မြန်မာ့တပ်မတော်ရဲ့ စစ်ရေးလေ့ကျင့်နေမှုသတင်းမှတ်တမ်းတွေကို မြဝတီသတင်းကနေ တဆင့်ပြန်လှည်ရယူပြီးတင်ပေးပါဦးမယ်...။ အမြောက်နှင့်သံချပ်ကာအကြောင်း အနည်း ငယ်ဖော်ပြပြီးဖြစ်လို့ ယခုပိုစ့်မှာတော့ လေကြောင်း ရန် ကာကွယ်ရေးနှင့် ဆက်စပ်စစ်ပစ္စည်းများ၊ စစ်မြေပြင် ပြင်ဆင်ရေးအဖွဲ့နှင့် စစ်မြေပြင်ဆေးတပ်ဖွဲ့များအကြောင်း ပုံတွေနှင့်တကွ ဖော်ပြပေး ပါ့မယ်...။
၂၅မမ လေယာဉ်ပစ်အမြောက်များဖြင့် လေ့ကျင့်နေကြစဉ်



အရှေ့အလည်ပိုင်းတွင် ဖြစ်ပေါ်နေသော တိုက်ပွဲများအား လေ့လာကြည့်ပါက စနစ်တကျ လေ့ကျင့် ထားခြင်းမရှိသည့် လက်နက်ကိုင်များမှ အဆိုပါလေယာဉ်ပစ်အမြောက်များဖြင့် တိုက်လေယာဉ် များကိုပင် ပစ်ချခဲ့ကြသည်ကို တွေ့နိုင်ပါသည်။တပ်မတော် လေကာတပ်ဖွဲ့များအနေဖြင့် စနစ်တ ကျလေ့ကျင့်ထားပြီးဖြစ်ပြီး တပ်ဖွဲ့ဝင်များကိုလည်း ဗျုဟာမြောက်တပ်ချထားပြီးဖြစ်ရာ ရန်သူ့ တိုက်လေယာဉ်များကိုပင် ခြိမ်းခြောက်နိုင်လျက်ရှိနေပါသည်။
တာတိုပစ် ပုခုံးထမ်းလေယာဉ်ပစ်ဒုံးများဖြင့် လေ့ကျင့်နေကြစဉ်

Smart Hunter Radar



SLC-2 Weapon Location Radar

ရာသီဥတုတွက်ချက်သည့် ရေဒါစနစ်

ဆက်သွယ်ရေးတပ်ဖွဲ့ဝင်များနှင့် ဆက်သွယ်ရေးစနစ်များဆက်သွယ်ရေးတပ်ဖွဲ့များအနေဖြင့် လည်း ပူးပေါင်းစစ်ရေးလေ့ကျင့်မှုအတွင်းပါဝင်လေ့ကျင့်ခဲ့ကြပြီး မိမိတို့ ဆက်သွယ်ရေးတပ်မှ ထုတ် လုပ်သည့် နည်းပညာမြှင့် စက်ပစ္စည်းများအား လက်တွေ့အသုံးပြုခဲ့ရာ ထိရောက်မှုကောင်းမွန်ပြီး လုံခြုံစိတ်ချရသည့် ဆက်သွယ်ရေးပစ္စည်းများဖြစ်ကြောင်း သက်သေပြနိုင်ခဲ့ကြပါသည်။ တပ်မတော်တပ်ရပ်အတွက် အလွန်အရေးပါသည့်အချက်ဖြစ်သော သတင်းလုံခြုံမှုနှင့် လုံခြုံသော ဆက်သွယ်ရေးစနစ် ပိုင်ဆိုင်ထားပြီးဖြစ်ရာ ဆက်သွယ်ရေးတပ်ဖွဲ့များ၏ ကြိုးပမ်းမှုများကို မြင် သာစေပါသည်။



စစ်မြေပြင်ဆေးတပ်ဖွဲ့
စစ်မြေပြင်မှ ဒဏ်ရာရ စစ်သည်များအား ပုံစံ-၉၁ ခြေလျင်တိုက်ခိုက်ရေးယာဉ်ဖြင့် ကယ်ထုတ် ၍ ဆေးတပ်ဖွဲ့သို့ ပို့ဆောင်ပေးခြင်းနှင့် ဆေးတပ်ဖွဲ့များအနေဖြင့်လည်း စစ်မြေပြင် အရေးပေါ်ဆေး ရုံများတွင် ကုသပေးခြင်းစသည့်ဖြင့် စစ်သည်များ၏ ကျန်းမာရေးအကာကွယ်ပေး မှုများ လည်း လေ့ ကျင့်ခဲ့ကြပါသည်။
သံချပ်ကာယာဉ်အတွင်းမှ ဒဏ်ရာရစစ်သည်တစ်ဦး (လေ့ကျင့်မှု)



မိမိတို့ အမြောက်လက်နက်များသည်လည်း ယိုယွင်းမှုများရှိတတ်ရာ အရေးပေါ်ပြင်ဆင်ရေး အတွက် လည်း လေ့ကျင့်ခဲ့ကြပြီးသတ်မှတ်အချိန်အတိုင်းစွမ်းဆောင်နိုင်ခဲ့ကြသည်ကို တွေ့ ရပါသည်။
အမြောက်ပြင်ဌာန



မိမိတင်ပြခဲ့သည့် အချက်လက်များနှင့် ပါဝင်သည့် စစ်လက်နက်များအား လေ့လာကြည့်ပါက ယခုလေ့ကျင့်သော တပ်မတော် (ကြည်း)၊(လေ) အမြောက်နှင့် သံချပ်ကာပူးပေါင်းစစ်ရေးလေ့ ကျင့်ခန်းကြီးသည် တပ်မတော်၏ တိုက်စစ်စွမ်းရည်၊ စနစ်ကျသည့် အုပ်ချုပ်မှု/အမိန့်ပေးမှု၊ လုံခြုံ စိတ်ချရသည့် ဆက်သွယ်ရေးစနစ် နှင့် လျင်မြန်စွာ စစ်ကစားလှုပ်ရှားနိုင်စွမ်း များ ကို တွေ့ ရှိရမည်ဖြစ်ပြီး တပ်မတော်၏ ရည်မှန်းချက်တစ်ခုဖြစ်သည့် Standard Army ဟူသော အဆင့် သို့တက်လှမ်းရာတွင် အရေးပါသောလေ့ကျင့်မှုကြီးအဖြစ် မှန်းဆနိုင်ပါသည်။
ထို့အပြင်နောက်ဆုံးအနေဖြင့် တပ်မတော်၏ ပြည်သူလူထုနှင့်ဆက်ဆံရာတွင် ယခင်ကာလ များ ထက်ပို၍ ပွင့်လင်းလာခြင်းကိုလည်း အသိအမှတ်ပြုရမည်ဖြစ်ပါသည်။ ယခင်ကာလများကပင် ယခုကဲ့သို့ စစ်ရေးလေ့ကျင့်မှုကြီးများရှိခဲ့လင့်ကစား အများပြည်သူအနေဖြင့် အနည်းငယ်သာ သိခွင့်ရခဲ့ပြီး ယခုအခါတွင်မှု တပ်မတော်၏ သတင်းဌါနတစ်ခုဖြစ်သည့် မြဝတီကဲ့သို့သော ရုပ်သံ လိုင်းများကပင် တရားဝင်လွှင့်တင်ပေးနေပြီး ဖြစ်ပြီး တပ်မတော်ဆိုင်ရာ အွန်လိုင်းသတင်း အသီး သီးမှလည်း အများပြည်သူများ သိနိုင်စေရန် ဖော်ပြပေးနေကြပြီဖြစ်သည်။
အချုပ်အားဖြင့် ဆိုရသော် တပ်မတော်သည် ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး၏ အချုပ်အခြာ အာဏာကို အပြည့်အဝကာကွယ်ပေးနေသည့် တပ်မတော်တစ်ရပ်ဖြစ်သည်နှင့် အညီ ခေတ်မီ လက်နက်စနစ်များ၊ တိုက်စွမ်းရည်ပြည့်ဝသော စစ်သည်များနှင့် ဘက်စုံတိုးတက်သော မြန် မာပြည်ကြီးအား အမြဲကာကွယ်ပေးစေလိုသည်မှာ ကျွှန်တော်တို့ ပြည်သူများ၏ ဆန္ဒာတစ် ရပ်ဖြစ်ပါကြောင်း ကျွှန်တော် ကိုmmမှာ စာဖတ်သူအားလုံးကိုယ်စား လေးစားစွာဖြင့် တပ်မတော်မှ တာဝန်ရှိသူများအားလုံးကို ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်ခင်ဗျာ....။
No comments:
Post a Comment