Monday, August 12, 2013

မြန်မာသံရုံးအား ဗုံးခွဲတိုက်ခိုက်ရန် ကြံစည်ခဲ့သူ ၂ ဦးကို အင်ဒိုနီးရှား ရဲတပ်ဖွဲ့ ဖမ်းဆီးရမိ

အင်ဒိုနီးရှား အကြမ်းဖက် နှိမ်နင်းရေး ရဲတပ် ဖွဲ့သည် ၂၀၁၃ ခုနှစ် မေလက အင်ဒိုနီး ရှား နိုင် ငံဆိုင်ရာ မြန်မာသံရုံး ကို ဗုံးခွဲ တိုက်ခိုက် ရန် ကြံစည်မှု တွင် ပါဝင်သည်ဟု သံသယ ရှိသူ ၂ ဦးအား သြဂုတ်လ ၉ ရက်က ဖမ်းဆီး ရမိ ခဲ့ကြောင်း သြဂုတ်လ ၁၁ ရက်တွင် သတင်း ထုတ်ပြန်ခဲ့သည်။
ရဲတပ်ဖွဲ့ သည် ကိုရမ် ကျမ်းစာရွက် အသင်း အတွက် ဘဏ္ဍာငွေ ကောက်ခံသူ ဖြစ်သော အိုင် ပူးလ် ခေါ် မူဟာမက် စိုင်းဖူလ်ဆာဖာနီ အား ယိုဂျကာတာ မြို့တွင်းရှိ တည်းခိုခန်း တစ်ခု၌ ဖမ်းဆီး ခဲ့ခြင်း ဖြစ်ကြောင်း နှင့် ၄င်းသည် အနောက် ဂျာဗားပြည်နယ် ရှိ Salak တောင်ကုန်း တွင် လေ့ကျင့်မှုများ ပြုလုပ်စဉ်က ပါဝင် ခဲ့ဖွယ် ရှိကြောင်း သိရသည်။ ရဲတပ်ဖွဲ့သည် အိုင်ပူလ် ၏ အကြမ်းဖက် ကွန်ရက် အဆက်အနွယ် ဖြစ်သော ဘာယူဒွီ အာဒီယန် တို့ကိုလည်း ဖမ်းဆီး ထိန်းသိမ်း ထားပြီး ဖြစ်ကြောင်း နှင့် လက်ရှိအချိန်တွင် စစ်ဆေး မေးမြန်းမှု များ ပြုလုပ်နေဆဲ ဖြစ်ကြောင်း သိရှိရသည်။

From:The Myawady Daily

No comments:

Post a Comment