဦးစီးစနစ်နဲ့ချုပ်ကိုင်နေတာလားခင်ဗျာ "။

ထိုနေ့....မမေ့နိုင်သော ထိုနေ့သည် ကျွန်တော်တို့အားလုံးကို ယုံကြည်မှုတွေမဲ့စေခဲ့သောနေ့ ၊စည်းလုံးမှုတွေပြိုကွဲခဲ့သောနေ့ ၊ခံယူချက်တွေကို အာဏာရှင် ဗဟိုစနစ်နဲ့ ဖြိုဖျက်ခံရသောနေ့ဟူ၍ ကျွန်တော်တို့ တညီတညွတ်တည်းသက်မှတ်ခဲ့ကြအပြီး ၊ရက်ပေါင်း (၂၁)ရက်မြောက်သောနေ့တွင် ပါတီဝင်ပေါင်း (၁၅၀) တိတိ မိမိတို့ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် ဘ၀တစ်သက်စာ နှုတ်ထွက်ခဲ့ကြပါကြောင်း ၊ပါဝင်သိရှိ ၊ခံစား ၊မြင်တွေ့ ခဲ့ရဘူးပါကြောင်း ရင်ဖွင့်ပါရစေ ။
From: မဟာ တံတိုင်း

No comments:

Post a Comment