Tuesday, March 4, 2014

ငြိမ်းချမ်းရေး ဖျက် မျဉ်း (သို့) ဘောကျော်ဟဲ

ကရင်ပြည်နယ် ဖာပွန်မြို့နယ် ၀ဲကြီးကျေးရွာတွင် ဇန်န၀ါရီ ၂၅ ရက်က ဧရာဝတီ နှင့် ဒု ဗိုလ်ချုပ်ကြီး ဘောကျော်ဟဲ သီးသန့်တွေ့ဆုံစဉ်(ဓာတ်ပုံ – စောရန်နိုင်/ဧရာဝတီ)
   မြန်မာ နိုင်ငံ၏လက်ရှိအနေအထား 
 နှင့် ငြင်းမရသည့် အချက်တစ်ချက်မှာ တိုင်းပြည် တည်ငြိမ်းအေးချမ်း တိုးတက်ဖို့အတွက် ပြည်တွင်းငြိမ်း
ချမ်းရေးသည် အဓိက ကျသော အခန်းကဏ္ဍဖြစ်သည်။လွတ်လပ်ရေး ရပြီးသည့်နောက်ပိုင်း
ရာစုနှစ် တစ်ဝက်နီးပါး မှာ တိုင်းပြည်ဟာ ပြည်တွင်းသောင်းကျန်းသူ အဖွဲ့ပေါင်း ၁၀၀ ကျော်ကို ရင်ဝယ်ပိုက်ခဲ့ရတယ်။၂၀၁၀ အရပ်ဘက်အစိုးရတက်လာတဲ့နောက်ပိုင်းမှာပြည်တွင်းငြိမ်းချမ်းရေးအ တွက် အားတက်သရော လုပ်ဆောင်လာတာတွေ တွေ့ရသလို ၊ လိုအပ်တဲ့ တွေ့ဆုံ ညှိနှိုင်းမှုတွေ လည်း ထိထိရောက်ရောက် လုပ်ဆောင်ခဲ့တာတွေကို တွေ့ရမှာဖြစ်ပါတယ်ဆိုတာ သံသယ ဖြစ်ဖွယ်မရှိပါဘူး။

ထို့အတူပဲ KUN လက်နက်ကိုင်အဖွဲ့အစည်းနဲ့လည်း ငြိမ်းချမ်းရေးသဘောတူညီမှုရအောင် ဦးသိန်းစိန် အစိုးရက ဆောင်ရွက်ခဲ့တာပဲဖြစ်တယ်။ဒါပေမယ့် ဒီလို ငြိမ်းချမ်းရေး ရယူဖို့အတွက်လည်း KUNလက်နက်ကိုင်အဖွဲ့ အစည်းထဲမှာ အတွန်းအတိုက် များစွာရှိခဲ့ပါတယ်။ တကယ်တော့ ကေအန်ယူ ခေါင်းဆောင်ပိုင်းမှာ ဗိုလ်ချုပ်မူတူးစေးဖိုးအုပ်စုနဲ့ ဖဒိုဒေးဗစ်တာကဘောအုပ်စု ဆိုပြီး ဂိုဏ်းနှစ်ခုကွဲနေတာကြာပါပြီ၊ လွန်ခဲ့တဲ့ တစ်နှစ်ကျော်က ဖဒိုဒေးဗစ်တာကဘော က ကေအန်ယူရဲ့ ဥက္ကဋ္ဌလည်းဖြစ်ပြီး ကေအန်ယူကိုယ်စားလှယ်အဖြစ်နဲ့ ဖက်ဒရယ်ကောင်စီမှာ ဒု-ဥက္ကဋ္ဌ (၂) တာဝန်ယူခဲ့ပါတယ်၊ သူ ကေအန်ယူ ဥက္ကဋ္ဌဖြစ်ချိန်မှာ ဗိုလ်ချုပ်မူတူးနဲ့ အပေါင်းအပါများကို ဗဟိုကော်မီတီရဲ့ ခွင့်ပြုချက်မရှိပဲ မြန်မာတပ်မတော်ကိုယ်စားလှယ်များနဲ့ တွေ့ဆုံဆွေးနွေး လို့ဆိုပြီး အဖွဲ့က ထုတ်ပယ်ပစ်ခဲ့ပါတယ်၊ နောက်တော့ အောက်ခြေတပ်များရဲ့ တောင်းဆိုမှုအရ ဗိုလ်ချုပ်မူတူးနဲ့ အဖွဲ့ကို ပြန်လည်လက်ခံခဲ့ပါတယ်၊ ဒါပေမည့် နောက်ဆုံးကျင်းပတဲ့ ကေအန်ယူညီလာခံမှာ ဗိုလ်ချုပ်မူတူးအုပ်စုက အသာစီးရပြီး ဥက္ကဋ္ဌနေရာကို ဗိုလ်ချုပ်မူတူးစေးဖိုးက ရရှိသွားပြီး ဖဒိုဒေးဗစ်တာကဘော ကတော့ ဗဟိုကော်မီတီဝင် အဆင့်အထိ ထိုးကျသွားပါတယ်၊ တစ်ဘက်မှာတော့ သူက ဖက်ဒရယ်ကောင်စီရဲ့ ဒု-ဥက္ကဋ္ဌ (၂) တာဝန်ကို ဆက်ယူထားဆဲပါ၊ဒါပေမယ့် ရှုံးနိမ့်သွားတဲ့ ဖဒိုဒေဗစ်တာကဘော ဟာ ဗိုလ်ချုပ် မူးတူးစေးဖိုးအပေါ်မှာ လုံးဝ ကျေနပ်မှု မရှိပါဘူး။

    ဒီအတွက် သူဟာ တပ်မဟာ (၅) မှူးဖြစ်တဲ့ ဘောကျော်ဟဲကို အသုံးပြုလာတယ်။ တပ်မဟာ (၅) မှူးဖြစ်တဲ့ ဘောကျော်ဟဲဟာ “လူတစ်ချို့ဟာ လက်ရှိအစိုးရနဲ့ တပ်မတော် အပေါ်ယုံကြည် မှုလွန်ကဲနေတယ်” လို့ မကြာခဏ မဆိုသလိုပြောဆိုနေတာတွေဟာ ဗိုလ်ချုပ်မူတူးစေးဖိုး ကို ရည်ညွှန်းပြောဆို နေတာပဲ ဖြစ်တယ်။ထို့အတူတပ်မဟာ (၅) မှူး ဘောကျော်ဟဲ ဟာ အစိုးရ နဲ့ လက်ရှိ ငြိမ်းချမ်းရေးယူထားတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေကိုလည်း ငြိမ်းချမ်းရေး မယူကြဖို့ လိုက်လံတိုက်တွန်းမှုတွေ လုပ်ခဲ့တာလဲရှိတယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်ဘူး။ကုန်သည်ကြီးများ ဟိုတယ်မှာ ပေါက်ခဲ့တဲ့ ဗုံးတရားခံဖြစ်တဲ့ စောနေတိုးဟာ လည်းဘောကျော်ဟဲ ရဲ့ ထိန်းချုပ်မှု အောက်ကပဲ လှုပ်ရှားခဲ့တာဖြစ်တယ်။နောက်ဆုံး ဘောကျော်ဟဲ ရဲ့လှုပ်ရှားမှုတွေဟာ ဘယ်လောက်ထိ အတင့်ရဲလာလဲဆိုရင် မူတူးစေးဖိုး ကို လုပ်ကြံဖို့ အထိတောင် ဖြစ်လာတာ ဟာ အဆိုးရွားဆုံး သော ယုံကြည်မှု လွန်ကဲ ချက်ကြောင့် ဖြစ်တယ်.။အစိုးရနဲ့ လက်တွဲ လုပ်ဆောင်နေတဲ့ မူတူးစေးဖိုးကို အပြတ်ရှင်းချင်နေပါတယ်။ဒါကို အထူးသတိထားဖို့ လိုပါတယ်။ဒါမှ မဟုတ်ပဲ အမှုမဲ့ အမှတ်မဲ့နေလိုက်ရင် ဘောကျော်ဟဲ ရဲ့ လုပ်ကွက်တွေ ဇာတ်ရှိန်မြင့်လာပြီး အစိုးရနဲ့KNU အကြားက ငြိမ်းချမ်းရေး အတွက် စိုးရိမ် ရနံ့တွေ သင်းနေသလို ၊ ငြိမ်းချမ်းရေးအဖျက်သမား လုပ်ရပ်တွေကိုလည်း အချိန်မှီတားဆီးဖို့ လိုပါတယ်။


စောဗထူး

No comments:

Post a Comment