Monday, August 5, 2013

ဤလူတွေမှသာ နားလည်နိုင်ပါလိမ့်မည်

# ခြေထောက်တစ်ချောင်းစွန့် လွှတ်လိုက်ရတဲ့ အငြိမ်းစား စစ်သည် တစ်ဦးရဲ့ခံစားချက် ကို ခြေ တစ်ဖက်ဖြတ်တောက်ဆုံးရှုံး ရင်းလော ကကြီး ကိုရင်ဆိုင်ဖူးတဲ့သူမှသာ ကိုယ်ချင်း စာ နား လည်နိုင်လိမ့်မယ်။
# တောထဲတောင်ထဲတာဝန်အရထမ်းရွက်ရင်း ကျဆုံးသွားသော စစ်သည်၏မိခင်တစ်ဦး ရဲ့ ကြေကွဲဝမ်းနည်းမှုတွေကို သားသမီးဆုံးရှုံး ဖူးတဲ့ အမေမှသာ ကိုယ်ချင်းစာ နားလည်နိုင်လိမ့်မယ်။
# ကျရာတာဝန်ထမ်းရွက်ရင်း ကံကြမ္မာဆိုးကြောင့် ဗုံးကျည်ထိမှန် မိုင်းနင်းဒဏ်ကြောင့် ကိုယ် လက် အင်္ဂါဆုံးရှုံးရတဲ့ အဖေစစ်သားကြီး အတွက် သားသမီးတွေရဲ့ ခံစားချက်တွေကို ကိုယ်အင်္ဂါ မပြည့်စုံ ဘဲ "ဒုက္ခိတ"ရဲ့သားသမီးတွေလို့အခေါ်ခံဖူးတဲ့ သူမှသာ နားလည်နိုင်လိမ့်မယ်။
# ခင်ပွန်းသည်စစ်မှုထမ်းလင်ယောက်ျားရဲ့မလောက်မငှလစာလေးရယ် တာဝန်အရခွဲနေရ တဲ့

အခိုက် အတန့်ရယ် တပ်တွင်းအတွေ့အကြုံများနဲ့ ရင်ဆိုင်နေရတဲ့ ပါရမီဖြည့်ဖက် တစ်ဦးရဲ့ခံစား ချက်ကို တပ်မတော်မိသားစုနဲ့ မပတ်သတ်တောင်ဆက်နွယ်ဖူးတဲ့သူမှသာ နားလည်ပေးနိုင် လိမ့် မယ်။
# ခင်များတို့နားမလည်နိုင်တဲ့ ခင်များတို့အပြစ်ပြောချင်တဲ့ ခင်များတို့လက်ညှိုး ငေါက်ငေါက် ထိုးနေတဲ့ စစ်သည်တစ်ဦးရဲ့ခံစားချက်တွေကို စစ်မှုတစ်ခေါက်လောက်ထမ်းဖူးမှသာလျှင် နား လည်နိုင်လိမ့်မယ်။
# ကျွန်တော်တို့တပ်မိသားစုအပေါ်ကို နားမလည်နိုင်လျှင် မပုတ်ခတ်ပါနဲ့။ အကောင်းမမြင် ချင်နေပါ အပြစ်ချည်းရွေးမရှာပါနဲ့။ မချီးမြှောက်ချင်နေပါ အပုတ်မချပါနဲ့။ စစ်အသိုင်းအဝိုင်းမို့ သံမဏိသားနဲ့ထုထားတဲ့ကိုယ်စိတ်အစုံမပိုင်ဆိုင်ပါဘူး လူထဲကလူတွေ, မိခင်ထဲကမိခင်တွေ, ဇနီးထဲကဇနီးတွေ, သားသမီးထဲကသားသမီးတွေမို့ တန်းတူညီတူ ခံစားတတ်တဲ့စိတ်နှလုံး အစုံတော့ ပိုင်ဆိုင်သေးတာပဲလေ။
FROM-AE HTET PAING

No comments:

Post a Comment