Monday, August 5, 2013

မွေးနေ့မှာ အချစ်တွေပဲလိုချင်တယ်ဆိုတဲ့ စန္ဒီမြင့်လွင်

လတ်တလောမှာ စန္ဒီမြင့်လွင်က ဒါရိုက် တာနေပိုင်ရိုက်ကူးတဲ့ 'သံသယ ၃၆ဝ' ဇာတ်ကားကို နေမင်း၊ သင်ဇာ ဝင့်ကျော် တို့နဲ့အတူ ရိုက်ကူးနေပါ တယ်။ ဒီဇာတ်ကား မှာ နေမင်းရဲ့ညီမ နေရာကနေ သရုပ်ဆောင် ထားတဲ့ စန္ဒီ မြင့်လွင်က ဇာတ်ကားတွေ ကို သိပ်အများ ကြီး မရိုက်ဖြစ်ကြောင်း၊ ကိုယ်နဲ့ လိုက်ဖက်တဲ့ဇာတ်လမ်းဆိုရင် တော့ ရိုက်ဖြစ် ကြောင်းပြောပါတယ်။ အဆိုဘက် အပြင် သရုပ်ဆောင်ဘက်ပါ လုပ်ဖြစ်နေတဲ့ စန္ဒီမြင့်လွင်က အဆိုဘက်ကို ပိုဝါသနာ ပါကြောင်း၊   နောက်ပိုင်းမှာလည်း အဆို ဘက်ကိုပိုလုပ်ဖြစ်သွားမှာဖြစ်ကြောင်း ပြောပါတယ်။
"ညီမအနေနဲ့ သရုပ်ဆောင် ဘက် ထက် သီချင်းဘက်ကို ပိုလုပ်ဖြစ်တယ်။ ကိုယ်ကိုယ်တိုင်ကလည်း သီချင်း ဘက်ကို ပိုဝါသနာ ပါတယ်။ ညီမက သီ ချင်းဘက် ကို ပိုကြိုး စားရတယ်။ ရုပ်ရှင်ကားမှာ စန္ဒီမြင့်လွင် ဆိုတဲ့ ကားမှမရှိတာ။ စန္ဒီမြင့် လွင်ဆိုတဲ့နာမည်နဲ့ သီချင်းဘက် မှာပဲရှိ တာလေ။ သရုပ်ဆောင်ဘက် ပိုင်းမှာလည်း လုပ်ချင်တာတွေ ရှိပါတယ်။ ကိုယ်နဲ့လည်း အခွင့်အရေးပေးဦးမှ၊ အားလုံးကလည်း သူ့ဟာနဲ့သူရိုက်နေကြ တာဆိုတော့ ညီမသီချင်းဆိုတာ ပိုကောင်းမယ်လို့ ထင်ပါတယ်။ ညီမအတွက် နှစ်ခုစလုံး က ခက်ခဲပါတယ်" လို့ပြောပါတယ်။
သြဂုတ်လ ၁၂ ရက်မွေးနေ့ရှင် စန္ဒီမြင့်လွင်က မွေးနေ့ မှာတော့ နေအိမ်မှာ ဘုရားပင့်ဖို ရှိကြောင်း   ပြော ပါ တယ်။
"မွေးနေ့မှာ ညီမနေအိမ်မှာ ဘုရားပင့်ဖို့ရှိတယ်။ ပြီးတော့ ဖိတ်ထားတဲ့ပရိသတ် အယောက် ၂ဝ နဲ့ ညစာစား မယ်။ လောလော ဆယ်တော့ ဘာ အစီအစဉ် မှမရှိသေးဘူး" လို့ ပြောပါတယ်။ မွေး နေ့ လက်ဆောင်ကို တော့ အချစ်တွေအများကြီးပဲလို ချင်ကြောင်းပြောတဲ့ စန္ဒီမြင့်လွင်က အချစ်ရေး နဲ့ပတ်သက်ပြီး...
"အချစ်ရေးမှာအဆင်ပြေပါတယ်။အဓိကကတော့ကိုယ့်ကိုတကယ်ချစ်ဖို့ပဲအရေးကြီးပါတယ်။ဘယ်အ သက် အရွယ်မှာ အိမ်ထောင်ပြုမယ်ဆိုပြီး စဉ်းစားထားတာမရှိပါဘူး" လို့ ပြောပြခဲ့ပါတယ်။
တွယ်တာ
Popular Journal

No comments:

Post a Comment