Wednesday, March 26, 2014

စစ်သားဆိုတာ ပြည်သူထဲက ပြည်သူပဲဟုဆိုသူ ဆရာမြ သန်းစံနှင့်တွေ့ဆုံခြင်း

Photo: စစ်သားဆိုတာ ပြည်သူထဲက ပြည်သူပဲဟုဆိုသူ ဆရာမြသန်းစံနှင့်တွေ့ဆုံခြင်း
Wednesday, March 26, 2014

တပ်မတော်နေ့ နီးလာလျှင် ရုပ်သံလိုင်းများ မှ ဝေလည်းမွှေး၊ ကြွေလည်းမွှေး ရုပ်ရှင်ဇာတ် ကားကို နှစ်စဉ် ပြသလေ့ရှိသည်။ အဆိုပါ ရုပ်ရှင်ဇာတ်ကား ရုံတင်စဉ်က ပရိသတ် နှစ်ခြိုက်စွာ အားပေးခဲ့ပါသည်။ တပ်မတော်သားတစ်ယောက်ရဲ့ ဘဝအတွေ့အကြုံတွေ နဲ့ ပေါင်းစပ်ပြီး ဝေလည်းမွှေး၊ ကြွေလည်းမွှေး ရုပ်ရှင်ဇာတ်ကား၊ ဇာတ်လမ်းကိုဖန်တီးခဲ့သူ ဆရာမြသန်းစံနှင့် တွေ့ဆုံမေးမြန်းဖြစ် ခဲ့သည်။

► မေး ဝေလည်းမွှေး၊ ကြွေလည်းမွှေး ဇာတ်ကားကို စတင်ပြီး ဇာတ်လမ်းရေး ဖြစ်ခဲ့ပုံကို သိချင်ပါတယ်။

ဒါရိုက်တာ ခင်မောင်ဦး၊ စိုးသိမ်းထွဋ်ကလည်း စစ်ကားရိုက်နေတဲ့ အချိန် ကိုယ်ကလည်း တပ်မတော်မှာဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံတွေ ပေါင်းစပ်ပြီး ဇာတ်လမ်းရေးဖြစ် သွားတာပါ။ ပထမက ဦးကျော်ဟိန်းနဲ့ရိုက်ဖို့သွားပြောတာ သိပ်အဆင်ပြေဘူး။ ဒါ့အပြင့် ကျော်ဟိန်းရဲ့သား နေရာမှာ သရုပ်ဆောင်ဖို့ ကျော်သူနဲ့ သွားညှိခဲ့တယ်။ အဆင် မပြေခဲ့ဘူး။ ဇာတ်ကားမရိုက်ခင်မှာ ဦးကျော်ဟိန်းက ပေါ်လစီဇာတ်ကားလို့ပဲထင်နေတာ။
ဒါကြောင့် ငြင်းဆန်မှုတွေများခဲ့တယ်။ အငယ်နေရာအတွက် မင်းသား ရှာနေ တဲ့အချိန်မှာ ဦးကျော်ဟိန်းက သူ့ရဲ့တူ ထင်လင်း(ဒွေး) ရှိတယ်ဆိုပြီးပြောတာနဲ့ ခေါ်ရိုက်ဖြစ်တာ။ ဒွေးကလည်း စစ်သားဆံပင် ပုံစံဖြစ်နေတယ်။ ဇာတ်လမ်းက ကိုယ့်ဘ ဝရဲ့အစိတ်အပိုင်းတချို့နဲ့ ဆက်စပ်တယ်။ အဖေနဲ့အမေ ကွဲတယ်။ ဒါကြောင့် စစ်တပ်ထဲဝင်တယ်။ ဘဝအတွေ့အကြုံတွေပေါင်း စပ်ပြီးရေးဖြစ်သွားတာ။ စစ်ကား တစ် ကားရိုက်ရင် အချိန်ယူပြီးရိုက်ရတယ်။ ရိုးရိုးကားတွေလို အချိန်အနည်းဆုံးနဲ့ ရိုက်လို့မရဘူး။

► မေး – ဦးကျော်ဟိန်းက အနုပညာတစ်ခုကိုလုပ်ရင် စိတ်နှစ်ပြီးလုပ်တတ်တယ်။ ဒီဇာတ်ကားမှာ သူ့ရဲ့ကြိုးစားအားထုတ်မှုကို သိချင်ပါတယ်။

သူက ညပိုင်းတွေမှာဆိုရင်တပ်ထဲကို အမြဲရောက်လာတတ်တယ်။ အဲဒီအချိန်က တပ်မှာတကယ်ရှေ့တန်းထွက်ရမယ့် အချိန် ဖြစ်နေတယ်။ တကယ်စစ် သားတွေ ရှေ့တန်းထွက်တဲ့ အချိန်မှာ ဘယ်လိုခံစားနေရလဲဆိုတာကို လိုက်လေ့လာတယ်။
တကယ်ရှေ့တန်းထွက်တဲ့အချိန်ဖြစ်နေတဲ့အတွက် အဲဒီ ဇာတ်ရုပ်တွေ ရလိုက် တယ်။ တပ်ကြပ်ကြီးတစ်ယောက်ရဲ့ ဘဝကို သေ ချာ လေ့လာခဲ့တယ်။ နောက်တစ်ခုက ရိုက်ကွင်းကိုလာရင် မာစီဒီးကားနဲ့ စစ်ဝတ်စုံအပြည့်နဲ့လာတယ်။ သူက မလုပ်ခင် သာ ကြေး(ဂျီး)များတာ။ တကယ်လုပ်ပြီဆိုရင် အပီအပြင်လုပ်တယ်။ ရိုက်ကွင်းသွားရင်လည်း စစ်ကား နောက်မှာနေတတ် တယ်။ ရှေ့ခေါင်းခန်းမှာ ထိုင်ဖို့ခေါ်ရင်လည်း ကျွန်တော်က ဒီအချိန်မှာ တပ်ကြပ်ကြီးဖိုးစည်ဖြစ်သွားပြီလို့ အမြဲပြောတယ်။ ကာရိုက်တာထဲ အပြည့်ဝင်ခံစားလိုက်တယ်။ တကယ်လည်း ဆန်အိတ်တွေဝင် ထမ်းတာမျိုး လုပ်တယ်။
အသက်အရွယ်နဲ့မမျှအောင်ကို သရုပ်ဆောင်တယ်။ သူ့ရဲ့စိတ်ထဲမှာ ပြင်ဆင်လာတာတွေက အများကြီးပဲ။ ရိုက်ကွင်းမှာလည်း သူနဲ့ ခဏခဏစကား များရတယ်။ သူ လုပ်ချင်တာတွေ တအားများတယ်။ ရန်သူအပေါ်မှာ မီးလို၊ နေလို နေရပေမယ့် ပြည်သူနဲ့ကျရင် ရေလို၊ လလို ကျင့်ရမယ်ဆိုပြီး ပြောရတယ်။ ရိုက်ကွင်းအလယ် အရော က်မှာ ဇာတ်တစ်ခုလုံးကို သဘောပေါက်သွားတယ်။ စစ်သားတစ်ယောက်ရဲ့ မိသားစုဘဝ၊ တိုင်းပြည်အတွက် ဘယ်လိုရင်းရလဲဆိုတာ သိသွားတယ်။

► မေး – အခုနောက်ပိုင်း ပရိသတ်က ရုပ်ရှင်ရုံတွေမှာစစ်ကားတွေပြန် ကြည့်ချင်နေတဲ့အပေါ် ဆရာ သုံးသပ်ပေးပါဦး။

စစ်တပ်ထဲက စစ်သားဆိုတာကလည်း ပြည်သူ ထဲ က ပြည်သူပဲလေ။ မြန်မာနိုင်ငံမှာရှိတဲ့ စစ်သားတွေကလည်း ဒီအိမ်တွေထဲကပဲ ထွက်သွားတာပဲလေ။ ဒီလူတွေက သေ နတ်တွေကိုင်ပြီး တိုင်းပြည်ကိုကာကွယ်နေတယ်။
ကိုယ့်မိသားစုဝင်တွေ ဘယ်လိုနေထိုင်လဲဆိုတာကို သိချင်ကြမှာပဲ။ ဒါကသဘာဝပဲလေ။ စစ်ကား မှာ ပေါ်လစီ သိပ် များသွားရင် ပရိသတ်က သိပ်မကြိုက်ဘူး။ စစ်သားသည်လည်း လူသားပဲလေ။ ဒါကြောင့် ပရိသတ်က စိတ်ဝင်စားတာပါ။ ဒါကြောင့် စစ်ကားတွေ ရုပ်ရှင်ရုံတင်တဲ့အခါ ပရိ သတ်က အားပေးကြတာပါ။ စစ်တပ်ကိုမုန်းလားဆိုတော့ မမုန်းဘူး။ ချစ်ချင်တယ်။ ချစ်အောင်နေဖို့ကလည်း တပ်မတော်သားတွေတာဝန်ပဲလေ။

မေး – အခုနောက်ဆုံးရိုက်ကူးခဲ့တဲ့ အသက်ထက်မြတ်တဲ့ဂုဏ် ဇာတ်ကားအကြောင်း သိချင်ပါတယ်။

ဒါရိုက်တာ ခင်မောင်ဦး၊ စိုးသိမ်းထွဋ်နဲ့ ပြန်တိုင်ပင်ဖြစ်တယ်။ ” ဝေလည်းမွှေး၊ ကြွေလည်းမွှေး ” ကိုပဲ ပြန်လည်ဆန်းသစ်ဖို့ပါ။ ဇာတ်လမ်း ပြန်တည်ဆောက်ခဲ့တယ်။
အရင် ကားတုန်းက ဒွေးက နှစ်ကိုယ်ခွဲမဟုတ်ဘူး။ ဒီကားမှာ ကလေး (၂) ယောက်ထားလိုက်မယ်။ တစ်ယောက်က တပ်ကြပ်ကြီးဖိုးစည်နဲ့ အနီးကပ်နေပေမယ့် အရင် တုန်းက ဖခင်က အရင်သိတာ၊ အခုသားဘက်က ပြန်သိတာ။
အကုန်လုံးပြောင်းပြန်ဇာတ်လမ်း ပြန်လုပ်ထားတယ်။ အခု မော်ဒန်တပ်မတော်က ဘယ်လိုပုံစံသွားနေ လဲဆို တာကို သွားလေ့လာပြီး ရိုက်ကူးထားတယ်။ ဒီဇာတ်ကားက ” ဝေလည်းမွှေးကြွေလည်းမွှေး” ဇာတ်ကားပြီး ၁၈ နှစ်ကြာမှ ဒီဇာတ်ကားကို ရိုက်ကူးဖြစ်တာပါ။ ဒီဇာတ်ကား ရိုက်ဖို့ နယ်ကိုစသွားတော့ ထူးထူးခြားခြားဖြစ်တာက အရင်တုန်းက သရုပ်ဆောင်ခဲ့တဲ့တင့်တင့်ထွန်းက ကားပေါ်ပါလာ တယ်။ ဝေလည်းမွှေး ကြွေ လည်းမွှေး ကို ပြန် ဆန်း စစ်တဲ့အချိန်သူ့နဲ့တွေ့တော့ အံ့သြသွားတယ်။ ။

Popular Journalတပ်မတော်နေ့ နီးလာလျှင် ရုပ်သံလိုင်းများ မှ ဝေလည်းမွှေး၊ ကြွေလည်းမွှေး ရုပ်ရှင်ဇာတ် ကားကို နှစ်စဉ် ပြသလေ့ရှိသည်။ အဆိုပါ ရုပ်ရှင်ဇာတ်ကား ရုံတင်စဉ်က ပရိ သတ် နှစ်ခြိုက်စွာ အားပေးခဲ့ ပါသည်။ တပ်မတော်သားတစ်ယောက်ရဲ့ ဘဝအတွေ့ အကြုံတွေ နဲ့ ပေါင်းစပ်ပြီး ဝေ လည်းမွှေး၊ ကြွေ လည်းမွှေး ရုပ်ရှင်ဇာတ်ကား၊ ဇာတ်လမ်းကိုဖန်တီးခဲ့သူ ဆရာမြသန်းစံနှင့် တွေ့ဆုံမေးမြန်းဖြစ် ခဲ့သည်။
► မေး ဝေလည်းမွှေး၊ ကြွေလည်းမွှေး ဇာတ်ကားကို စတင်ပြီး ဇာတ်လမ်းရေး ဖြစ်ခဲ့ပုံကို သိချင်ပါတယ်။

ဒါရိုက်တာ ခင်မောင်ဦး၊ စိုးသိမ်းထွဋ်ကလည်း စစ်ကားရိုက်နေတဲ့ အချိန် ကိုယ်ကလည်း တပ်မတော် မှာဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံတွေ ပေါင်းစပ်ပြီး ဇာတ်လမ်းရေးဖြစ် သွားတာပါ။ ပထမက ဦးကျော်ဟိန်းနဲ့ ရိုက်ဖို့သွားပြောတာ သိပ်အဆင်ပြေဘူး။ ဒါ့အပြင့် ကျော်ဟိန်းရဲ့သား နေရာမှာ သရုပ်ဆောင်ဖို့ ကျော်သူနဲ့ သွားညှိခဲ့ တယ်။ အဆင် မပြေခဲ့ဘူး။ ဇာတ်ကားမရိုက်ခင်မှာ ဦးကျော်ဟိန်းက ပေါ်လစီဇာတ်ကားလို့ပဲ ထင်နေတာ။

ဒါကြောင့် ငြင်းဆန်မှုတွေများခဲ့တယ်။ အငယ်နေရာအတွက် မင်းသား ရှာနေ တဲ့အချိန်မှာ ဦးကျော်ဟိန်းက သူ့ရဲ့တူ ထင်လင်း(ဒွေး) ရှိတယ်ဆိုပြီးပြောတာနဲ့ ခေါ်ရိုက်ဖြစ်တာ။ ဒွေးကလည်း စစ်သားဆံပင် ပုံစံဖြစ်နေတယ်။ ဇာတ်လမ်းက ကိုယ့်ဘ ဝရဲ့အစိတ်အပိုင်းတချို့နဲ့ ဆက်စပ်တယ်။ အဖေနဲ့အမေ ကွဲတယ်။ ဒါကြောင့် စစ်တပ်ထဲဝင်တယ်။ ဘဝအတွေ့အကြုံတွေပေါင်း စပ်ပြီးရေးဖြစ်သွားတာ။ စစ်ကား တစ် ကားရိုက်ရင် အချိန်ယူပြီးရိုက်ရတယ်။ ရိုးရိုးကားတွေလို အချိန်အနည်းဆုံးနဲ့ ရိုက်လို့မရဘူး။

► မေး – ဦးကျော်ဟိန်းက အနုပညာတစ်ခုကိုလုပ်ရင် စိတ်နှစ်ပြီးလုပ်တတ်တယ်။ ဒီဇာတ်ကားမှာ သူ့ရဲ့ကြိုးစားအားထုတ်မှုကို သိချင်ပါတယ်။

သူက ညပိုင်းတွေမှာဆိုရင်တပ်ထဲကို အမြဲရောက်လာတတ်တယ်။ အဲဒီအချိန်က တပ်မှာတကယ်ရှေ့တန်းထွက်ရမယ့် အချိန် ဖြစ်နေတယ်။ တကယ်စစ် သားတွေ ရှေ့တန်းထွက်တဲ့ အချိန်မှာ ဘယ်လိုခံစားနေရလဲဆိုတာကို လိုက်လေ့လာတယ်။
တကယ်ရှေ့တန်းထွက်တဲ့အချိန်ဖြစ်နေတဲ့အတွက် အဲဒီ ဇာတ်ရုပ်တွေ ရလိုက် တယ်။ တပ်ကြပ်ကြီးတစ်ယောက်ရဲ့ ဘဝကို သေ ချာ လေ့လာခဲ့တယ်။ နောက်တစ်ခုက ရိုက်ကွင်းကိုလာရင် မာစီဒီးကားနဲ့ စစ်ဝတ်စုံအပြည့်နဲ့လာတယ်။ သူက မလုပ်ခင် သာ ကြေး(ဂျီး)များတာ။ တကယ်လုပ်ပြီဆိုရင် အပီအပြင်လုပ်တယ်။ ရိုက်ကွင်းသွားရင်လည်း စစ်ကား နောက်မှာနေတတ် တယ်။ ရှေ့ခေါင်းခန်းမှာ ထိုင်ဖို့ခေါ်ရင်လည်း ကျွန်တော်က ဒီအချိန်မှာ တပ်ကြပ်ကြီးဖိုးစည်ဖြစ်သွားပြီလို့ အမြဲပြောတယ်။ ကာရိုက်တာထဲ အပြည့်ဝင်ခံစားလိုက်တယ်။ တကယ်လည်း ဆန်အိတ်တွေဝင် ထမ်းတာမျိုး လုပ်တယ်။
အသက်အရွယ်နဲ့မမျှအောင်ကို သရုပ်ဆောင်တယ်။ သူ့ရဲ့စိတ်ထဲမှာ ပြင်ဆင်လာတာတွေက အများကြီးပဲ။ ရိုက်ကွင်းမှာလည်း သူနဲ့ ခဏခဏစကား များရတယ်။ သူ လုပ်ချင်တာတွေ တအားများတယ်။ ရန်သူအပေါ်မှာ မီးလို၊ နေလို နေရပေမယ့် ပြည်သူနဲ့ကျရင် ရေလို၊ လလို ကျင့်ရမယ်ဆိုပြီး ပြောရတယ်။ ရိုက်ကွင်းအလယ် အရော က်မှာ ဇာတ်တစ်ခုလုံးကို သဘောပေါက်သွားတယ်။ စစ်သားတစ်ယောက်ရဲ့ မိသားစုဘဝ၊ တိုင်းပြည်အတွက် ဘယ်လိုရင်းရလဲဆိုတာ သိသွားတယ်။

► မေး – အခုနောက်ပိုင်း ပရိသတ်က ရုပ်ရှင်ရုံတွေမှာစစ်ကားတွေပြန် ကြည့်ချင်နေတဲ့အပေါ် ဆရာ သုံးသပ်ပေးပါဦး။

စစ်တပ်ထဲက စစ်သားဆိုတာကလည်း ပြည်သူ ထဲ က ပြည်သူပဲလေ။ မြန်မာနိုင်ငံမှာရှိတဲ့ စစ်သားတွေကလည်း ဒီအိမ်တွေထဲကပဲ ထွက်သွားတာပဲလေ။ ဒီလူတွေက သေ နတ်တွေကိုင်ပြီး တိုင်းပြည်ကိုကာကွယ်နေတယ်။
ကိုယ့်မိသားစုဝင်တွေ ဘယ်လိုနေထိုင်လဲဆိုတာကို သိချင်ကြမှာပဲ။ ဒါကသဘာဝပဲလေ။ စစ်ကား မှာ ပေါ်လစီ သိပ် များသွားရင် ပရိသတ်က သိပ်မကြိုက်ဘူး။ စစ်သားသည်လည်း လူသားပဲလေ။ ဒါကြောင့် ပရိသတ်က စိတ်ဝင်စားတာပါ။ ဒါကြောင့် စစ်ကားတွေ ရုပ်ရှင်ရုံတင်တဲ့အခါ ပရိ သတ်က အားပေးကြတာပါ။ စစ်တပ်ကိုမုန်းလားဆိုတော့ မမုန်းဘူး။ ချစ်ချင်တယ်။ ချစ်အောင်နေဖို့ကလည်း တပ်မတော်သားတွေတာဝန်ပဲလေ။

မေး – အခုနောက်ဆုံးရိုက်ကူးခဲ့တဲ့ အသက်ထက်မြတ်တဲ့ဂုဏ် ဇာတ်ကားအကြောင်း သိချင်ပါတယ်။

ဒါရိုက်တာ ခင်မောင်ဦး၊ စိုးသိမ်းထွဋ်နဲ့ ပြန်တိုင်ပင်ဖြစ်တယ်။ ” ဝေလည်းမွှေး၊ ကြွေလည်းမွှေး ” ကိုပဲ ပြန်လည်ဆန်းသစ်ဖို့ပါ။ ဇာတ်လမ်း ပြန်တည်ဆောက်ခဲ့တယ်။
အရင် ကားတုန်းက ဒွေးက နှစ်ကိုယ်ခွဲမဟုတ်ဘူး။ ဒီကားမှာ ကလေး (၂) ယောက်ထားလိုက်မယ်။ တစ်ယောက်က တပ်ကြပ်ကြီးဖိုးစည်နဲ့ အနီးကပ်နေပေမယ့် အရင် တုန်းက ဖခင်က အရင်သိတာ၊ အခုသားဘက်က ပြန်သိတာ။
အကုန်လုံးပြောင်းပြန်ဇာတ်လမ်း ပြန်လုပ်ထားတယ်။ အခု မော်ဒန်တပ်မတော်က ဘယ်လိုပုံစံသွားနေ လဲဆို တာကို သွားလေ့လာပြီး ရိုက်ကူးထားတယ်။ ဒီဇာတ်ကားက ” ဝေလည်းမွှေးကြွေလည်းမွှေး” ဇာတ်ကားပြီး ၁၈ နှစ်ကြာမှ ဒီဇာတ်ကားကို ရိုက်ကူးဖြစ်တာပါ။ ဒီဇာတ်ကား ရိုက်ဖို့ နယ်ကိုစသွားတော့ ထူးထူးခြားခြားဖြစ်တာက အရင်တုန်းက သရုပ်ဆောင်ခဲ့တဲ့တင့်တင့်ထွန်းက ကားပေါ်ပါလာ တယ်။ ဝေလည်းမွှေး ကြွေ လည်းမွှေး ကို ပြန် ဆန်း စစ်တဲ့အချိန်သူ့နဲ့တွေ့တော့ အံ့သြသွားတယ်။ ။

Popular Journal

No comments:

Post a Comment