Wednesday, March 26, 2014

လေးစားခံ့ညားလောက်သည့် စွမ်းရည်ဖြင့် နိုင်ငံတော် ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်နိုင်မှု မှတ်တိုင်သစ်

'' တပ်မတော်သည် အင်အား တောင့်တင်းပြီး 
စွမ်းရည် ထက်မြက်သော ခေတ်မီသည့် တစ်ခု 
တည်းသော မျိုးချစ် တပ်မတော် ဖြစ်သည်''ဟု
 ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ၏ 
ဖွဲ့စည်း ပုံ အခြေခံဥပဒေ (၂ဝဝ၈ ခုနှစ်)
 ပုဒ်မ ၂ဝ (က)နှင့် ပုဒ်မ ၃၃၇ တို့တွင် အတိ
အလင်း ပြဌာန်း ထား သည်။ နိုင်ငံတော်၏ 
အတိတ် သမိုင်းအား မှန်ကန်စွာ လေ့လာ သုံးသပ် ကြည့်ပါက တပ်မတော် သည် လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်း၊ ပြည်ပ ကျူးကျော်မှု နှိမ်နင်းရေး သမိုင်း၊ ပြည်ထောင်စု မပြိုကွဲရေး နှင့် အချုပ်အခြာ အာဏာ ထိန်းသိမ်း ကာကွယ် စောင့်ရှောက်မှု သမိုင်း၊ ဒီမိုကရေစီ နိုင် ငံတော်သစ် အဖြစ် ဖော်ဆောင်ရေး သမိုင်း တို့၌ တပ်မတော် သည် မှန်ကန်သော ရပ်တည်ချက်၊ ထက်မြက်သော ဦးဆောင်မှု တို့ဖြင့် '' နိုင်ငံတော် ကာကွယ်ရေး အတွက် အဓိက အကျဆုံးသော လက်နက်ကိုင် တပ်ဖွဲ့ ဖြစ်သည် '' ဆိုသော ပြဌာန်းချက် ကို မှတ်ကျောက်တင်
ခံခဲ့ပြီး ဖြစ်ပါသည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က '' မိမိနိုင်ငံ၏ ကာကွယ်ရေး မူဝါဒမှာ ပြည်ပ ကျူးကျော်ရန် မဟုတ်ဘဲ နိုင်ငံတော်အား ကာကွယ်ရန် ဖြစ်ကြောင်း၊ မိမိတို့ တပ်မတော်အား နိုင်ငံတကာ စံချိန် စံညွှန်း နှင့် ကိုက်ညီသည့် Stamdard Army အဖြစ် ရည်ရွယ် တည်ဆောက်လျက် ရှိကြောင်း '' တပ်မတော်(ကြည်း)၊ (လေ)၊ အမြောက်နှင့် သံချပ်ကာ ပူးပေါင်း စစ်ဆင်ရေး လေ့ကျင့်ခန်း တွင် ပါဝင်ခဲ့သည့် တာဝန်ရှိ သူများနှင့် လေ့ကျင့်ခန်း တွင် ပါဝင် ဆောင်ရွက်ခဲ့ သူများအား လေ့ကျင့်ခန်း ရှုရပ်ကုန်း ၌ အမှာစကား ပြောကြား ရာတွင် ထည့်သွင်း ပြောကြား ခဲ့ပါသည်။ တပ်မတော် သည် '' အင်အား တောင့်တင်းပြီး စွမ်းရည် ထက်မြက်သော ခေတ်မီသည့် တစ်ခုတည်းသော တပ်မတော် '' ဖြစ်စေရေး စဉ်ဆက်မပြတ် အားသွန် ခွန်စိုက် လေ့ကျင့် ဆောင်ရွက်လျက် ရှိပေသည်။ တပ်မတော် အစိုးရ အနေဖြင့် ၂ဝ၁ဝ ပြည့်နှစ် နိုဝင်ဘာလ တွင် ပြည်သူတို့ ရွေးကောက် တင်မြှောက် သည့် အစိုးရထံ သို့ နိုင်ငံတော် ၏ အာဏာ အရပ်ရပ်ကို ငြိမ်းချမ်းစွာ လွှဲပြောင်း ပေး ခဲ့ပြီး နောက်ပိုင်း၌ တပ်မတော် သည် အဓိက တာဝန်ဖြစ်သော အင်အား တောင့်တင်းပြီး စွမ်းရည် ထက်မြက်သော ခေတ်မီ မျိုးချစ် တပ်မတော် ဖြစ်စေရေး အစဉ်တစိုက် ရည်မှန်းချက် ထား တည်ဆောက်လျက် ရှိပါသည်။







No comments:

Post a Comment