Monday, August 5, 2013

သြစတြေးလျသူနဲ့ အိမ်ထောင်ပြုလိုက်တဲ့ အရှင်ဂမ္ဘီရ (သို့မဟုတ်) ညီညီလွင်


၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကို ဦးဆောင်ခဲ့သူဟု 
ထင် ရှားသော အရှင်ဂမ္ဘီရ လူအမည် ကိုညီညီလွင် သည် 
တလောက လူဝတ်လဲခဲ့ပြီးနောက် ယခုအခါတွင် သြစတြေး
လျသူနှင့် ထိမ်းမြား လက်ထပ် လိုက်ပြီဖြစ်ကြောင်း သိရသည်။ ဗုဒ္ဓဘာသာဝင်ဖြစ်သူ သြစတြေးလျနိုင်ငံသူ မာရီယာဖရန့်စ်
 နှင့် ကိုညီညီလွင်တို့ဟာ အင်တာနက်ပေါ်ဆုံပြီး ဆက်သွယ်
 စကားပြောခဲ့ရာမှ  မေတ္တာမျှခဲ့ကြတာဖြစ်ကြောင်း သိရသည်။ ကိုညီညီလွင်နှင့် မာရီယာဖရန့်စ် တို့ဟာ လက်ထပ်ထိမ်းမြားခြင်း မင်္ဂလာကို မြန်မာ့ရိုးရာ ထုံးတမ်း စဉ်လာနှင့် အညီ မန္တလေးခရိုင်
တရားရုံးတွင် သြဂုတ်လ(၁)ရက်နေ့က သွားရောက်လက်ထပ်ခဲ့ကြပေမယ့် နိုင်ငံခြား သူကို လက် ထပ်ပေး ရင် အထက်အဆင့်ဆင့် တင်ရမှာကို ရှောင်လွှဲလိုတဲ့အတွက် ငြင်းဆန် ခဲ့သောကြောင့် မန္တလေးခရိုင် တရားရုံးထဲရှိ ရှေ့နေ ဒေါ်ရွက်နုအောင် ရုံးခန်းထဲတွင် ရှေ့နေနှစ်ဦးက အသိ သက်သေ ထားပြီး လက်မှတ်ထိုးပေးခဲ့ကြတာဖြစ်ကြောင်း သိရသည်။ ၎င်းတို့နှစ်ဦးဟာ ဝါတွင်းကာလမှာ လက်မှတ်ထိုးထားပြီး ဝါကျွတ်မှ မင်္ဂလာဆောင်ကြ မည်ဖြစ်ကြောင်း လည်း သိရသည်။
Source : DVB

No comments:

Post a Comment