Thursday, August 8, 2013

အလွမ်းမျက်ရည်များနဲ့  အပြုံး

လူဆိုတာ ခံစားချက်ရှိတယ်
အဲဒီခံစားချက်ကို အကောင်ထည်ဖော်ခွင့်ရှိတယ်
ဒါပေမယ့် စစ်သားတွေက မျိုသိပ်ထားရတာ များတယ်။
လူဆိုတာ လွမ်းရမယ်.သူတွေ အနေထားအမျိုးမျိုး ရှိတယ်
အနေအထားအမျိုးမျိုးနဲ့  အဲဒီလူတွေကို ရင်ဖွင့်လို့ ရတယ်
ဒါပေမယ့် စစ်သားတွေက ရင်ဖွင့်နိုင်စွမ်း မရှိဘူး။

လူဆိုတာ မိသားစုဘ၀အမျိုးမျိုးကို ဖန်တီးလို့ ရတယ်ဒါပေမယ့် စစ်သားတွေက ဖန်တီးခွင့်မရှိဘူး။
လူဆိုတာ မိသားစုဘ၀ဟာ ဘယ်လိုအဓိပါယ်လဲဆိုတာ သိကြတယ်ဒါပေမယ့် စစ်သားတွေက မသိကြ ဘူး မိသားစုနဲ့ အတူနေရရက်ကလက်ချိုးရေလို့ ရတယ်။
လူဆိုတာ လွပ်လပ်ခွင့်ဆိုတာ ရှိတယ်ဒါပေမယ့်စစ်သားတွေမှာ မရှိဘူး ..
သူတို့ အတွက်ကတော့ ပြည်သူ့ အပြုံးကို ကြည်နူးနေကြတယ်။
လူဆိုတာ အလွမ်းဆိုတဲ့ အရသာကို ခံစားဖူးကြလိမ့်မယ်
ဒါပေမယ့် စစ်သားတစ်ယောက်ရဲ့  အလွမ်းကိုတော့ ဘယ်လိုပဲတိုင်းတိုင်း မမှီနိုင်ဘူး
သူတို့ မှာ ထာဝရလွမ်းနေကြတယ်။
လူဆိုတာ ဘယ်အချိန်ပဲဖြစ်ဖြစ် မိသားစုနဲ့  တွေ့ ခွင့်ဆုံခွင့်ရှိတယ်
ဒါပေမယ့် စစ်သား မျှော်လင့်ချက်လေးနဲ့  ဖြေသိမ့်နေရတယ်။
လူဆိုတာ ကိုယ့်ကိုယ်ရေးကိုယ်တာကို ဦးစားပေးတတ်တယ်
ဒါပေမယ့်စစ်သားတွေက ကိုယ်ရေးကိုယ်တာကို မရှိသလိုသိမ်းဆည်းထားတယ်။

စစ်သားတွေ မိသားစုနဲ့  ပျော်ပျော်ပါးပါးလေး တစ်ခါလောက်နေရရင်ပဲ
သူတို့ အတွက်က တစ်သက်စာလောက်ထင်ရလောက်တယ်။
နောက်ဆုံးတော့ စစ်သားဆိုတာ
အလွမ်းအဆွေးတွေကို မျိုသိပ်ပြီး အလွမ်းမျက်ရည်များနဲ့ အပြုံးလေးကိုသာထာဝရပန်ဆင်နေကြ ရ သူတွေပါ။

လူဆိုတာ အမေ့ဝမ်းဗိုက်ကနေ မွေးဖွားလာကတည်းက မင်းက စစ်သားဆိုပြီးတံဆိပ်တပ်ထား တာမဟုတ်တဲ့အတွက် ဘယ်လိုခံယူချက်တွေနဲ့ စစ်သားဖြစ်လာလဲဆိုတာ စစ်သား ကိုယ်တိုင်ပဲ အသိဆုံးပါ။
တစ်ခုလောက်ထပ်ပြောချင်ပါတယ် ဘုန်းကြီးနဲ့ စစ်သား လုပ်နိုင်တဲ့သူက ရှားတယ်
အဲဒီအတွက် လိုင်းပေါ်မှာ အာကျယ်ကျယ်လုပ်နေတဲ့ဖိနပ်ကိုင် ကြယ်သီးတပ် ထီးမိုး
အမေ အမေလို့  ခေါ်တတ်တဲ့သူများ အလုပ်အကိုင်လေးပြောင်းလုပ်ကြည့်ပါ.....။

FROM-MOENATMIN

No comments:

Post a Comment