Tuesday, August 6, 2013

အယ်လ်ကေဒါတို့ တိုက်ခိုက်မည့် သတင်းကြောင့် အမေရိကန် သံရုံး ၂၂ ရုံး အရေးပေါ်ပိတ်

 
လာမည့် ရက်များအတွင်း အရှေ့ အလယ် ပိုင်းဒေသနှင့် မြောက်အာဖရိကဒေသ နိုင်ငံ များတွင် အယ်လ်ကေဒါ တို့ အကြမ်းဖက် တိုက်ခိုက်မှု များ ပြုလုပ်လာဖွယ် ရှိ သည် ဟူသော ထောက်လှမ်းရေး သတင်းများကြောင့် ယင်းနိုင်ငံများတွင် အခြေစိုက်သည့် အမေရိ ကန် သံရုံးပေါင်း ၂၂ ရုံးနှင့် ကောင်စစ်ဝန် ရုံးများ ရုတ်ခြည်း ပိတ်လိုက်ရသည်ဟု အဆိုပါ သံရုံးများ၏ ထုတ်ပြန်ချက်ကို CNN သတင်းဌာနက ကိုးကားဖော်ပြသည်။ ထိုသို့ အစွန်းရောက်အကြမ်းဖက်သမားများက တိုက်ခိုက်မည်ဟူသော သတင်းဂယက်ကြောင့်
ယင်းဒေသ များသာမ က ဘင်္ဂလားဒေ့ရှ်နှင့် အာဖဂန်နစ္စတန်ကဲ့သို့သော မွတ်ဆလင်နိုင်ငံများမှ အမေရိကန် သံရုံးများ လည်း ပိတ်ပစ်လိုက်ရသည်။ အရှေ့ အလယ်ပိုင်းဒေသနှင့် မြောက် အာဖရိကမှ အမေရိကန် သံရုံးများ ပိတ်ပစ်ကြောင်း တနင်္ဂနွေနေ့တွင် စတင် သတင်း ထုတ်ပြန်မှုများ ပြု လုပ်ကြောင်း၊ ယင်းဒေသတွင် တနင်္ဂနွေနေ့ သည် ရက်သတ္တ တစ်ပတ်၏ ပထမဆုံး အလုပ် စလုပ်သည့်နေ့ ဖြစ်ကြောင်း CNN သတင်းဌာနက ဆိုသည်။ အကြမ်းဖက်သမားများ ရက်ပိုင်းအတွင်း တိုက်ခိုက်လာနိုင်ဖွယ်ရှိသည်ဟူသည့် ထောက်လှမ်းရေး သတင်း များကြောင့် သံရုံးများ သာမက ကမ္ဘာတစ်ဝန်း အမေရိကန် နိုင်ငံသားများ ခရီးသွားလာ ရာတွင်လည်း သတိပေးချက် ထုတ်ပြန်ရသည်အထိ ဖြစ်ခဲ့ကြောင်း အမေရိကန် လုံခြုံရေး အရာ ရှိကြီး များက ပြောကြား သည်။ “ယီမင်မှာဆိုရင် ယခုရက်ပိုင်းအတွင်း တိုက်ခိုက်မှုတွေ လုပ်လာနိုင်တယ်ဆိုတာကြောင့် အရေးပေါ် တပ်လှန့် မှုတွေကို အမြင့်ဆုံး အတိုင်းအတာနဲ့ လုပ်ထားရပါတယ်” ဟု အမေရိကန် လုံခြုံရေးအကြီး တန်း အရာရှိကြီး တစ်ဦးက ပြောကြားသည်။ အဆိုပါ အယ်လ်ကေဒါများ တိုက်ခိုက်မှု ပြုလုပ်လာဖွယ် ရှိသည်ဟူသော သတင်းမှာ စနေနေ့ ညနေပိုင်းတွင် နိုင်ငံတကာရဲတပ်ဖွဲ့ (အင်တာပို)နှင့် အမေရိကန် လုံခြုံရေး အေဂျင်စီများ က ပေး ပို့ခဲ့ခြင်း ဖြစ်သည်။ တနင်္ဂနွေနေ့တွင် ယီမင်နိုင်ငံရှိ အမေရိကန် သံရုံး၌ လုံခြုံရေးများ အထူး တင်းကျပ်ထားပြီး တင့် ကား ၁၂ စီးကိုလည်း သံရုံး ပရဝုဏ်နှင့် မီတာ ၅၀၀ အတွင်း ထားရှိထားကြောင်း၊ ယင်းသံရုံးသည် ယမန်နှစ်က ယီမင် ဆန္ဒပြ သမားများ၏ အကြမ်းဖက်စီးနင်းခြင်းခံခဲ့ရကြောင်း အမေရိကန် အရာရှိ ကြီးများက ဆိုသည်။ အခြားသော သတင်းများအရ အမေရိကန်ပြည်ထောင်စုသာမက ဗြိတိန်၊ ပြင်သစ်နှင့် ဂျာမနီနိုင်ငံ တို့ ကလည်း ယီမင်နိုင်ငံရှိ ၎င်းတို့၏ သံရုံးများကို ပိတ်သည်ဟု ကြေညာကြောင်း၊သို့သော်အခြားနိုင်  ငံ သံရုံးများကိုမူ ဂယက် ရိုက်ခတ်မှု မရှိခဲ့ကြောင်း သိရသည်။ ယခုနောက်ဆုံး ထွက်ပေါ်လာသည့် အယ်လ်ကေဒါတို့ တိုက်ခိုက်မည် ဟူသော သတင်းသည် အရှေ့ အလယ်ပိုင်း ဒေသတွင် သာမက ကမ္ဘာ တစ်ဝန်း၌ အနောက်နိုင်ငံ ပစ်မှတ်များမှာ ခြိမ်းခြောက်မှု ခံနေရပြီ ဟူသော အချက်ကို ဖော်ပြလိုက်ရာ ရောက်ကြောင်း လေ့လာစောင့်ကြည့်သူတို့က ဆိုသည်။ ယင်းသတင်းကြောင့် အရှေ့ အလယ်ပိုင်း ဒေသရှိ အမေရိကန် တပ်ဖွဲ့များ ကိုလည်း အနီရောင် အဆင့် အရေးပေါ် တပ်လှန့်မှု ပြုလုပ်ထားကြောင်း လုံခြုံရေး အရာရှိကြီးများက ဆိုသည်။

No comments:

Post a Comment