Monday, August 12, 2013

သြဂုတ် ၉ ရက်က ဖြစ်ပွားခဲ့တဲ့ စစ်တွေမြို့ ဘင်္ဂါလီဆူပူမှု ဖြစ်ရပ်မှန်

 စစ်တွေမြို့နယ်မှာရှိတဲ့ ဘောဒူဖ ကယ်ဆယ်ရေး စခန်းအနီး ဒုက္ခသည် စခန်းမှာတည်ဆောက်ထားတဲ့ လုံခြုံရေးရဲကင်း စခန်းတစ်ခုကို ဘင်္ဂါလီများကသြဂုတ် ၉ ရက်က မီး ရှို့ဖျက် ဆီးမှုခဲ့ကြပါတယ်။
ဖြစ်ခဲ့တာကတော့ အုန်းတောကြီးကျေးရွာ အနီးမှာ ချောင်း အတွင်း ရော်ရှီ(၃၄ နှစ်) အမည်ရှိ ဘင်္ဂါလီအမျိုး သား အလောင်းတစ်လောင်း တွေ့ရှိခဲ့ပါတယ်။နယ်မြေခံ  ရဲစခန်းကို ယူဆောင်စစ်ဆေးဖို့  ယူဆောင်လာပါတယ်။
ဘင်္ဂလီတစ်ချို့ က အလောင်းကိုသူတို့ ဆီ သယ်ဆောင်သွားဖို့  ပြောပါတယ်။ဒါပေမယ့် သက် ဆိုင် ရာအရာရှိတစ်ဦးက ယူလို့  မရပါဘူး။ အလောင်းကို ကျွန်တော်တို့ တာဝန်အရစစ်ဆေး စရာတွေ ရှိပါသေးတယ်လို့ ရဲအရာရှိက ပြောပါတယ်။
ဒါပေမယ့် ဘင်္ဂလီတွေက အော်ဟက်ကြပြီး အလောင်းကိုယူသွားဖို့ ပဲဆက်အော်ကြပါတယ်။
ဘင်္ဂလီတွေကတော့ တဖြည်းဖြည်း နဲ့ များလာပြီး၊လူပေါင်းတစ်ထောင်နီးပါးလောက်ရှိလာ ပါတယ်။ ဘင်္ဂလီတစ်ချို့ ကတော့ ပေးမလား မပေးဘူးလားလို့  ဒါပဲပြောလို့ တစ်ချို့ က အော်ဟက်ပြီးပြော ကြပါတယ်။ ဘင်္ဂလီတွေက တဖြည်းဖြည်းများလာတော့ လုံခြုံရေး ၀န်ထမ်းများ ကတွေ နောက်ကို ဆုက်ခွာဖို ၃ခါတိတိ သတိပေးပြောဆိုပါတယ်။
ဒါပေမယ် ဘင်္ဂလီတွေက ရှေ့ ကို တစ်ဖြည်းတိုးလာပြီး ထိန်းမရဖြစ်ခဲ့ပါတယ်။ဒီတော့ ရဲတပ် ဖွဲ့ဝင်တွေ က သေနတ်ကို အပေါ်ထောင်ပြီး ပစ်ဖောက်လူစုခွဲကြပါတယ်။
ဘင်္ဂါလီတွေက ချောင်းထဲက မျောလာတဲ့ လူသေအလောင်းကို အခြားသူတွေက သတ်ခဲ့တယ် လို့  ထွက်နေတဲ့ ကောလာဟလတွေကို ယုံပြီးတော့ ရဲစခန်းကိုမီးရှို့ဖျက်ဆီးခဲ့ပါတယ်။
ဦးရဲထွဋ် ဖေ့ဘွတ်စာမျက်နှာ ဖော်ပြရာမှာလည်းလူသေဆုံးမှုများ မရှိကြောင်းနှင့် ဒဏ်ရာအနည်း ငယ် ရရှိမှုများသာ ရှိကြောင်း ရေးသားဖော်ပြခဲ့ပါတယ်။
ကျမပြောချင်တာကတော့ သတင်းဌာနများနှုင့် မီဒီယာများတစ်ချို့ ပြည်ပကနေ ဖုန်းဆက်ပြီး ""ရမ်းသမ်း""ပြောဆိုရေးနေမည့်အစား သတင်းတွေကို ကိုယ်တိုင်သွားပြီးယူကြပါ။ မှန်မှန်ကန် ကန်ရေးကြပါ။ ပြဿာနာကိုကြီးထွားလာအောင်းမလုပ်ကြပါနဲ့ ။
ရခိုင်ပြည်သူတွေလည်း ရှင့်တို့ ရေးတဲ့ သတင်းအမှားတွေကြောင့် ဘ၀ပျက်ခဲ့ရပါပြီး၊ပြာပုံအတိနှုင့်  မီးသွေး ပုံအောက်မှာပြားပြားဝပ်ကာ နာလန် မထူးနှိုင်ဘဲဘ၀တွေနှုင့်နေနေရတယ်။ကိုယ့် အိမ်တောင် ကိုယ်ပြန်မဆောက်နှိုင်ဘဲအခြေအနေတွေရောက်ခဲ့ရပါတယ်။။
သူဇာ (စစ်တွေ)

No comments:

Post a Comment