Monday, August 12, 2013
ကိုးရီးယားကို ဟံသာဝတီလေဆိပ် ဆောက်ခွင့်ပြုပြီ
မြန်မာနိုင်ငံမှာအသစ်ဆောက်လုပ်မယ့်      
တောင်ကိုးရီးယားနိုင်ငံ ​အစိုးရပိုင် ​လုပ်ငန်း ကို ​ဆောက်လုပ်ခွင့် ​ပြုလိုက်ပြီ ​ဖြစ်ပါတယ်။
ရန်ကုန်မြို့လည်နဲ့ ​မိုင်ပေါင်း ​၅၀ ​ကီလိုမီ တာအားဖြင့် ​၈၀ ​ကီလိုမီတာသာဝေးတဲ့နေ ရာမှာ ဟံသာဝတီ ​နိုင်ငံတကာ ​လေဆိပ် ကို ​ဆောက်လုပ်
ဖို့ ​တောင်ကိုးရီးယားနိုင်ငံ        က ​ခွင့်ပြုချက် ​ရလိုက်တာဖြစ်ပါတယ်။
လေဆိပ်သစ်ဆောက်လုပ်ခွင့် ​သဘောတူစာချုပ်ကို ​ဒီနှစ်ကုန်မှာ ​အပြီးသတ် ​လက်မှတ်ရေးထိုးနိုင်
ကြမယ်လို့ ​သိရပြီး ​ဒီစီမံကိန်းက ​ဒေါ်လာ ​၁. ​၁ ​ဘီလီယံ ​ကုန်ကြမှာ ​ဖြစ်ပါတယ်။
မြန်မာနိုင်ငံ ​နိုင်ငံရေးမှာ ​အသွင်ကူးပြောင်းမှုတွေ ​ဖြစ်လာတာနဲ့အမျှ ​ကမ္ဘာလှည့်ခရီး သည်တွေ များပြားလာတဲ့အတွက် ​ရန်ကုန်မြို့ရှိ ​မင်္ဂလာဒုံနိုင်ငံတကာလေဆိပ်နဲ့ ​မလုံလောက်တော့ တဲ့အ တွက် ​ခုလို ​တိုးချဲ့တည်ဆောက်မှာဖြစ်ပါတယ်။
မင်္ဂလာဒုံလေဆိပ်က ​တစ်နှစ်ကို ​ခရီးသည်အယောက်ပေါင်း ​၂.၇ ​သန်းကိုသာ ​လက်ခံနိုင်စွမ်းရှိပြီး ​မကြာခင်မှာ ​ခရီးသည်ဦးရေ ​ဒိထက်ပိုများလာနိုင်တယ်လို့ ​သိရပါတယ်။
အသစ်ဆောက်လုပ်မယ့် ​ဟံသာဝတီလေဆိပ်ကတော့ ​ခရီးသည်အယောက်ပေါင်း ​၁၂ ​သန်းကို ​လက်ခံနိုင်စွမ်းရှိမှာဖြစ်ပြီး ​လေဆိပ်သစ်ကို ​၂၀၁၈ ​ခုနှစ်မှာ ​အပြီးသတ် ​ဆောက်လုပ်မှာ ​ဖြစ် ပါ တယ်။
သဘောတူညီချက်အရ ​တောင်ကိုးရီးယားနိုင်ငံပိုင် ​IIAC ​ကုမ္ပဏီအနေနဲ့ ​ဟံသာဝတီလေဆိပ်ကို ​၂၀၆၇ ​ခုနှစ်အထိ ​စီမံအုပ်ချုပ်ခွင့် ​ရရှိမှာ ​ဖြစ်ပါတယ်။
IIAC ​ကုမ္ပဏီဟာ ​တောင်ကိုးရီးယားနိုင်ငံရဲ့ ​အကြီးမားဆုံး ​လေဆိပ်ကို ​စီမံခန့်ခွဲနေပြီး ​အဲဒီလေဆိပ် က ​တစ်နှစ်ကို ​ခရီးသည်အယောက်ပေါင်း ​သန်း ​၄၀ ​လက်ခံနိုင်စွမ်းရှိတဲ့ ​လေဆိပ်ဖြစ်သလို ​ကမ္ဘာ့ အကောင်းဆုံး ​လေဆိပ်အဖြစ် ​နိုင်ငံတကာ ​လေဆိပ်ကောင်စီအဖွဲ့က ​အသိအမှတ်ပြုခံ ထား ရကြောင်းလည်း ​အေအက်ပီသတင်းမှာ ​ဖော်ပြထားပါတယ်။
No comments:
Post a Comment