Saturday, August 3, 2013

မူးယစ်ဆေးဖမ်းရာက လက်နက်များပါ ဖမ်းမိ

ကရင်ပြည်နယ် ဘားအံမြို့နယ်တွင် ရဲများက
 မူးယစ်ဆေးဝါးများဖမ်းဆီးစဉ် လက်နက်ခဲ
ယမ်းများပါဖမ်းမိသည့် ဖြစ်ရပ်တစ်ခု ဇူလိုင် 
၃၀ ရက်ကဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်
ငံရဲတပ်ဖွဲ့က ၎င်းတို့၏ အင်တာနက်လူမှု
ကွန်ယက်မှတဆင့် သတင်းထုတ်ပြန်သည်။
ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှ ရဲများက 
ဘားအံမြို့နယ် အိန္ဒုကျေးရွာအုပ်စုရှိ သရက်
ကုန်းရွာမှ ဒေါ်စိန်လေး၏ အိမ်ကို
ဝင်ရောက်ရှာဖွေရာမှ ထိုသို့ပေါ်ပေါက် ခဲ့ခြင်ြး ဖစ်သည်ဟုလည်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
အဆိုပါနေအိမ်အတွင်းမှ WY စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၇၆ ပြားရှာဖွေတွေ့ ရှိခဲ့ပြီး ထိုဆေးပြားများသည် တန်ဖိုးအားဖြင့် ငွေကျပ် နှစ်သိန်းသုံးသောင်းခန့်တန်ကြောင်း ရဲဌာန၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။
ထိုဆေးပြားများသည် အိန္ဒု-ဇာသပြင် ကားလမ်းဘေးရှိဖဒိုအောင်ဆန်းဘုရားကုန်းရွာမှ ကိုအ ၀င်း (ခ)ကိုအောင်ပိုင်နှင့်သူ၏အကိုဝမ်းကွဲ စောပေါင်းနောင်း(ခ)ကိုဖိုးနောင်းထံမှဝယ်ယူထားခြင်းဖြစ်ကြောင်း အိမ်ရှင်ကထွက်ဆိုခဲ့သည်ဟုလည်း ထုတ်ပြန်ထားပါသည်။
ထို့ကြောင့်ရဲများကကိုအ၀င်း၏အိမ်သို့သွားရောက်ရှာဖွေရာထိုသူကနေအိမ်မီးဖိုချောင်မှပစ္စတိုသေ နတ်ဖြင့်နှစ်ချက် ပစ်ခတ်ကာ ခုန်ချထွက်ပြေးသွားကြောင်း၊ ရဲများက ခြောက်လှန့်ပစ်ခတ်ဖမ်း ဆီးသော်လည်း ထိုသူလွတ်မြောက်သွားခဲ့သည်ဟု ရဲဌာနကဆိုသည်။
သို့သော်၎င်း၏နေအိမ်ကိုရဲများက၀င်ရောက်ရှာဖွေရာမူးယစ်ဆေးဝါးများမတွေ့ရသော် လည်း ဒေ သ လုပ်ယမ်းထောင့်တူမီး သေနတ်တစ်လက်၊ ကိုးမီလီမီတာ ပစ္စတိုကျည်နှစ်တောင့်တို့ကို ရှာဖွေတွေ့ ရှိသဖြင့် သိမ်းဆည်းခဲ့သည်ဟုလည်း ဆိုသည်။
ထို့နောက် ရဲများကကိုအ၀င်း၏အကို ၀မ်းကွဲစောပေါင်းနောင်း၏ အိမ်သို့ ဆက်လက်ရှာဖွေရာ မူးယစ်ဆေးများကိုမတွေ့ရသော်လည်းကာဘိုင်သေနတ် လေးလက်၊ဒသမ ၃၀ ကျည် ၂၄ တောင့်၊ ကျည်အိမ်နှစ်ခု၊ M-16 မောင်းပြန်သေနတ် တစ်လက်၊ ၅ ဒသမ ၅၆ ကျည် ၂၃၀ တောင့်၊ ကျည်အိမ်အရှည်ခုနစ်ခု၊အတို ၁၀ခု၊ကိုးမီလီမီတာ ပစ္စတိုတစ်လက်၊ ထိုသေနတ်ကျည် ၁၈ တောင့်၊ ကျည်အိမ် နှစ်ခုတွေ့ရှိခဲ့ သည်ဟု ရဲဌာနက အသေးစိတ်ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထို့ပြင် ပွိုင့် ၂၂ သေနတ်နှစ်လက်၊ ယင်းသေနတ်တွင် သုံးသည့်ကျည် ၁၈၀ တောင့်၊ ကျည်အိမ်နှစ်ခု၊ လေ သေနတ်တစ်လက်၊၄၀မီလီမီတာဗုံးသီး၁၀လုံးနှင့်M-16  မောင်း ပြန်ပြောင်းပို တစ်ခုတို့ကို ထပ်မံသိမ်း ဆည်းရမိသည်ဟုလည်း ရဲဌာနက ဆိုသည်။
ထိုသို့ရှာဖွေတွေ့ရှိပြီးနောက် ရဲများက စုံစမ်းတွေ့ရှိချက်များအရ နောင်အီပုံရွာ မှ ဒေါ်လှရင်အေး ၏ အိမ်သို့ဆက်လက်ဝင်ရောက် ရှာဖွေရာ တန်ဖိုးအားဖြင့်ကျပ်သုံးသိန်းနီးပါးတန်သည့် WY စာတန်းပါ စိတ်ကြွဆေးပြား ၉၈ပြားကို ဖမ်းမိခဲ့သည်ဟုလည်း ဆိုသည်။
ရဲများသည် အဆိုပါဆေးပြားများကို ထိုတစ်ရွာတည်းမှ ကိုသောင်းငြိမ်းထံမှ ၀ယ်ယူထားခြင်းဖြစ် သည်ဟု ထပ်မံသိရှိပြန်သဖြင့် ၎င်း၏ အိမ်ကိုသွားရှာရာ တူမီးသေနတ်တစ်လက်နှင့် ခဲသီးများ ယမ်းမှုန့်များတွေ့ရှိ သဖြင့် သိမ်းဆည်းခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
ရဲများကအဆိုပါဖမ်းဆီးရမိသည့်အမှုများနှင့်ပတ်သက်၍ ဒေါ်စိန်လေး၊ကိုအ၀င်း နှင့်စောပေါင်းနောင်း တို့သုံးဦးကိုအိန္ဒုနယ်မြေရဲစခန်းတွင်အမှုအမှတ်မူးယစ်(ပ)၉/၂၀၁၃ဖြင့်အမှုဖွင့်ထားပြီးမူးယစ်ဆေးနှင့် စိတ်ကိုပြောင်းလဲစေသောပြစ်မှုပုဒ်မ၁၅/၁၆(ဂ)/၁၉(က/၂၀(က/၂၁ဖြင့်တရားစွဲမည်ဖြစ်ကြောင်း  ရဲဌာနက ထုတ်ပြန်သည်။
ဒေါ်လှရင်အေးနှင့် ကိုသောင်းငြိမ်းတို့ကိုလည်း အမှုအမှတ် မူးယစ်(ပ)၁၀/၂၀၁၃ ဖြင့် အမှုဖွင့် ထားပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ပြစ်မှုဆိုင်ရာ ဥပဒေ ၁၅/၁၆(ဂ)/၁၉(က)/၂၀(က)/၂၁ ဖြင့် လည်းကောင်း၊ လက်နက်ပုဒ်မ ၁၉(စ)ဖြင့် လည်းကောင်းတရား စွဲမည်ဖြစ် သည်ဟု ရဲဌာနကဆိုသည်။
ကိုအ၀င်းကို အမှုအမှတ် (ပ) ၃၂/၂၀၁၃ ဖြင့် အမှုဖွင့်ပြီး လက်နက်(ယာယီ) ပြင်ဆင်ချက် ဥပဒေ ပုဒ်မ ၁၉ (က)ဖြင့် တရားစွဲမည်ဟုလည်း ရဲဌာနက ထုတ်ပြန်ချက်အရ သိရှိရသည်။ 

.. www.MyanmarExpress.net
 

No comments:

Post a Comment