Monday, August 12, 2013

မေတ္တာပြောတဲ့ ရှစ်လေးလုံးမှ လူမိုက်များ

၂၀၁၃ သြဂုတ်လသည် မြန်မာပြည် လွတ်လပ်ရေး ရပြီးနောက် အကြီးမား   ဆုံးသော ဆူပူလူထုအုံကြွမှုကြီး ဖြစ်ခဲ့သည့် ၂၅ နှစ်ပြည့်မည့် ကာလဖြစ်သည်။ ထို့ကြောင့်  ရှစ်လေးလုံး ဆူပူအုံကြွမှုကြီးတွင် ကဏ္ဍ အသီးသီးမှ နည်းမျိုးစုံ ပါဝင်ပတ်သက်ခဲ့ သူများ၊ တွေ့ကြုံခဲ့ရသူများ၏
ပြန်လည်ပြောပြချက်များထဲမှ နိုင်ငံကျော်

လူရွှင်တော် မေတ္တာမှ ပြောပြခဲ့သည်များကို
 ဖော်ပြလိုက်ရပါသည်။

လူရွှင်တော်မေတ္တာမှ ရှစ်လေးလုံးနှင့် ပတ်သက်၍ ရှစ်လေးလုံးတွင် သူသည်မိဘကို လုပ်ကျွေးနေရ ၍ ဆန္ဒမပြခဲ့ကြောင်း၊သူမရှိတော့လျှင် မိဘကို လုပ်ကျွေးမည့်သူမရှိ၍ မိဘများဒုက္ခရောက်မည်ကို သားလိမ်မာပီပီစိုးရိမ်မိကြောင်း၊ အများစုသည် သူများလမ်းလျှောက်၍
လိုက်ပြီး လမ်းလျှောက် ကြခြင်းသာ ဖြစ်ကြောင်း သူတွေ့ကြုံခဲ့ရသမျှကို ယခုလိုပြောဆိုခဲ့ပါသည်။
"ကျနော် ၈၈ အရေးအခင်းတုန်းက တော်တော်ကြောက်တာဗျ၊
တော်တော်ကြောက်တယ် ဆိုတာ ဘာ့ကြောင့်လဲဆိုတော့ အဲဒီအချိန်မှာ ကျနော်က၀န်ထမ်းဗျ၊ ကျနော် ဦးသန့် အရေးအခင်းတုန်းကတော့ မကြောက်ဘူးဗျ။ ဦးသန့် အရေးအခင်းတုန်း က ကျောင်းသားဗျ။ ဦးသန့်အရေးအခင်း တုန်းက ကျနော်က လူပျိုလူလွတ်ဆိုတော့ ထောင်ထဲမှာ သွားနေရလည်း ကိစ္စမရှိဘူး၊ အထိန်းအသိမ်း ခံရတာ၊ ပြန်ထွက်လာလည်း ဘာဖြစ်လဲ ပြဿနာ မရှိဘူး။
၈၈ ဆူပူမှုကျတော့ ကျနော့် အမေကို ကျနော် လုပ်ကျွေးနေတာဆိုတော့ အလုပ်ပြုတ် သွားမှာ လည်းစိုးရိမ်တာပေါ့နော်၊အဲဒါကြောင့်ကျနော်အဲဒီအလုပ်ကိုပဲစွဲစွဲမြဲမြဲလုပ်နေတာပေါ့နော်။  တော်ကြာ ဟိုဟာကြောင့်၊ ဒီဟာကြောင့် ဖြစ်မှာ စိုးလို့လေ။ ကျနော်တို့က ဆင်းရဲတဲ့ဘ၀က လာတာဗျ။ အဲဒီတော့ အမေကိုလုပ်ကျွေးနေတဲ့ အချိန်မှာ အဲဒီလို တခုခုဖြစ်သွားမှာ စိုးရိမ် တယ်လေ၊ သူများတွေ လိုဒါကြောင့် ဘာမှမလုပ်ခဲ့ဘူးဗျ။ဒါပေမယ့် ကျနော့်သူငယ်ချင်းတွေ ၀င်ပါ တဲ့ အခါ ကျတော့ ကျနော်လည်း မနေနိုင်ဘူးဗျ။ ကျနော်လည်း လမ်းလျှောက်တဲ့ အထဲမှာ ပါပါတယ်။ ကျနော်က အဲဒီတုန်းက ယဉ်ကျေးမှု ၀န်ကြီးဌာနမှာ ၀န်ထမ်းလုပ်တာပါ။ ကျနော် က ဖြေဖျော်ရေး မှာပါ။ အမျိုးသား ကဇာတ်ရုံကြီးတောင် ဆောက်နေတုန်းပဲ ရှိသေးတယ်ဗျ။ ဒီဇာတ်ရုံကြီးက အရင် က ကျနော့်ရဲ့ အလုပ်နေရာဗျ။
ကျနော် လမ်းလျှောက်ခဲ့တာ အနုပညာ သမားတွေနဲ့ မပါဘူးဗျ။ ကျနော်က အဲဒီအချိန်တုန်းက အနု ပညာသမား ဖြစ်တော့ ဖြစ်ပြီ၊ တက္ကသိုလ် ကျောင်းသားဘ၀ လူမသိသူမသိ သေးဘူးပေါ့ဗျာ။ ကျနော်တို့ရပ်ကွက်က လူတွေနဲ့ပဲ ကျနော် လျှောက်တယ်၊ ဟို သူငယ်ချင်းတွေနဲ့ လျှောက်တယ်၊ ဒီသူငယ်ချင်းတွေ လာခေါ်ရင်သွားတယ်။"
မေတ္တာ၏ ပြောဆိုချက်ကို ကြည့်ရင် ရှစ်လေးလုံးဆူပူမှုသည် မည်သည့်ယုံကြည်ချက်မှမရှိ သူများ
နောက်တစ်ကောက်ကောက်လိုက်လျှောက်၊ သူများအော်ရင်လိုက်အော်ခဲ့ကြ သူတွေသာ များကြောင်း၊မိမိအလုပ်အကိုင်နှင့်မိမိ၊ မိမိ၏  မိသားစုအပေါ် တာဝန်ကျေချင်သော၊ မိဘကို လုပ်ကျွေးချင်သူများမှာမူအလုပ်ပျက်ခံပြီး ဆူပူမှုထဲတွင်မပါကြကြောင်း တွေ့ရပေမည်။
မိဘကိုလည်းလုပ်ကျွေးစရာမလို၊ မိဘပိုက်ဆံထိုင်စား၊ မိဘပိုက်ဆံနဲ့
ကျောင်းနေသူတွေသာ အပူအပင်မရှိ ဆူပူမှုထဲပါကြသိမှာ ထင်ရှားခဲ့ပေသည်။
ယခု သြဂုတ်လ ၈ ရက်နေ့တွင်လည်း ၈၈ တုန်းက မိဘကိုမလုပ်ကျွေးခဲ့ရ အချိန်ပို၍ သူများခေါ်လို့ လမ်းလျှောက်ခဲ့သူများ  ရှစ်လေးလုံး ၂၅ နှစ်ပြည့်ဟူ၍ တပျော်တပါးပျော်ပါးသောက် စားကြပေ သည်

No comments:

Post a Comment