Tuesday, August 13, 2013

Call Center က အိမ်တိုင်ရာရောက်လက်မှတ်ပို့ပေးသည့် ခရီးသွားဝန်ဆောင်မှုကိုစတင်ဆောင်ရွက်ပေး

၁၈၇၆ Call Center အနေဖြင့် မော်တော်ယာဉ် လက်မှတ်များအားမှာယူပါက အိမ်တိုင် ရာရောက် လက်မှတ် ပို့ပေးသည့် ဝန်ဆောင်မှုကို ဆောင်ရွက်လိုက်ကြောင်း Call Center ၏ တာဝန်ရှိသူတစ်ဦး က ပြောကြား သည်။
“မြန်မာနိုင်ငံခရီးစဉ်တော်တော်များများအတွက် ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ မူဆယ်၊ ရွှေလီ အစရှိတဲ့ နေရာတွေ အတွက် ခရီးသွား ကားလက်မှတ်တွေကို အိမ်တိုင်ရာရောက်စနစ်နဲ့ မှာ ယူနိုင်အောင် ဆောင်ရွက် လိုက် တာဖြစ်ပါတယ်” ဟု ၎င်း တာဝန်ရှိသူကပြောသည်။ ထိုကဲ့သို့ မှာယူ ရန်အတွက် သတ်မှတ် ဝန်ဆောင် ခကို ပေးချေရမည်ဖြစ်ပြီး ဝန်ဆောင်ခများမှာ မှာယူသည့်နေရာ အပေါ်မူ တည်ကြောင်း ၁၈၇၆ သို့ခေါ်ဆိုကာ မှာယူနိုင်မည်ဖြစ်ကြောင်းသိရသည်။
မြန်မာနိုင်ငံအတွင်း အဝေပြေး ယာဉ်လိုင်းခရီးစဉ်များအတွက် ကားလက်မှတ်ဝယ်ယူခြင်းနှင့် ကား လက်မှတ် များကို အိမ်တိုင်ရာရောက် ရယူလိုသည့်ဝန်ဆောင်မှုကို ဆောင်ရွက်လိုပါက ၁၈၇၆ Hot Line ၏ လက်မှတ် ဆိုင်ရာ ဝန်ဆောင်မှုကို ဆက်သွယ်ရမည်ဖြစ်သည်။ လိုင်းခွဲနံပါတ် (၄) ဖြစ်ပြီး ၂၄ နာရီဆက် သွယ်နိုင် မည် ဟုဆိုသည်။ ခရီးစဉ်လက်မှတ်များကို အရေအတွက်အကန့်အသတ်မရှိ မှာ ယူနိုင် မည်ဖြစ်ကြောင်း သိရသည်။ ၎င်းအပြင် ၁၈၇၅ Hot Line တွင်လည်း ဝန်ဆောင်မှုအသစ် တစ် ခု ထပ်တိုး ထားကြောင်း သိရသည်။
၎င်းဝန်ဆောင်မှုမှာ အလုပ်ရှာဖွေလိုသော ဝန်ထမ်းများ၊ ဝန်ထမ်းရှာဖွေသော လုပ်ငန်းရှင်များ အ တွက်ြ ဖစ် ပြီး ၁၈၇၅ HotlLine လိုင်းခွဲ နံပါတ် (၄) သို့ ဖုန်းခေါ်ဆို၍ ရယူနိုင်မည်ဖြစ်ကြောင်း သိရ သည်။ ဝန်ထမ်းများ အနေဖြင့် အဆိုပါဖုန်းသို့ခေါ်ဆိုကာ အလုပ်လျှောက်ထားနိုင်မည်ဖြစ်ပြီး လုပ်ငန်း ရှင်များ အနေဖြင့်လည်း အဆိုပါ ဖုန်းသို့ခေါ်ဆိုကာ ဝန်ထမ်းရွေးချယ်နိုင် မည်ဖြစ်ကြောင်း သိရသည်။
ထွန်းထွန်းအတွဲ (၁၄)၊ အမှတ် (၃၁)From: Internet Journal

No comments:

Post a Comment