Wednesday, August 7, 2013

ဗိုလ်ချုပ်ပြောတဲ့ ဖာနိုင်ငံဖြစ်တော့မယ်

အယ်ဒီတာ အာဘော်From:We Love True
မြန်မာ့အမျိုးသားခေါင်းဆောင်ဗိုလ်ချုပ်အောင်ဆန်းမှမိန့်ခွန်းတွင်ဖာနိုင်ငံပဲ ဖြစ်လိမ့်မယ် လို့ ပြော ဆိုခဲ့ သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းပြောဆိုချိန် လေသံမှာ မြန်မာနိုင်ငံကို ဖာ နိုင်ငံဖြစ် မည်ကို လွန်စွာ စိုးရိမ်နေသည့် လေသံကို ရှင်းရှင်းလင်းလင်း တွေ့ရသည်။ သို့သော် ဥပဒေ ကို လေးစားလိုက်နာသော ဗိုလ်ချုပ်အောင်ဆန်းသည် ဖာနိုင်ငံမဖြစ်ဖို့ ကိုသာပြောဆိုခဲ့ပြီး တရား ဝင် ဖာ (သို့) ပြည့်တန်ဆာ ထားသင့်ကြောင့် လုံးဝ မပြောဆိုခဲ့ပေ။ ထိုအချိန် ဗိုလ်ချုပ်ပြော စဉ်က လည်း မြန်မာနိုင်ငံတွင် တရားဝင် ဖာ (သို့) ပြည့်တန်ဆာ မရှိသေးပါ။ ယခု ဗိုလ်ချုပ်ကျဆုံးပြီး ၆၆ နှစ် အကြာတွင် တကယ့် ဖာ နိုင်ငံဖြစ်မည့် လမ်းစများကို စတင်တွေ့ရတော့သည်။

၆၆ နှစ်အကြာ ၂၀၁၃ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်းကို တိုက်ရိုက်စိန်ခေါ်သည့် အမျိုးသမီးတစ်ဦး ထွက်ပေါ်လာခဲ့သည်။ အဆိုပါအမျိုးသမီး၏ ဥပတိရုပ်မှာ အလွန်ထူးဆန်းသည်။ ခန္ဓာကိုယ်အချိုး အစား ကြီးမားသော်လည်း မျက်လုံးက ငြို့အားပြင်းထန်မည့် မျက်လုံးဖြစ်သည်။ စကားပြောဆို ရာတွင် မျက်လုံးကို အထူး လှုပ်ရှားတတ်ပြီး မျက်ခုံးချီခြင်း၊ မျက်စောင်းထိုးခြင်းများ ကျွမ်းကျင် သူဖြစ်သည်။ ခေတ်စကားနှင့် ပြောရလျှင် ကြာမျက်လုံး ပိုင်ရှင်ဖြစ်ပြီး ကြာပစ်ကျွမ်းကျင်သူ တစ် ဦးဖြစ် သည်။ အဆိုပါအမျိုးသမီးမှာ ဘောင်းဘီတို ပွပွ ဒူးဖုံးကို ဝတ်ဆင်တတ်ပြီး အကျီ ဖို့ရို့ဖား ယား ဖြင့် အမြဲနေသူဖြစ်သည်။ အဆိုပါအမျိုးသမီးသည် ကာမပိုင်အမျိုးသားရှိသော်လည်း အခြား လုပ်ဖော်ကိုင်ဖက် အမျိုးသားများနှင့် ခရီးသွားဟန်လွှဲ တစ်ခန်းတည်းအတူနေတတ်သူဖြစ်သည်။ ထိုအမျိုးသမီးမှာ တရားဝင်ဖာ (သို့) ပြည့်တန်ဆာ ပေါ်ပေါက်ရေး အားသွန်ခွန်စိုက် လုပ်ဆောင် လျှက်ရှိသည့် NLD လွှတ်တော်အမတ် ဒေါ်စန္ဒာမင်း ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့စဉ်က တကယ်ဖြစ်မလာတဲ့ ဖာနိုင်ငံဟာ ဒေါ်စန္ဒာမင်းကြောင့် တရားဝင် ပြည့်တန်စာအိမ်များကို မြို့အနှံ့၊ ရွာအနှံ့ တန်းစီ ပြည့်နှပ်ကာ တကယ့် ဖာနိုင်ငံဖြစ်လာမည်ကို စိုးရိမ်မိပါသည်။


No comments:

Post a Comment