Saturday, August 3, 2013

ထိုင်းအပြည်ပြည်ဆိုင်ရာ ဂျူဒိုဖိတ်ခေါ်ပြိုင်ပွဲတွင် မြန်မာဂျူဒိုအဖွဲ့ ရွှေတံဆိပ်နှစ်ခုရရှိ

ထိုင်းနိုင်ငံတွင် ဇူလိုင် ၂၈ ရက်မှ စတင်ကျင်း ပခဲ့သည့် ထိုင်းအပြည်ပြည်ဆိုင်ရာဂျူဒိုဖိတ်ခေါ်ပြိုင်ပွဲ တွင် မြန်မာဂျူဒို အားကစားအဖွဲ့ သည် ရွှေ တံဆိပ်နှစ်ခု၊ ငွေတံဆိပ်လေးခုနှင့်
  ကြေးတံဆိပ်ခြောက်ခု ရရှိခဲ့သည်။
မြန် မာနိုင်ငံအတွက် ရွှေတံဆိပ် နှစ်ခုကို ပြီးခဲ့ သည့် ၂၆ ကြိမ်မြောက် အရှေ့တောင် အာရှ ကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံအတွက် ရွှေတံ
ဆိပ်ဆွတ်ခူးပေးထားသည့် အေးအေးအောင်နှင့်
ဇင်လင်းအောင်တို့က ဆွတ် ခူးပေးခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ထိုင်းအပြည်ပြည်ဆိုင်ရာ ဂျူဒိုဖိတ်ခေါ်ပြိုင်ပွဲသို့ စုစုပေါင်းနိုင်ငံ ၁၁ နိုင်ငံ ၀င်ရောက် ယှဉ်ပြိုင်ခဲ့ပြီး အာဆီယံနိုင်ငံများအပြင် ကာဇက်စတန်၊ ဆွစ်ဇာလန်၊ နယူးဇီလန်၊ သိရီလင်္ကာ၊ တောင်ကိုရီးယားနိုင်ငံများမှဂျူဒိုအားကစား သမားများ ၀င်ရောက် ယှဉ်ပြိုင်ခဲ့ကြ သည်။
မြန်မာနိုင်ငံမှာရွှေတံဆိပ်နှစ်ခု၊ ငွေတံဆိပ်လေးခု၊ ကြေးတံဆိပ်ခြောက်ခုဖြင့် နိုင်ငံအလိုက် တတိယနေရာတွင် ရပ်တည်နိုင်ခဲ့ပြီး အိမ်ရှင်ထိုင်းအသင်းနှင့် တောင်ကိုရီးယားအသင်းတို့ မှာ နိုင်ငံအ လိုက် ပထမ၊ ဒုတိယနေရာ များတွင် ရပ်တည်ခဲ့သည်။ မြန်မာ့လက်ရွေးစင် ဂျူဒိုအားကစားအဖွဲ့သည် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်၊ အင်ဒိုနီးရှားဆီးဂိမ်းတွင် မြန်မာနိုင်ငံ အတွက် ရွှေတံဆိပ်တစ်ခု၊ ငွေတံဆိပ် ခြောက် ခုနှင့် ကြေး တံဆိပ်နှစ်ခု ရယူပေးထား သည့် အားကစားအဖွဲ့ဖြစ်ပြီး လာမည့် ၂၀၁၃ ဆီးဂိမ်း ၌လည်း ရွှေတံ ဆိပ်ဆု အမြောက်အမြား ဆွတ်ခူးပေးရန် အလားအလာ ကောင်းလျက်ရှိသည်။

No comments:

Post a Comment