Thursday, August 8, 2013

ငါ ဆိုတဲ့ အတ္တ ကိုကိုင်ဆွဲထားတဲ့ အဖြူရောင် နှလုံးသားပိုင်ရှင်များ

ငါတို့ သည် နိုင်ငံရေး ကို စိတ်မ၀င်စား ၊ နိုင်ငံ့ အရေး ကိုသာ စိတ်ဝင်စား သည်။
ငါတို့  သည် လူသတ်ကောင် မဟုတ် ၊ မလွှဲ မသွေ နိုင်ငံတော်၏အရေးအတွက် နာမည်ဆိုး ကိုခံယူကျရသည်။
ငါတို့  သည် အာဏာရူးမဟုတ် ၊ ငါတို့  ၏ နိုင်ငံတော်ကို သူ ၁ ပါးလက်အောက်ခံဘ၀ မရောက်ရေး အတွက် ရူးသွပ်နေကျသည်။
ငါတို့  သည် တိုင်း ၁ ပါးကို မကိုးကွယ် ၊ ကိုယ့် နိုင်ငံ ကိုသာ ကိုးကွယ် မြတ်နိုးသည်။
ငါတို့  ၏အသက်ကို သေမင်းမယူနိုင် ၊ ငါတို့  နိုင်ငံ အတွက်သာပေးစပ်သည်။
ငါတို့ သည် င့ါအား စော်ကား ထိပါးလာသူကို ရန်သူဟု မသတ်မှတ် ၊ င့ါ နိုင်ငံတော် ၏ အချုပ်အခြာ အာဏကို ထိပါးစော်ကားလာသူကိုသာ ရန်သူဟုသတ်မှတ်သည်။
ငါတို့  သည် ကြီးကျယ် ထည်ဝါသော စီးပွါး၊ဥစ္စာကို မျှော်လင့်ချက်မရှိ ၊ ပြည်သူ့  အတွက်ပေးဆပ်ရန် ဆန္ဒ ၁ စုံသာရင်ဝယ် ၌ တည်မြဲသည်။
ငါတို့ ဟာကြောက်မက်ဖို့  ကောင်းတဲ့ စစ်ပွဲကို ရွံရှာမုန်းတီးပေမဲ့ ၊ နိုင်ငံတော် ၏ အချုပ်အခြာ အာဏာ အတွက် တိုက်ပွဲဝင်သည်။
ငါတို့  ၏ နှလုံးသား ၁ စုံ၌ ကြီးကျယ်ခန်းနားသော ငါ ဆိုတဲ့ အတ္တ ကို ကိုးကွယ်ထားသည်။

ထို အတ္တသည်ကား

ငါ့ နိုင်ငံတော်
င့ါ နိုင်ငံသား
င့ါ တပ်မတော် အတွက်
ငါ ၏ အသက်ကို စွန့် လွှတ်မည်

ဆိုသည့် အတ္တ သာလျှင် ဖြစ်တည်သည်။
ဒီလို အတ္တတွေ ကို ရင်ဝယ်ပိုက်ထားတဲ့ တပ်မတော်သားတိုင်းဟာ မည်သည့် အခက်အခဲမဆို   မ ကြောက်မရွံ ကျော်ဖြတ်ပီး နိုင်ငံတော် နှင့် ပြည်သူ တွေအတွက်ပေးဆပ်နေစဲပါ။လူ့  ဘ၀ မှာပျက်စီးသွားလည်း ပြန်လည်လုပ်ယူလို့ ရတာတွေ အများကြီးပါပြန်လည်လုပ်ယူလို့ မရတာ၁ ခုကတော့ ထာဝရ အိပ်စက်ခြင်းပါပဲ။ဒီလို အိပ်စက်ခြင်းကို မည်သူမဆို လိုလားလိမ့်မည် မဟုတ် သို့ ပေမဲ့တပ်မတော်သားတိုင်းဟာ အသက်ထက် နိုင်ငံတော် နှင် ပြည်သူကို ပိုချစ်ပါတယ် ။ပြည်သူတွေ လွတ်လပ်ပျော်ရွှင်စွာ နေထိုင်နိုင်ဖို့  အသက်နဲ့ လောင်းကြေးထပ်ပီး အမိနိုင်ငံတော်ကို ထာဝရကာကွယ်နေစဲပါ။တပ်မတော်သားတွေဟာ ပေးဆပ်မှု ကို အရင်းခံ ၊ ငြိမ်းချမ်းမှုကိုလိုလား ၊ ခိုင်မြဲတဲ့ သစ္စာ တရားကို ရင်ဝယ်ပိုက် ၊ အမိမြေကို ကာကွယ်နေတဲ့ မာန်မာနမရှိ ငါ ဆိုတဲ့ အတ္တ ကို ကိုင်ဆွဲထားတဲ့ အဖြူရောင် နှလုံးသားပိုင်ရှင်တွေပါ...။

FROM-PHAY SIT GYI

No comments:

Post a Comment