Monday, August 5, 2013

ဘောလုံးပွဲကပြောတဲ့ ဒီမိုကရေစီ

ဘော မနိုင် လူကန် ဆိုသလိုပါပဲ။ ပုံ မှာမြင်ရတဲ့အတိုင်းပဲ လူငယ်က လူ ကြီး ကို ခြေနဲ့ကန်ခဲ့တာပါ။ ဂါရ၀ တ ရားဆိုတာ ဘယ်မှာလဲ လို့မေးရမဲ့ ပုံပါ ပဲ။ ရန်ကုန်ယူနိုက်တက်နဲ့
 နေပြည်တော်အသင်း တို့ရဲ့ သြဂုတ် လ ၄ ရက်နေ့ညနေ ၆ နာရီမှာ ကန်ကြတဲ့ MNL ရဲ့ ဒီရာသီ နောက် ဆုံးပွဲစဉ်ပထမပိုင်း၃၅မိနစ်လောက် မှာ ဖြစ်ခဲ့တာပါ။ ရန်ကုန်အနေနဲ့ ဒီရာသီရဲ့ သုံးထပ်ကွမ်းချန်ပီ ယံဖြစ် ပြီးနေသလို နေပြည်တော် အသင်းအနေနဲ့လည်း နိုင်လို့လဲ ချန်ပီယံမဖြစ်တော့တဲ့ အနေအထားပါ။ ဒီပွဲဟာရာသီရဲ့နောက်ဆုံးပွဲဖြစ်သလို ပွဲပြီးရင်လည်း ဒီရာသီအတွက် ဆုပေးပွဲ အခမ်းအနားပြုလုပ် မှာဖြစ်ပါတယ်။  ဒီလိုအခြေအနေတစ်ရပ်မှာ တစ်သင်းနဲ့ တစ်သင်းထိန်းထိန်းသိမ်းသိမ်းနဲ့ ရာသီတစ် ခု ကိုအောင်မြင်စွာပိတ်သိမ်းရမှာ ဖြစ်ပေမယ့်  ဘော လုံးသမားတွေရဲ့ မထိန်းနိုင်တဲ့ဒေါသ၊ ပရိတ် သတ်တွေရဲ့ မဆင်ခြင်တဲ့ အမှားကနေ ပြိုင်ပွဲက အရုပ်ဆိုးအကျည်းတန်ခဲ့ရပါပြီ။ တစ်ယောက် ကိုတစ်ယောက်ထိုးကျကြိတ်ကျနဲ့ ကြွရောက်လာတဲ့ လူကြီးလူကောင်းတွေရှေ့မှာရော အသင်းမှာပါ ၀င်ကြတဲ့ နိုင်ငံခြားသားတွေရှေ့မှာရော မြန်မာလူမျိုးဆိုတာ ဒါလားဆိုပြီး နိုင်ငံသိက္ခာ၊ လူမျိုး သိက္ခာ ကို မြန်မာ့ဘောလုံးသမားနဲ့ ပရိသတ်တွေကပြခဲ့ပါတယ်။ အားလုံးကိုမဆိုလိုပေမယ့် ဒီလိုဆိုး သွမ်းတဲ့လူတွေကြောင့် ဒီလိုဖြစ်ရပ်တွေဖြစ်လာရတာပါ။
 ဒီမိုကရေစီရလာတာနဲ့ လူ့အခွင့် အရေးဆိုတာကြီးကိုတကြော်ေ
ကြာ်အော် ပြီး ဆိုးခွင့်မိုက်ခွင့်ကို လိုင်စင်ရလိုက်သလိုပါပဲ ပုံမှာမြင် တဲ့အတိုင်း ပရိသတ်တစ်ယောက်က ဒိုင်ကိုရန်မူမလို့ ပြေးဝင်လာနေ တာပါ။ ဒီလိုဖြစ်ရပ်တွေ နိုင်ငံတကာ မှာလည်းဖြစ်ဖူးပေမယ့် အင်မတန် ရှားပါတယ်။ MNL ရဲ့သက်တမ်း က နုနယ်ပေမယ့်  မြန်မာ့ဘော လုံးကအနည်းငယ် တက်ရိ ပ်ပြလာ သလို ဒီမိုကရေစီ ပရိသတ်တွေရဲ့ ရိုင်းပြစွာအားပေးမှုတွေကလည်း နိုင်ငံတကာကလိဂ် ဘိုးအေ ကြီးတွေ ထက်သာအောင် တိုးတက် လာခဲ့ပါတယ်။ 
လွတ်လပ်စွာပြောခွင့်ဆိုခွင့်ရှိတာ ဒီမိုကရေစီလို့ ဆိုရပေ မယ့် လွတ်လပ်စွာ ဖျက်စီးခွင့်ကို ဒီမိုကရေစီ လို့ ပြောလို့ မ ရတော့ပါဘူး။ ဒီပုံကတော့ ဆီးဂိမ်းကျင်းပမဲ့ ၀ဏ္ဏ သိဒ္ဓိကွင်းမှာ ဆိုးသွမ်းပရိသတ်တွေ လက်ချက်နဲ့ ဘ၀ တစ် ပါးပြောင်းသွားရတဲ့ ထိုင်ခုံတွေပါပဲ။ ဒီထိုင်ခံ ပျက်တွေ ကိုကြည့်ပြီး သြော်တို့မြန်မာတွေ အရင်က ကြည့်ခဲ့ရသလို အုတ်ခုံနဲ့ပဲတန်ပါလားလို့တွေးမိပါတယ်။ ငါတို့နိုင်ငံကြီး ဒီမိုကရေစီရတာ တိုးတက်ဖို့လား၊ ဆုတ် ယုတ် သွားဖို့လားဆိုတာ စိုးရိမ်မိပါတယ်။ သူများတကာ က တစ်ခွန်းအော်ရင် နောက် ကအကုန်လိုက်အော်။ ပါးစပ်ကအော်နေတာကတော့ လူ့အခွင့်အရေး၊ လက်တွေ့ လုပ်နေတာကတော့ အများအခွင့်အရေးကို ဖျက်ဆီးနေတာပါပဲ။  အစိုးရက အားကျိုးမာန် တက် နိုင် ငံ့ပုံရိပ်ကို မြှင့်တင်နိုင်ဖို့ ဘက်ပေါင်းစုံ က ပြင်ဆင်နေ ပါတယ်။ ဒါပေမယ့် မီဒီယာတွေရဲ့ ဖော်ပြမှုတွေက နည်းပါးနေသလို ဒီလိုပရိသတ်တွေရဲ့ အားပေးပုံစိတ် ဓာတ် ကို လည်း မပြုပြင်နိုင်ရင်တော့ ဒီမိုး ဒီရေ ဒီလေ ဒီလူတွေနဲ့ လာမယ့် ဆီးဂိမ်းအတွက်ကိုတောင် ဘယ်လိုများလုပ်ကြမလဲ တွေးပူမိပါတယ်။ ဒီမိုကရေစီကြောင့်ပဲ ရိုင်းလာကြ သလား။ ဒီမိုကရေစီနဲ့ပဲ မတန်ဘူးလားဆိုတာ ကိုယ့်ကိုကိုယ်ပြန်သုံးသပ်ပြုပြင်ကြဖို့ လိုပါပြီ။

No comments:

Post a Comment