Monday, August 12, 2013

ဒီကနေ့ကျောင်းသားခေါင်းဆောင် ဆိုတဲ့ လူတွေအားလုံးက ရှစ်လေးလုံး အရေးအခင်းမှာ ဘာမှ ထဲထဲဝင်ဝင်လုပ်ခဲ့ကြတာ မရှိဘူး (ကိုယ်တွေ့ဖြစ်ရပ်မှန်)


 ၁၉၈၈ တုန်းက ဆန္ဒပြပွဲတွေကို ကျောင်းသားတွေက စတင်ဦးဆောင်ခဲ့တယ်ဆိုတာ မှန်ပါတယ်။ ဒါပေ မယ့် ကျောင်းသားတွေထဲမှာမှ ဦးဆောင်တဲ့ ကျောင်းသားခေါင်းဆောင်ဆိုတာ မရှိပါဘူး။ ၈၈ ကျောင်း သား ခေါင်းဆောင်ဆိုတဲ့ စကားလုံးက ရှစ်လေးလုံးအရေးတော်ပုံဖြစ်ပြီး ၅ နှစ်လောက်ကြာမှ ပြည်ပ အခြေ စိုက် မီဒီယာတွေက သူတို့တင်ချင်တဲ့လူတွေကို ကျောင်းသားခေါင်းဆောင်ဆိုပြီး တင်ပေးလိုက်တာပါ။ တကယ်တမ်း ကျတော့ ဒီကနေ့ ကျောင်းသားခေါင်းဆောင်ဆိုတဲ့ လူအားလုံးက ဆန္ဒပြပွဲတွေ မှာ ရှေ့
ကနေဦးဆောင်ခဲ့တဲ့ လူတစ်ယောက်မှ မပါပါဘူး။  ကိုဆလိုင်းကိုကိုဦး၊ ကိုဗထူးမောင် တို့ကမှ ၈၈ မျိုး ဆက် ကျောင်းသားခေါင်းဆောင် စစ်စစ်တွေ ဖြစ်ပါ တယ်။ ကျောင်းသားတွေကို ဘာမှ ခေါင်းဆောင်မှု မပေး ခဲ့ပါဘူး။ အခု နာမည်ခံ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမြအေး၊ ကိုဌေးကြွယ်၊ ကိုမိုးသီးဇွန် စတဲ့ ပုဂ္ဂိုလ်များက လည်း ဆန္ဒပြကျောင်းသား တွေနဲ့ လှုပ်ရှားနေတဲ့လူထုကို ဘာမှခေါင်းဆောင်မလုပ်ခဲ့ပါဘူး။ ဘယ်ကနေ ဘယ် လို ခေါင်းဆောင်ဖြစ်သွား တယ်ဆိုတာကိုတော့ သူတို့ကိုယ်တိုင်ပဲ သိပါလိမ့်မယ်။    ရှစ်လေးလုံး ဆန္ဒပြပွဲ မတိုင်ခင်မှာ ရှေ့မှာဆန္ဒပြပွဲ (၇) ပွဲရှိပါတယ်။ ၃-၈-၈၈ ရက်နေ့ပွဲက ခုနှစ် ခုမြောက်ဆန္ဒပြပွဲဖြစ်ပြီး ၈-၈-၈၈ ရက်နေ့ ဆန္ဒပြပွဲကတော့ ၈ ခုမြောက် ဆန္ဒပြပွဲဖြစ်ပါတယ်။ အဲဒီ ဆန္ဒပြပွဲ ရှစ်ခု လုံးမှာ ဒီကနေ့ နာမည်ကြီးနေတဲ့ ကျောင်းသားခေါင်းဆောင် ဆိုတဲ့လူတွေ တစ်ယောက်မှ မပါပါဘူး။ သူတို့ကို မေးကြည့် လို့ရပါတယ်။ အရေးအခင်းတုန်းက “သပိတ် သပိတ်၊ မှောက်မှောက်” “မီးဒုတ် မီးဒုတ်၊ ရှို့ရှို့” “ဒီမို ကရေစီ ရရှိရေး၊ ဒို့အရေး” အဲလိုတွေ လက်သီးလက်မောင်းတန်းပြီး အော်ကြတာပါ။ အခု ကျောင်းသား ခေါင်းဆောင် ဆိုတဲ့ ကိုမင်းကိုနိုင်ဆိုတာ နွဲ့နွဲ့နောင်းနောင်းနဲ့ အဲလိုအော်ခဲ့ဖူးသလား မေးကြည့်လို့ရပါတယ်။    ၃-၈-၈၈ ရက်နေ့က ဆန္ဒပြပွဲကို  ကိုဗထူးမောင် နဲ့ ကိုညိုထွန်း တို့က ဦးဆောင်ခဲ့တာ ပါ။ ရွေတိဂုံဘုရား အောက် ဘလောက် ကနေ စခဲ့တာပါ။ အဲဒီကနေ အလုံဖက်ကိုသွားခဲ့ပြီး မြေနီကုန်းအထိ ခရီးဆက်ခဲ့ပါတယ်။ အဲဒီနောက် ပြည်လမ်းအတိုင်း လမ်းတန်းကို ချီတက်ခဲ့ပြီး ညနေ ၅ နာရီမှာ ဆန္ဒပြပွဲကိုရုတ်သိမ်းခဲ့ပါတယ်။ စတဲ့အချိန်တုန်းက အယောက် ၂၀ နဲ့ စခဲ့ပေမယ့် ပြီးတဲ့အချိန်မှာ ဆန္ဒပြသူအရေအတွက်ကတော့ ၃ သောင်း ကျော်လောက်ရှိမယ် ထင်ပါတယ်။ ၈-၈-၈၈ ဆန္ဒပြပွဲကိုလည်း အနော်ရထာလမ်းနဲ့ ဆူးလေနား ၃၃ ထောင့်က စခဲ့တာပါ။ အဲဒီနေ့ကလည်း ပထမဆုံး စတင်ဆန္ဒပြ          ဦးဆောင်ခဲ့သူကတော့ ကိုဗထူး ဖြစ်ပါ တယ်။ နောက်ထပ် ဆန္ဒပြခေါင်းဆောင်တွေ ကတော့ ဈေးသည်တွေ၊ ဆိုက်ကားသမားတွေနဲ့ အစ္စလမ်ဘာသာဝင် လူငယ်တစ်ချို့ပါ။ ကျောင်းသား တစ်ချို့ လည်း ပါပေမယ့် ဒီကနေ့ နာမည်ခံ ကျောင်း သားတစ်ဦးမှ မပါပါဘူး။   ဒါပေမယ့် အဲဒီတုန်းကအလုပ်လုပ်ခဲ့တဲ့ကျောင်းသားတစ်ယောက်တော့ရှိပါတယ်။ အဲဒါက ကိုဌေးကြွယ် ပါ။ကိုဌေးကြွယ်လုပ်တာကလည်း ကျောင်းသားကိုလူရှေ့သူရှေ့ထွက်ပြီး ခေါင်းဆောင် တာတော့ မဟုတ် ပါဘူး။ ကိုဌေးကြွယ်နဲ့ ကိုကိုလတ်က ခရစ္စတိုဖာနဲ့ချိတ်ပြီး ကျောင်းသူတွေကို မုဒိန်းကျင့်ပါ တယ်လို့ လုပ်ဇာတ် ခင်းပြီး ဘီဘီစီကနေ့ လွှင့်ခဲ့တာပါ။ ကိုဌေးကြွယ်ကို မယုံရင်မေးကြည့်လို့ရပါတယ်။ ကျန် တဲ့ ကိုမင်းကိုနိုင်တို့ ကိုမိုးသီးဇွန်တို့ကတော့ ၈-၈-၈၈ ဆန္ဒပြပွဲပြီးချိန် ဒေါ်အောင်ဆန်းစုကြည် ထွက်လာမှ အနားရောက်သွားခဲ့ ကြတာပါ။ နိဂုံးချုပ်ရရင်တော့ အခု ၈၈ ကျောင်းသားခေါင်းဆောင်ပါ ဆိုတဲ့ လူအားလုံး ဟာ ၈-၈-၈၈ နေ့ အရေးအခင်းနဲ့ အဲဒီမတိုင်ခင် ဆန္ဒပြပွဲတွေမှာ ဘယ်နေရာမှ မပါခဲ့သလို၊ ဘယ်ကျောင်း သား ကိုမှ ခေါင်းမဆောင်ခဲ့ဘူးဆိုတာပါပဲ။    အညတရကျောင်းသားဟောင်းတစ်ဦး   From:MEG  www.mmdailystar.com

No comments:

Post a Comment