Monday, August 12, 2013

Seagames မှအတွေးတစ်စ(သို့) အရူးအိတ်နှင့်စိတ်ပုတီး

 ဒီနေ့မနက် စောစောအိပ်ယာ ထ ဖြစ်သည်။
 နိုးနိုးချင်း  ပြတင်းတံခါးအဖွင့်မှာ ဖြတ်တိုက်
လာတဲ့ လေပြေအေးကြောင့် အ၀တ်လဲ၍ လမ်းဆင်းလျှောက်ချင်တဲ့ စိတ်တို့ ဖြစ်ပေါ် မိသည်နှင့်အမျှ လမ်းလျှောက်ထွက်ခဲ့မိ၏။
 နံနက်ခင်း၏အလင်းစနှင့်တိတ်ဆိတ်ခြင်းတို့က
 အလွန်ကိုပနံရလှ၏။တစ်နေရာအရောက်သော်
တိတ်ဆိတ်ခြင်း ကိုဖောက်ထွက်ပြီးအော်သံ ဟစ်သံဆူညံသံတွေက ဖုံးလွှမ်းလျှံထွက်နေလေ သည်။ ထိုအခြင်းအရာသည် ဈေးပဲဖြစ်မည်ဟု ကျွန်တော်ထင်ပါသည်။သို့သော် ကျွန်တော် ၏ အထင်သည် ထိုအနားကို ကျွန်တော် ရောက် မှ တတ် တတ်စင်အောင် လွဲနေမှန်း သိခွင့်ရပါတော့ သည်။အမှန်ကား ထိုနေရာသည် ဈေးမဟုတ်ပါ။ ပြေးသူက ပြေး ၊ အလံကိုင်သူက အလံကိုင် ၊ ဆိုသူက ဆို ၊ခါး လေးလှုပ်နေသူက လှုပ်နေ စသည်ဖြင့် အမူအနေအထားအမျိုးမျိုးနှင့်
လှုပ် ရှားနေ ကြသော လူငယ်လူရွယ်တို့ဖြစ်ကြပါသည်။သို့နှင့် ကျွန်တော် သည် အမှု မဲ့ အမှတ် မဲ့ပင် မိမိလျှောက်လိုရာ နေရာအထိ လမ်းလျှောက်ပြီး ပြန်ရောက် ရေမိုးချိုး၍ တစ်နေ့တာ လုပ် ငန်းများအား ခေါင်းထဲ အစီအရီထည့်ရင်း တစ်နေ့တာ လုပ်ငန်းများ အတွက် စတင်ချီတက်ခဲ့ပါ သည်။အလုပ်လုပ်နေ၍ဖြစ်မည်ထင်၏ အချိန်ကား အကုန်မြန်လှသည် ထင်ရသည်။ ကျွန်တော်  လက်မှနာရီပင်ကျွန်တော်အား၁၁နာရီထိုးကြောင်းအသံတိတ်ညွှန်ပြနေလေပြီ ဖြစ်သည်။ကျွန်တော် အလုပ်မှ နေ့လည်စာစားရန် ပြန်လာခဲ့ပါသည်ထိုအချိန်တွင် ကျွန်တော့်၏ စူးစမ်းချင်စိတ် တို့သည်
ကျွန်တော် ၏ ဆာလောင်စိတ်အား လွှမ်းမိုးသွားသည် ထင်ပါ၏။ အကြောင်းမှာ -
မနက် ခင်း လမ်းလျှောက်စဉ် က အမူအယာ အမျိုးမျိုး နဲ့ ဆူဆူညံညံ လူရွယ် အုပ်စုသည်
ထိုအချိန်ထိ နေပူကျဲကျဲတွင်လေ့ကျင့်နေကြဆဲ ဖြစ်သည်။ ကျွန်တော် အထင် သူတို့လေးတွေသည်
ကျောင်းပြပွဲ (၀ါ) ကျောင်းကပွဲ တစ်ခုခု အတွက် လေ့ကျင့်နေကြသည်ဟု ထင်မိပါသည်။ သို့  ဖြင့် ကျွန်တော် လဲ စိတ်ဝင်စားခြင်းကြောင့်  ရပ်၍ ခနကြည့်မိပါသည်။ ကြည့်ကောင်းကောင်းဖြင့်
ကျွန်တော် ရပ်ကြည့်နေရင်း ငါးမိနစ် ခန့်အကြာလောက်ရှိမည်ထင်သည်  သူတို့လေးတွေ လူ အုပ်စု ခွဲကြလေသည်။ ချက်ချင်းပင် ထမင်းစား နားကြသည် ဖြစ်မည်ထင်သည်ဟု ကျွန်တော် ယုံကြည် ပါသည်။
    ထို့နောက် ထမင်းစား နားဖို့ ကျွန်တော် အနားက နေ ဖြတ်သွားတဲ့ လူရွယ်တစ်ယောက် ကို ဘာအတွက်လေ့ကျင့်နေကြတာလဲ ဟု မေးမိပါသည်။
"ညီလေး မင်းတို့ ဘာအတွက်လေ့ကျင့်နေကြတာလဲ"......"sea game "ဖွင့်ပွဲအတွက်  လေ့ကျင့် နေကြကြောင်း  သူပြောမှ "ဟာ" ဟုတ်ပေသားပဲ ကျွန်တော် မေ့နေတာဖြစ်သည်။
ဒါ့ထက် "မနက်ထဲ က အကိုမြင်တယ် ...နေ့လည်နေ့ခင်းအထိတောင် ..နေကလဲပူတယ်..မပင် ပန်း ဘူးလား "်ဟု  လူငယ်စိတ် ကို သိချင်စောနဲ့ ခပ်စွစွလေး မေးကြည့်လိုက်ပါသည်။"ပူတာတော့
ပူတာပေါ့ အကိုရာ..ဒါပေမယ့် နိုင်ငံတကာ နဲ့ ယှဉ်နွဲရမယ့် ပွဲမှာ ကျွန်တော် တို့က မှ ဖွင့်ပွဲ အ တွက်လေးပဲ လေ့ကျင့်ကြရတာ ..ပြိုင်ပွဲဝင်တဲ့ သူတွေဆို နိုင်ငံအတွက် ရွှေတံဆိပ်ဆုတွေ ရဖို့ အပြင်းအ ထန်ကြိုးစားနေကြတာ"..။ ထိုလူငယ် လဲ ထမင်းစာလာသည် ထင်မည် ပြောပြီး ဆက် ထွက်သွားတော့သည်။
ဒါပေမယ့် ကျွန်တော် ကိုတော့ အတွေးများဖြင့် ကျန်ခဲ့စေပါသည်။ကျွန်တော် မြင်မိဖူးသော လူငယ်များထဲတွင် ထိုလူငယ်သည် ထူခြားသောတစ်ယောက်ဖြစ်သည်။သူအဖြေ လေးကို လဲ  ကျွန်တော် သဘောကြမိသည်။ယခုခေတ် လူငယ်များသည် နိုင်ငံအတွက်  ကြရာနေရာမှ တာဝန် ထမ်းဆောင်ရန် ပျက်ကွက်နေကြသည်။
လဘက်ရည်ဆိုင်များတွင် အချိန်တိုင်း လူပြည့်၍နေကြသည်။ကျောင်းသား တစ်ယောက်၏ နိုင်ငံ အတွက် တာဝန်မှာ စာကို ကောင်းစွာ သင်ကြားရန်ဖြစ်သည်။သို့သော် ကန်မ်တင်း မှာ သာ လူပြည့် နေသည်။ပြသသည့် ဇာတ်ကားများသည်ပင် တက္ကသိုလ်ကျောင်းသား ဇာတ်ကားသည် ကန်မ်တင်းမှာ သာ ထိုင် ရည်းစားရ ဇာတ်လမ်းသိမ်းကြသည်.။ထိုကြောင့် လူငယ်တို့ အတုယူမှားသည် ကို အပြစ်မဆိုသာ။ ဒါပေမယ့် ထိုလူငယ်လို စိတ်မျိုး ဖြင့် နိုင်ငံ တာဝန်ကို
ကြရာထမ်းဆောင်ချင်စိတ်ကလေး ရှိကြလျှင်ပင် ဖွံ့ဖြိုးဆဲဖြစ်သော ကျွန်တော် တို့ နိုင်ငံအတွက် တစ်တပ်တစ်အားပင်ဖြစ်သည်။တစ်ခါက နိုင်ငံခြားသားမိတ်ဆွေတစ်ယောက်ကပျက်ရယ်ပြုခြင်းကိုကျွန်တော် အောင့်သက်သက်ဖြင့် ခံရဖူးသည်။ ကျွန်တော် နဲ့ သူ တစ်နေ့ လမ်းလျှောက်ထွက်ရင်း သူက ထူးဆန်းတဲ့ မေးခွန်းတစ် ခု မေးခဲ့တယ်။"ရေခံမြေခံ နဲ့သာယာ တဲ့ မင်းတို့ နိုင်ငံမှာ လူငယ်တွေက တစ်နေ ကုန် လဘက် ရည်ဆိုင်ထိုင်ပြီး ဘာလုပ်နေကြတာလဲ"ဆိုတော့ ကျွန်တော် မှာ အဖြေမရှိဖြစ်ခဲ့ဖူးသည်။ ယနေ့ထိ လဲ ထိုမေးခွန်းကို ဘယ်လိုဖြေရမလဲ ကျွန်တော် မသိပါ။
    နိုင်ငံတာဝန်ထမ်းဆောင်တယ်ဆိုတာနက်နက်နဲနဲ တွေးစရာမလိုပါ။နိုင်ငံအတွင်းသန့်ရှင်းအောင်
အမှိုက်ကိုစည်းကမ်းရှိစွာ ပစ်ခြင်းသည်ပင် နိုင်ငံတာဝန် ထမ်းဆောင်ခြင်းဖြစ်သည်ဟု အဓိပ္ပါယ် ဖွင့်ဆိုလျှင်ပင် မှားနိုင်မည် မထင်ပါ။ သို့သော် ထိုကဲ့သို့သေးသေးမွှားမွှား များကိုပင် အလေး ထားခြင်း မရှိသော ကျွန်တော်တို့နိုင်ငံသည်စည်းကမ်း မရှိသော အခါ မည့်သူ သမ္မတ တက်တက် အခက်တွေနဲ့ ရတက်ပွေနေရမည်ဖြစ်သည်။ထို့အတူ ၁၉ နေ့ရောက်လျှင်သာ ငမ်းငမ်းလျ ချစ်ပြ ကြ ပြီး ၊ ဗိုလ်ချုပ်အသံမာမာ နဲ့ ပြောခဲ့တဲ့  "စည်းကမ်း" နှင့် ပတ်သတ်ပြီး ပြည်သူချစ်သော  ဗိုလ်ချုပ် အသံဖြင့် ပြောခဲ့သည်ကိုပင် မေ့ခြင်းအမျှ မေ့ထားကြသည်။" နိုင်ငံတစ်ခု ၏ အနာဂါတ် သည် ထိုနိုင်ငံအတွင်း ရှိလူငယ်ဖြစ်သည်"ဟု ကျယ်ကျယ်လောင်လောင်အော်ကြငြားလည်း ၊ စည်းကမ်းနဲ့ စိတ်ဓာတ် ခံယူချက်ယုတ်လျော့သော လူငယ်တို့နှင့် အနာဂါတ် နိုင်ငံတော် သည် "အရုးအိတ် မှ စိတ်ပုတီး "လို ပင်ဖြစ်နေပါတော့မည်။


By ပြည်သူတစ်ဦး

No comments:

Post a Comment