Saturday, March 29, 2014

တပ်မတော်နေ့မှာ တပ်မတော်က ဘာလက်နက်တွေ ပြသသွား လဲ ??

မင်္ဂလာပါခင်ဗျာ....။
အားလုံးနည်းတူ စစ်လက်နက်စိတ်ဝင်စားတဲ့ ကျွှန်တော့်အတွက်တော့ ဒီကနေ့ဟာ ရင်ခုန်စရာအကောင်းဆုံးနှင့် ဂုဏ်အယူရဆုံးသော နေ့တစ်နေ့ပဲဖြစ်ပါတယ်...။ (၆၈)နှစ်မြောက် တပ်မတော်နေ့ကနေစပြီး စစ်လက်နက်များပါဝင်ပြသခဲ့တာဟာ အခုဆိုရင် (၂)တိတိပြည့်မြောက်သွားပြီး ဖြစ်သလို မြန်မာ့တပ်မတော်ရဲ့ လက်နက်စွမ်းရည်များအကြောင်းကိုလည်း ထပ်မံသိခွင့်တဲ့နေ့လည်းဖြစ်ပါတယ်...။ တပ်မတော်နေ့ အောင်ဆန်းစစ်ကြောင်းနှင့် ပါဝင်ချီတက်ခဲ့ကြတဲ့ လက်နက်စနစ်များရဲ့ ပုံများကို ဖော်ပြပေးချင်ပါတယ်...။

ဒီကနေ့ ထုတ်ဖော်ပြသခဲ့တဲ့ လက်နက်စနစ်များကတော့--
၁.Type-59M ပင်မတိုက်ပွဲဝင် တင့်ကားများ
၂.EE-9 Cascavel ခေါ် သံချပ်ကာယာဉ်/အပေါ့စားတင့်များ
၃.PTL-02 ၁၀၅မမအမြောက်သုံး တင့်ဖျက်ယာဉ်များ
၎.SH-1 ၁၅၅မမ ဟောင်ဝစ်ဇာ အမြောက်ကြီးများ
၅.Type-81 ၁၂၂မမ အတွဲလိုက်ဒုံးပစ်ယာဉ်များ
၆.D-30M2 ၁၂၂မမ ယာဉ်ဆွဲအမြောက်များ
၇.Pechora 2M မြေပြင်မှ ဝေဟင်ပစ်ဒုံးများ
၈.၂၅မမ ယာဉ်တင် လေယာဉ်ပစ်စက်အမြောက်များ
၉.TWL (Smart Hunter Radar) ခေါ် တာတိုကင်းထောက်နှင့် ရှာဖွေရေးရေဒါများ
၁၀.MADV-1 ခေါ် Igla ပခုံထမ်းဒုံးတင်ယာဉ်များ ဘဲဖြစ်ပါတယ်...။
အထက်ပါ စာရင်းများရှိ လက်နက်စနစ်များကို အရင်ကလည်း ဖော်ပြဘူးပြီးမို့ ပုံများသာအဓိကတင်ပြပေးသွားပါ့မယ်...။
Type-59M ပင်မတိုက်ပွဲဝင် တင့်ကားများ
EE-9 Cascavel ခေါ် သံချပ်ကာယာဉ်/အပေါ့စားတင့်များ




PTL-02 ၁၀၅မမအမြောက်သုံး တင့်ဖျက်ယာဉ်များ



SH-1 ၁၅၅မမ ဟောင်ဝစ်ဇာ အမြောက်ကြီးများ



Type-81 ၁၂၂မမ အတွဲလိုက်ဒုံးပစ်ယာဉ်များ



D-30M2 ၁၂၂မမ ယာဉ်ဆွဲအမြောက်များ



Pechora 2M မြေပြင်မှ ဝေဟင်ပစ်ဒုံးများ



၂၅မမ ယာဉ်တင် လေယာဉ်ပစ်စက်အမြောက်များ



TWL (Smart Hunter Radar) ခေါ် တာတိုကင်းထောက်နှင့် ရှာဖွေရေးရေဒါများ



MADV-1 ခေါ် Igla ပခုံထမ်းဒုံးတင်ယာဉ်များ


ဖော်ပြပါ လက်နက်စနစ်များအကြောင်းကို အတော်များများ လည်း သိပြီးဖြစ်မယ်လို့ မျှော်လင့် ပါတယ်...။ အကြမ်းအားဖြင့် လက်နက်စနစ် (၁၀)မျိုး ပြသခဲ့တာဖြစ်ပြီးတော့ အများစု ဟာ ပြည် တွင်း ထုတ် နည်းပညာများဖြစ်တာရယ်၊ အချို့လက်နက်စနစ်များကိုပင် ပြည်ပနိုင်ငံများမှ ဝယ်ယူ အသုံးပြုနေပြီးဆိုတာ သိရတဲ့အတွက် ကျွှန်တော့်အတွက်တော့ အထူးဂုဏ်ယူဝမ်းသာမိသလို တပ်မတော်ရဲ့ ကာကွယ်ရေးစွမ်းရည်ကို ပိုမိုယုံကြည်စိတ်ချမှု အမှန်တကယ်ကိုဖြစ်စေခဲ့မိပါတယ်....။
စစ်သည်များရဲ့ ချေမှုန်းရေးရိုင်ဖယ်များနှင့် လေတပ်ပုံများလည်း အလျှင်းသင့်သလို စုစည်း တင်ပြပေး ပါဦးမယ်...။
(ပုံအသုံးပြုခွင့်ပြုသည့် ညီ၊အစ်ကိုများအား အထူးကျေးဇူးတင်ရှိကြောင်းပါခင်ဗျာ....။)
အားလုံးကိုလေးစားလျှက်-
KoMM

No comments:

Post a Comment