Wednesday, March 26, 2014

“ပေးဆပ်မှုကုသိုလ်အပြည့်နဲ့ မြင့်မြတ်နိမ့်ကျတဲ့ ဘ၀ အမှတ်တရ...”


တစ်ရက် အလယ်တန်းကျောင်းသားဘ၀ ညနေဘက် ကျူရှင်ဆင်းတော့ တပ်လိုင်းခန်းထဲမှာ အိမ်နီး ချင်း သူငယ်ချင်း ညီမလေးရဲ ဖေဖေ ပင်လယ်ပြင် လုံခြုံရေး စစ်ဆင်ရေးမှာ မုန်တိုင်းအရမ်း ထန်နေ တဲ့ အချိန် ရဲဘော်များနဲ့အတူ သင်္ဘောအခြေအနေထွက် ကြည့်ရင်း Life Jacket ၀တ်ထား ပါလက် ပင်လယ်ကြီးရဲ့ ၀ါးမျိုခြင်းကို ခံလိုက်ရတယ်။ တစ်ပတ်ကြာတဲ့အထိ ရှာမရ။ အဲဒီ ဆရာကြီးအတွက် ကုသိုလ်ကောင်းမှုတွေလုပ်ကျပေါ့ စစ်တပ်ထုံးစံအတိုင်း ၂ပတ်ကျတော့ တပ်ပြေးကြေငြာ ပေးခြင်း ခံရသေးတယ်။ တစ်လပြည့်မှ ပင်လယ်ပြင် တစ်နေရာမှာ အလောင်းကိုတွေ့တယ်။ ယူနီဖောင်း ရာထူးနဲ့ Life Jacket ကိုကြည့်ပြီး အလောင်းကို အတည်ပြုရတယ်။ ရုပ်က ဖမ်းမရတော့ဘူး။ ကျ ဆုံးပေါ့။
ကျွန်တော်တို့ တပ်မိသားစုတွေမှာသိပ်ချစ်စရာ ကောင်းတဲ့ ဓလေ့ကမိသားစုတစ်စုအပူကို  နောက် ကျန်တဲ့မိသားစုတွေက ကိုယ့်အပူလို့ မျှဝေခံစား စာနာပေးကျခြင်းပဲ။ စဖြစ်တဲ့နေ့ကတည်းက ရက် လည် အလှူအတန်းလုပ်ပြီးသည်အထိ သူတို့မိသားစုနဲ့အတူ အဖော်လုပ်ပေးကျတယ်။ ကိုယ့် အိမ်က ရှိတာလေး ကိုယ်ယူလာပြီး ပူဆွေးနေတဲ့ မိသားစုကို ထမင်းချက် ရေခပ်စရာပင်မလိုအောင် ၀ိုင်းလုပ်ပေးကျတယ်။ ကျွန်တော်တို့ကလဲ အဲဒီညီမလေးနဲ့ အတူကစား အတူစားကျ အတူ ကျောင်း သွားကျတယ်။ ခုချိန်ထိ အဲဒီညီမလေး အိမ်ထောင်ကျ ကလေးတွေရ တာတောင် သူနှင့် သူအမျိုးသားက ကျွန်တော်တို့ကို အစ်ကိုကြီးလို ရိုသေ ချစ်ခင်ရှာကျတယ်။ ဆုံးမတာ နာယူ တယ်။ နိုင်သလောက် အပြန်အလှန် မေတ္တာနဲ့ စောင့်ရှောက်ကျတယ်.....။

နောက်တစ်ယောက်က အဖေ့တပည့် ဘွဲ့ရ ဒုတပ်ကြပ်ကလေး ဗိုလ်သင်တန်းဖြေဖို့ သတင်းမ ပို့ ခင် နောက်ဆုံး စစ်ဆင်ရေး ပင်လယ်ပြင်မှာ တရားမ၀င် သင်္ဘော စစ်ဆေး စဉ် တစ်ဘက်ရန်သူက အတင်းဝင်လုံး ဓါးနှင့် ခုတ်ရင် ရန်သူရော စစ်သည်ပါ လုံးထွေးရင်း ပင်လယ်ထဲ ပြုတ်ကျသွားပြီး ရန်သူကို အသေမိပေမယ့် စစ်သည်ကိုတော့ ခုထိ ရှာမရခဲ့။ သူ့အစ်ကိုနဲ့ မိဘတွေလိုက်လာတော့ အဖေက စောင့်ရှောက် ကူညီပြီး လိုတာ တွေလိုက်လုပ်ပေးခဲ့တယ်။ သူတဖွဖွပြောနေတဲ့ သူရည် မှန်းချက်လေး ပျက်သွား ရရှာတယ်ဆိုတာကို အဖေက မျက်ရည်တွေနဲ့ သူ့တပည့် သားလေး တစ်ယောက်လို လွမ်းလွမ်းဆွတ်ဆွတ် ပြန်ပြောဖူးတယ်။

တစ်ခါတစ်လေ အရပ်ဘက်က သူငယ်ချင်းတွေက မင်းတို့စစ်တပ်မှာ စစ်သားတင် မဟုတ်ဘူး တပ်မိသားစုကိုပါ Brain Wash လုပ်ထားတာတဲ့။ တကယ်တမ်းတော့ မဟုတ်ပါဘူး။ အညတရ စစ်သားဆိုတာ နိုင်ငံရေးလောကသားတွေလို မဟုတ်ဘူး။ လူမသိဘူး။ သူဝါသနာပါလို့ လုပ်တဲ့ စစ်သားဘ၀မှာ ရတဲ့လစာနဲ့ ကျွေးတာစား ပေးတဲ့တာဝန်နဲ့ ကျရာနေရာကို သူနဲ့ သူ့ပါရမီဖြည့် ဘက်ရော။ သားသမီးတွေပါ အတူ ဘ၀ကို ဖြတ်သန်းရတာပါ။ တပ်ထဲကို ၀င်လာတာ ဘယ်သူမှ မသိသလို တိုင်းပြည်အတွက် အသက်ပေးခဲ့ကျပြန်ရင်လဲ ဘယ်သူမှမသိဘူး။ ကုန်ကုန်ပြောရ ရင် ရှေ့တမ်းမှာ ဒဏ်ရာရရင်တောင် ဆေးဝါးဆုံတဲ့ ဆေးရုံရောက်ဖို့မလွယ်ဘူး။ ဆုတံဆိပ် ဆိုတာ ဘာမှန်းတောင်မသိ နိုင်ငံတကာ ထောက်ပံ့ကြေးဆိုတာမသိပဲ သူတို့ကို ထောက်ခံမဲ့ ပြည် သူနဲ့ နိုင်ငံ တကာအသိုင်းအ၀ိုင်း နိုင်ငံရေးလောက သားတွေလို မရှိဘူး။ တိတ်တဆိတ် ကြေကွဲစရာ ဘ၀တွေက ဒုနဲ့ဒေး။

အဲဒီလို လူမသိလိုက်တဲ့ ပေးဆပ်မှုကုသိုလ်အပြည့်နဲ့ မြင့်မြတ်နိမ့်ကျတဲ့ ဘ၀တွေကို ဘယ်သူတွေက စာနာနိုင်ကျမှာလဲ ? စာနာဖို့နေနေသာသာ ရှိတယ်ဆိုတာတောင် မသိတဲ့သူတွေ အများကြီး။ ဘ၀တူ ကိုယ်တွေအချင်းချင်းပဲ စာနာ နားလည် နိုင်ကျတာလေ၊ အဲဒါ Brain Wash လုံးဝ လုံးဝ မဟုတ် ဘူး။ ကိုယ်အချင်းချင်းမထူရင် ဘယ်သူထူမလဲ။ ကျောင်းတက် တက္ကသိုလ် တက်တော့လဲ မင်းအဖေဘာလုပ်လဲ စစ်သားဆိုတာနဲ့ နာမည် တန်းရတာပဲ “ဟန်းကော”တဲ့။

(နိုင်ငံရေးလောကသား တည်ဆဲဥပဒေကို ချိုးဖောက် ကန့်လန့်တိုက်လို့ နှစ်အကန့်
အသတ် နဲ့ ထောင်ထဲရောက်တာ ထောင်ထဲ အချိန်မှန်စား အခင်းအကျင်း ဆင်းရဲတာကို ဇာတ်နာကျစတမ်းဆို စစ်သားတွေ စားစရာ ဆေးဝါးမပြည့်အဆုံနဲ့ တောထဲ တောင်ထဲ ကမ်းလွန် ပင်လယ်ထဲမှာ နှစ်ရှည်လများ မမြင်နိုင်တဲ့ အန္တရာယ်တွေကြား တာဝန်ထမ်းနေတာ တစ်တိုင်းပြည် လုံး အေးအေးချမ်းချမ်းနဲ့ သွားလာစားသောက် အိပ်စက်နေချိန်မှာ စားစရာချို့ချို့ငှဲ့ငှဲ့နဲ့  ခြင်ရိုက် ဖြုတ်ရိုက် မြေသားပေါ်မှာ နေပူမရှောင် မိုးရွာမရှောင် ကင်းစောင့်နေတဲ့ စစ်သား တစ်ယောက်က သူ့ကိုယ်သူ ဇာတ်နာတယ် မတွေးတဲ့အပြင် ကျေနပ်ပီတိတွေအပြည့်နဲ့)
ရေတပ်မိသားစု ဘ၀ ကိုယ်တွေ့ အမှတ်တရ...
သီဟမောင်မောင်

No comments:

Post a Comment