Saturday, August 3, 2013

ရန်ကုန်မြို့လယ် နာမည်ကြီး လောင်းကစားဒိုင်ကြီးကို ဖမ်းဆီး

ရန်ကုန်မြို့လယ် နာမည်ကြီး လောင်းကစားဒိုင်ကြီးကို ဖမ်းဆီး

ရန်ကုန်၊ သြဂုတ် ၁

ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းမြို့နယ် ၂၉လမ်း (အလယ်ဘလောက်) ရှိ တိုက်အမှတ် ၁၀၀/၁၀၃ သုံးလွှာတွင်ရှိ နာမည်ကြီး လောင်းကစားဒိုင်ကို သြဂုတ်လ ၁ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်က ဝင်ရောက် ဖမ်းဆီးခဲ့ရာ လောင်းကစား ပြုလုပ်သူ ၂၆ ဦးကို ဖမ်းမိခဲ့ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးခင်မောင်သန်းက The Voice သို့ ပြောကြားသည်။ 

“သုံးလွှာကနေ ထွက်ပြေးတဲ့သူတောင် ရှိတယ်။ ဖမ်းထားတဲ့သူတွေကို ခု (မွန်းလွဲ ၂နာရီ ခွဲ) အထိ ကားနဲ့သယ်တာ လေးခေါက်လောက်ရှိပြီ” ဟု မျက်မြင်တွေ့ရှိသူ ၂၉ လမ်းတွင် နေထိုင်သူ အသက် ၃၂ အရွယ်ရှိ အမျိုးသမီးတစ်ဦးက ပြောကြားသည်။

အဆိုပါ လောင်းကစားဒိုင်မှာ ဘောလုံးပွဲ၊ နှစ်လုံးထီ၊ ချဲထီနှင့် လေးကောင်ဂျင် ကစားဝိုင်းကို တရားဝင် ခွင့်ပြုချက်ဖြင့် လုပ်ကိုင်နေသည်ဟု ထင်ရလောက်ကြောင်း ၎င်းက ပြောကြားသည်။ 

အဆိုပါဖမ်းဆီးသည့် ကိစ္စနှင့်ပတ်သက်၍ ဖမ်းမိသူများကို စစ်ဆေးလျက် ရှိသောကြောင့် အတည်ပြု ပြောကြား၍ မရသေးကြောင်း ပန်းဘဲတန်းမြို့နယ် ရဲစခန်း တာဝန်ကျ အရာရှိတစ်ဦးက ပြောကြားသည်။ 

“တစ်ရက်က ရပ်ကွက်ထဲက အမျိုးသမီးတစ်ဦးက ဒီဒိုင်မှာထိုးတာ သူ့ဂဏန်း ထွက်လာတော့ ဂဏန်းက ထိုးလို့မရဘူးလို့ ချဲရောင်းသမားကပြောတော့ အကြောင်းသိစေရမယ်လို့ ပြောဆိုသွားတယ်လို့ သိရတယ်။ တိုင်တဲ့သူများရှိလို့ ဝင်ဖမ်းတာလား အတိအကျတော့ မသိဘူး” ဟု ရပ်ကွက်အတွင်းမှ အမျိုးသမီးတစ်စု၏ ပြောဆိုချက်အရ သိရသည်။

အဆိုပါအခန်းကို  ဦးကျော်ကိုကိုဆိုသူက နှစ်ချုပ်ဖြင့် ငှားရမ်းအသုံးပြုလျက်ရှိပြီး ဖမ်းဆီးရာတွင် လောင်းကစား အသုံးပြုသည့် စာရွက်စာတမ်း၊ ပရိဘောဂနှင့် ငွေကျပ် သိန်း ၃၀ ကျော်တို့ကို ဖမ်းမိခဲ့ကာ ဖမ်းဆီးမိသူများကို  ပန်းဘဲတန်းမြို့နယ် ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း (၂) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးခင်မောင်သန်းက ပြောကြားသည်။ ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းမြို့နယ် ၂၉ လမ်း (အလယ်ဘလောက်) ရှိ တိုက်အမှတ် ၁၀၀/ ၁၀၃သုံးလွှာတွင်ရှိနာမည်ကြီး လောင်းကစားဒိုင် ကို သြဂုတ်လ၁ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ် ခန့်က ဝင်ရောက်ဖမ်းဆီးခဲ့ရာ လောင်းကစား ပြု လုပ်သူ ၂၆ ဦးကို ဖမ်းမိခဲ့ကြောင်း ရပ်ကွက်အုပ် ချုပ်ရေးမှူး ဦးခင်မောင်သန်းကပာကြားသည်။

“သုံးလွှာကနေ ထွက်ပြေးတဲ့သူတောင် ရှိတယ်။ ဖမ်းထားတဲ့သူတွေကိုခု(မွန်းလွဲ၂နာရီခွဲ)အထိကားနဲ့သယ်တာ လေးခေါက်လောက်ရှိပြီ”ဟုမျက်မြင်ေ တွ့ ရှိသူ ၂၉ လမ်းတွင် နေထိုင်သူ အသက် ၃၂ အရွယ်ရှိ အမျိုးသမီးတစ်ဦးက ပြောကြားသည်။
အဆိုပါ လောင်းကစားဒိုင်မှာ ဘောလုံးပွဲ၊ နှစ်လုံးထီ၊ ချဲထီနှင့် လေးကောင်ဂျင် ကစားဝိုင်းကို တရား ဝင် ခွင့်ပြုချက်ဖြင့် လုပ်ကိုင်နေသည်ဟု ထင်ရလောက်ကြောင်း ၎င်းက ပြောကြားသည်။
အဆိုပါဖမ်းဆီးသည့် ကိစ္စနှင့်ပတ်သက်၍ ဖမ်းမိသူများကို စစ်ဆေးလျက်ရှိသောကြောင့် အတည်ြ ပု ပြောကြား၍ မရသေးကြောင်း ပန်းဘဲတန်းမြို့နယ် ရဲစခန်း တာဝန်ကျ အရာရှိ တစ်ဦးက ပြော ကြားသည်။
“တစ်ရက်က ရပ်ကွက်ထဲက အမျိုးသမီးတစ်ဦးက ဒီဒိုင်မှာထိုးတာ သူ့ဂဏန်း ထွက်လာတော့ ဂဏန်း က ထိုးလို့မရဘူးလို့ ချဲရောင်းသမားကပြောတော့ အကြောင်းသိစေရမယ်လို့ ပြောဆိုသွားတယ်လို့ သိရတယ်။ တိုင်တဲ့သူများရှိလို့ ဝင်ဖမ်းတာလား အတိအကျတော့ မသိဘူး” ဟု ရပ်ကွက်အတွင်းမှ အမျိုးသမီးတစ်စု၏ ပြောဆိုချက်အရ သိရသည်။
အဆိုပါအခန်းကို ဦးကျော်ကိုကိုဆိုသူက နှစ်ချုပ်ဖြင့် ငှားရမ်းအသုံးပြုလျက်ရှိပြီး ဖမ်းဆီးရာ တွင် လောင်း ကစား အသုံးပြုသည့် စာရွက်စာတမ်း၊ ပရိဘောဂနှင့် ငွေကျပ် သိန်း ၃၀ ကျော်တို့ကို ဖမ်းမိခဲ့ကာ ဖမ်းဆီး မိသူများကို ပန်းဘဲတန်းမြို့နယ် ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း (၂) ရပ် ကွက် အုပ်ချုပ်ရေးမှူး ဦးခင်မောင်သန်းက ပြောကြားသည်။

No comments:

Post a Comment