Thursday, August 8, 2013

NLD အမတ် ဦးကျော်သီဟ မှ လက်မထပ်ပဲ ကာမ ရယူကာ မယားစရိတ် လေးသိန်း ထုတ်ပေးခြင်းအား တိုင်ကြားသူ မခိုင်ဝတ် ရည်သန္တာမောင် ကို NLD ပါတီဝင်များမှ မတရား ရိုက်နှက်ခဲ့မှု ဆက်လက်စစ်ဆေးနေ

  ပြင်ဦးလွင်သို့ ဒေါ်အောင်ဆန်းစုကြည်လာရောက်စဉ်က ဝင် ခွင့်တောင်းခံခဲ့ရာ တွင် ဒီချုပ်လုံခြုံရေးများက ဝိုင်းဝန်း ရိုက်နှက် ခံခဲ့ရသူ ဒေါ်ခိုင်ဝတ် ရည်သန္တာမောင်ကစွဲဆို သောအမှု အား မြို့ နယ်တရားရုံးမှတရားလိုပြများကိုဆက်လက် စစ်ဆေးတော့ မည်   ဖြစ်ကြောင်း သိရသည်။
   ”ကျွန်မနဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်သီဟနဲ့ ဖြစ်နေတဲ့ 
အမှုကို အမေစု ကို အကူအညီပေး ဖို့တောင်းခံတဲ့စာကို ပေးမ လို့ ဝင် ခွင့်တောင်းတာ။ ပထမအမျိုးသမီး နှစ်ယောက်က လာထိန်းတယ်။ ပြီးတော့ အမျိုး သားတွေရောက်လာပြီး ထိန်းသိမ်း သလိုနဲ့ ကျွန်မကို ရိုက်တယ်။ လည်ပင်းညှစ် တယ်။ ဗိုက်ကို လက် သီး နဲ့ ထိုးတယ်။ ကျွန်မက ဘာမှ ပြန်မလုပ်နိုင်ဘူး” ဟု ရိုက်နှက်ခံရသူ မခိုင်ဝတ်ရည်သန္တာမောင် က ပြောသည်။
 ဒေါ်ခိုင်ဝတ်ရည်သန္တာမောင်သည် ဦးကျော်ဆန်းဦး ပါလေးဦးအား ပြစ်မှုဆိုင် ရာ ဥပဒေပုဒ်မ ၃၂၃ (နာကျင်စေမှု)၊ ၃၅၄ (ကာယိနြေ္ဒဖျက်ဆီးမှု)၊ ၅ဝ၆ (ဆဲရေး ကြိမ်းမှု) တို့ဖြင့် တရားစွဲခဲ့ခြင်းဖြစ်သည်။
ယခုအခါတရားလိုအားဇူလိုင်လကုန်တွင် စစ်ဆေးပြီးဖြစ်ပြီး တရားလိုပြများကို ဆက်လက် စစ်ဆေး မ ည်ဖြ စ် ကာ တရားလိုနှင့် တရားလိုသက်ေ သများအရ စွဲဆိုထားသည့် ပြစ် မှုမြောက် လျှင် တရားရုံး မှစွဲချက်တင်မည်ဖြစ်ပြီး ပြစ်မှုမမြောက် လျှင် တရားရှင်လွတ်မြောက် မည်ဖြစ်ကြောင်း   ပြင်ဦးလွင် ဒီချုပ်ပါတီဝင်များဘက်မှ ရှေ့နေလိုက်ပေးနေသည့် တရား လွှတ်တော် ရှေ့နေ  ဦးသိန်းသန်းဦး က ပြောသည်။
 ”အမှုကပေါ်ပါတယ်။ သူနဲ့ ဒီလူတွေက ရန်ငြိုးရန်စမရှိဘူးဆိုတာ ပေါ်ပါတယ်။ လုံခြုံရေးတာဝန် ထမ်းဆောင်နေတယ်ဆိုတာ ပေါ်တယ်။ အဲ့ဒီဝင်း ထဲကို ဘယ်သူမှ ဝင်ခွင့်မရှိဘူးဆိုတာလည်း ပေါ် တယ်။ ဒီိကိစ္စမှာနောက်ကွယ်က မရိုးသားတဲ့ လုပ်ကြံမှုတွေပါတယ်” ဟု ဦးသိန်းသန်းဦးက ပြော သည်။
အထက်ပါအမှုမတိုင်မီ ဒေါ်ခိုင်ဝတ်ရည်သန္တာမောင်နှင့် ပြင်ဦးလွင်ဒီချုပ်လွှတ် တော်ကိုယ်စားလှယ် ဦးကျော်သီဟတို့မှာ ၁၉၉၈ ခုနှစ်တွင် ရည်း စားဖြစ်ခဲ့ကြကြောင်း၊ ဦးကျော်သီဟမှ   ဒေါ်ခိုင်ဝတ် ရည် သန္တာမောင်  အား လက်ထပ်ပါမည်ဟု ယုံကြည် အောင်ပြောဆိုကာ ကာမရယူခဲ့ပြီး ကိုယ်ဝန် ရရှိ ခဲ့ကြောင်း၊ ကလေး၏အသက် ၁နှစ် နှင့် ခြောက်လအရွယ်တွင် လက်ထပ် ရန် တောင်းဆိုသော် လည်း ငြင်းဆိုခဲ့ကြောင်း ဦးကျော်သီဟအား စွဲဆိုထားသည့် အမှုရှိခဲ့သည်။   ပြင်ဦးလွင်မြို့နယ် အမျိုးသမီးရေး ရာအဖွဲ့ထံ တိုင်ကြားခဲ့ပြီး ဦးကျော်သီဟနေထိုင်သည့် ရပ်ကွက်မှ လူကြီး များက ညှိ နှိုင်းပေးသဖြင့် မယားစရိတ်၊ ကလေးစရိတ် အဖြစ် ငွေကျပ်လေးသိန်း အား ပေးချေ ခဲ့ပြီး နောက်ပိုင်းတွင် ဆက်လက်ထောက်ပံ့မှုမပြုလုပ်တော့ေ ကြာင်း  အဆိုလွှာတွင် ပါရှိသည်။
 

No comments:

Post a Comment