Saturday, March 29, 2014

မဟာအံ့ထူးကံသာ ဆုတောင်းပြည့် ဘုရားကြီးပရဝုဏ်ဧရိယာ အတွင်းမှ ရတနာပစ္စည်းများ တူးဖော်တွေ့ရှိခြင်း

ပြင်ဦးလွင်မြို့နယ်ရှိ မဟာအံ့ထူးကံသာ ဆုတောင်းပြည့် ဘုရားကြီး၏ အရှေ့ ဘက်  ကျောက်တောင်ကုန်းအား တန်ဆောင် တိုင်ပွဲ ကျင်းပရန်အ
တွက် မြေပြုပြင်ခြင်း ဆောင် ရွက်ခဲ့ရာ ၉-၃-၂ဝ၁၃ ရက်နေ့ ညနေ ၁၅၃ဝ နာရီခန့်တွင် ရတနာ ပစ္စည်းများ ထည့်ထားသော ဒန်ချိုင့်ဟောင်း တစ်လုံးအား တွေ့ရှိခဲ့ပါသည်။
ထိုလက်ဝတ်ရတနာ ပစ္စည်းများအား ဘုရားဂေါပက ဥက္ကဌနှင့် အဖွဲ့ဝင်များမှ အသေးစိတ် အမျိုးအစား ခွဲခြားစိစစ် ချိန်တွယ်ခဲ့ရာ ရှေးဟောင်းလက်ဝတ် ရတနာပစ္စည်း ၂၇ မျိုး၊ ရွှေအလေးချိန် ၄၁ ကျပ်သား ၁၂ ပဲ ဝန်းကျင်ရှိကြောင်း သိရှိရပါသည်။ အဆိုပါ ရွှေထည် လက်ဝတ် ရတနာပစ္စည်းများသည် မဟာအံ့ထူးကံသာ ဆုတောင်းပြည့် ဘုရားကြီး၏ သာသနာ့နယ်မြေ အတွင်းမှ ပေါ်ထွန်းလာသည့် ပစ္စည်းများဖြစ်သည့် အတွက် ဗုဒ္ဓသာသနိက ပစ္စည်းအဖြစ် သတ်မှတ်၍ ဂန္ဓကုဋိ တိုက်တော်အတွင်း အများပြည်သူ ကုသိုလ်ယူ သဒ္ဓါပွားများ နိုင်စေရန် ရည်ရွယ်၍ ခင်းကျင်း ပြသသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment