Monday, August 12, 2013

အစွန်းရောက် မွတ်ဆလင် ဘာသာရေးခေါင်းဆောင်များအား ပြစ်သစ် နှင်ထုတ်မည်

  ဥရောပတွင် အစွန်းရောက်ဝါဒ တိုက်ဖျက်ရန်နှင့် ဘမ္ဘာတစ်ဝန်း နိုင်ငံများ တွင် ဒုက္ခပေးနေသော ဂျီ ဟတ်ဝါဒတိုက်ဖျက်ရန် နိုင်ငံတွင်းရှိအစွန်းရောက်  အီမမ် (မူဆလင် ဘာသာရေးခေါင်းဆောင်) 
အများ အပြား ကို နှင်ထုတ်သွားမည်ဖြစ်ကြောင်း
 ပြစ်သစ်က ပြောသည်။လာမည့်ရက်များအတွင်း အဆိုပါအီမမ်များအား ပြည်တွင်းမှ နှင်ထုတ်သွား
မည်ဟု ပြစ်သစ် ပြည်ထဲရေးဝန်ကြီးကသတိေ
ပးပြော ကြားသည်။
အမျိုးသမီးများကို မတရားသဖြင့် ရှုတ်ချဝေဖန် အပုပ်ချပြီး မိမိတို့၏ တန်ဖိုးထားမှုများနှင့် ဆန့် ကျင်သော သဘောထားအမြင်များ ကိုင်ဆွဲ သည့် ပြင်ပတရားဟောဆရာများဖြစ်သော အဆိုပါ မူဆလင်ဘာသာရေးခေါင်းဆောင်များ အားလုံး ကို နှင်ထုတ်သွားမည်ဟု နိုင် ငံခြားရေး ဝန်ကြီး ပြောကြားချက်ကို အေအက်ဖ်ပီက ကိုး  ကားဖော်ပြသည်။
ဗရပ်ဆဲတွင် ပြုလုပ်သည့် နိုင်ငံတကာကွန်ဖရင့်တစ်ရပ်၌စကားပြောရာတွင် ပြစ်သစ်နိုင်ငံခြားရေး ဝန်ကြီးက ဘာသာရေးခေါင်းဆောင်များကို ပြည်တွင်းမှ နှင်ထုတ်သည့် ယခုလုပ်ဆောင် ချက် မှာ နိုင်ငံရေးဖြစ်စဉ်တွင် ပါဝင်ပတ်သက်နေသော Salafist အုပ်စုဖွဲ့မှုများကို အကျိုးသက်ရောက် မှု ရှိစေလိမ့်မည် ဖြစ်သည်ဟု ပြောကြားသည်။ Salafist အသင်းအဖွဲ့များ၏ ရည်ရွယ်ချက်က ယဉ်ကျေးမှုအဖွဲ့အစည်းများကို လက်ဝါးကြီးအုပ်ရန်ဖြစ်သည်ဟု ဝန်ကြီးက ဆိုသည်။
ဘယ်ဂျီယမ်တွင်ပြုလုပ်သည့် နိုင်ငံတကာကွန်ဖရင့်၏ အဓိကအကြောင်းအရာဖြစ်သော အစွန်းရောက် အစ္စလာမ် (Radical Islam) သည် ပြစ်သစ်အတွက် အပူတပြင်း အရေးတကြီး ကိစ္စတစ်ရပ်ဖြစ်နေသည်။ ပြင်သစ် သမ္မတနိုင်ငံနှင့်ပတ်သက်၍ မုန်းတီးရေးစကား ဟောပြော မှုနှင့် ပြင်သစ်၏ တန်ဖိုးထားမှုများကို ဆန့်ကျင်ဟောပြောမှု၊ အနောက်ဆန့်ကျင်ရေး ခံယူချက် သဘောထားများ ဟောပြောမှုတို့ကြောင့် မွတ်ဆလင် အီမမ်အမြောက်အများကို ပြင်သစ်က မကြာသေးမီနှစ်များအတွင်း နိုင်ငံမှ နှင်ထုတ်ခဲ့သည်။ ဆီးမိုက်ဆန့်ကျင်ရေးသဘောထားအမြင်များ ဟောပြောဖြန့်ဝေမှု၊ အမျိုးသမီးများအပေါ် မတရား သဖြင့် ရှုတ်ချဝေဖန်မှုနှင့် ပြင်သစ်မြို့တော်ပါရီရှိ Omar Mosque ဗလီ၏ တရားဟောစင်မြင့် ထက် မှနေ၍ အကြမ်းဖက်ဂျီဟတ် (မွတ်ဆလင်ဘာသာရေးစစ်ပွဲ) ဆင်းနွှဲရန် တိုက်တွန်းမှုတို့ အတွက် တူနီးရှား အီမမ်တစ်ဦးကို ပါရီက အောက်တိုဘာ ၂၀၁၂ တွင် နိုင်ငံမှ နှင်ထုတ်ခဲ့သည်။
ပြစ်သစ်သည် ဧပြီ ၂၀၁၂ တွင်လည်း အစ္စလာမ်စစ်သွေးကြွနှင့် မွတ်ဆလင်တရားဟောဆရာ (၅) ဦးကို နိုင်ငံမှ နှင်ထုတ်ခဲ့သည်။ မာလီဇာတိ မွတ်ဆလင်တရားဟော ဆရာတစ်ဦးမှာ ဆီးမိုက်ဆန့် ကျင်ရေး အားပေးအားမြှောက်လုပ်မှု၊ မျက်နှာအပြည့်မျက်နှာလွှာဇာဖုံးအုပ်ခြင်း ကို ထောက်ခံ အားပေးမှုနှင့် အနောက်နှုန်းစံများအား ငြင်းပယ်ခြင်းတို့အတွက် ပြစ်သစ်မှနှင်ထုတ်ခံရသည်။
ZNW။
11.8.2013 ရက်နေ့ထုတ် The Ladles သတင်းစာ စာမျက်နှာ (၃၇) မှ ကူးယူဖော်ပြသည်။
  www.MyanmarExpress.net

No comments:

Post a Comment