Saturday, March 15, 2014

"သင်္ကြန်မန္တလေး အယ်လ်ပိုင်းမှာ ရှိမယ့် ခင်လေးနွယ်"

ဒီနှစ်သင်္ကြန်မှာ ကိုယ်ပိုင် သီချင်းသစ် မဆိုနိုင်သေး ပေ မယ့် မြူးကြွ သီချင်း များနှင့် မန္တလေး အယ်လ်ပိုင်းမှာ ရှိမှာဖြစ်ကြောင်း ခင်လေးနွယ် က ပြော သည်။
ခင်လေးနွယ်က သရုပ်ဆောင် လောကမှ အနားယူ လိုက်ပြီး ဂီတဘက် ကို ဇောက်ချ လုပ်ဖြစ်ခဲ့ကြောင်း သိရသည်။
”တစ်ကိုယ်တော်ခွေ ကိစ္စလည်း အခု လုံးပန်းနေတယ်။ အကောင်း ဆုံး ဖြစ်အောင် ဆိုတဲ့ ရည်ရွယ်ချက်ကြောင့် အချိန်တွေကို ပိုယူ လိုက်တာပါ” ဟု ခင်လေးနွယ် က ပြော သည်။
”ခင်လေးနွယ်က တစ်ကိုယ်တော် အခွေ တစ်ဖက် ရှိုးတစ်ဖက်ကြောင့် အခွေ မထွက်နိုင်သေးတာကြောင့်လည်း ပါတယ်”ဟု ၄င်းက ဆက်ပြောသည်။
”အခု အတီးက ၁ဝ ပုဒ်လောက် ပြီးပြီ၊ ဆိုတာကတော့ ၆ ပုဒ်လောက် ပြီးပြီ။ အဲဒီအထဲမှာမှ ကောင်းတာ ကို ပြန်ရွေးမှာ ဆိုတော့ ကြာမယ်”ဟု ၄င်းက ဆိုသည်။
လတ်တလောမှာ သီချင်းတွေလိုက်ဆိုတယ်။ နယ်ဘက်လည်း ခရီးထွက် တယ်”ဟု ၄င်းက ဆက်ပြောသည်။

No comments:

Post a Comment