Wednesday, March 5, 2014

မြ၀တီမြို့ခံသားတစ်ဦး၏ ရင်ဖွင့်သံ

မြ၀တီမြို့တွင် မှုခင်းသတင်းထောက် ဦးခင်ဇော်ဦး(ခ)ကြည်စိုး ဦးဆောင်သော ဒေါနမြေမှုခင်းသတင်းထောက်
အမည်ခံအဖွဲ့သည် ဒေသခံပြည်သူလူထုအပေါ်
 လက်နက်ကိုင်ဆောင်ပြီး အဖွဲ့အစည်းပေါင်း 
စုံနှင့်ပေါင်း၍ အာဏာပိုင်အဖွဲ့အစည်း တစ်ယောက်မှပါဝင်ခြင်းမရှိဘဲ ညအချိန်မတော်ဝင်ရောက်ဖမ်းဆီးခြင်း၊ ဖမ်းဆီးသွားသည့်သူများကို

သက်ဆိုင်ရာရဲစခန်းသို့ အပ်နှံခြင်းမရှိပဲ ၄င်းတို့စိတ်ထင်သလို ညှင်းပန်းနှိပ့်စက်ခြင်းများ ပြု လုပ်နေ ပါ သည်။ ဦးခင်ဇော်ဦး(ခ)ကြည်စိုး၏ တပည့်များဖြစ်ကြသောကိုနေကင်းနှင့်အနွယ်များသည်လည်း
တရားမ၀င်ငွေလဲလှယ်မှုများပြုလုပ်ခြင်း၊ မြင်းဆေးနှင့်မူယစ်ဆေးဝါးများ ရောင်းဝယ်ဖောက်ကားခြင်းများပြုလုပ်နေပါသည်။ အဲ့ဒီနေရာ/အဲဒီဒေသမှာ  မြန်မာနိုင်ငံရဲတပ်ဖွဲဟာ အရာမ၀င်သလိုဖြစ်နေပါတယ်။

နိုင်ငံတော်မှ အဓိကထားပိတ်ပင်ထားသော မြင်းဆေးများကို ရောင်းချနေသည်မှာလည်း ပေါ်တင်ကျလွန်းပါသည်။
မြ၀တီမြို့ အမှတ်(၄)ရပ်ကွက် ခရစ်ယာန်ကျောင်းလမ်းတွင်
လွယ်အိတ်နှင့်လွယ်၍ ရောင်းချနေပြီး ကိစ္စတစ်ခုနှင့် အဲဒီအ၀ိုင်းထဲသွားရောက်သူများအား အတင်းထိုးရောင်း ပြောချင်တာပြော ဓါးတွေလွယ်ပြီး မိုက်ကြေးခွဲရောင်းချနေ
ခြင်းဖြစ်ပါသည်။ သို့ဖြစ်ပါ၍ သက်ဆိုင်ရာမှ ဒေါနမြေမှုခင်းသတင်းထောက် ဦးခင်ဇော်ဦး(ခ)ဦးကြည်းစိုးနှင့်အဖွဲ့အားလည်းကောင်း၊ မတရားဝင်း မြင်းဆေးနှင့်မူးယစ်ဆေးဝါးများအား
ပေါ်ပေါ်တင်တင် ရောင်းချနေသူများအားလည်းကောင်း ထိရောက်စွားအရေးပေးနိုင်ရန် (မီဒီယာ)မှတဆင့် တင်ပြအပ်ပါသည် ခင်ဗျာ။

မြ၀တီမြို့ခံသားတစ်ဦး

No comments:

Post a Comment