Friday, August 9, 2013

အသားဖြူရန် ဆေးထိုးမှုအမျိုးသားများပါ ပြုလုပ်လာကြ


အသားအ ရေဖြူဖွေးကြည်လင်တောက်ပ စေ
ရန်ဆေးထိုးမှုကို မိန်းကလေး များသာမက အမျိုးသားများပါ ပြုလုပ်မှုများလာကြောင်း Ama-ra International Company Limited မှ သိရသည်။ မြန်မာလူမျိုးအများစုမှာ အများအားဖြင့် အသားဖြူလိုကြ လေ့ရှိသော်လည်း နေရောင်
ခြည် ကိုအများ ဆုံးခံ ရလေ့ ရှိသဖြင့် အ သားညိုသူများပြားကြသည့်အ တွက် အဆိုပါကုမ္ပဏီမှ ဝန်ဆောင် မှုအသစ်အနေဖြင့် အသားဖြူစေ ရန်နှင့် အသားကို ကြည်လင် ဝင်း ပ စေရန်အတွက် Gluta-White-ning Vitamin Cocktail Treat-ment by Glutathione injec-tion
ဟူသောဆေးဖြင့် ဝန်ဆောင် မှုပေးရာ ယင်းသို့ဆောင်ရွက်သူ များ လာခြင်းဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီမှ ဒါရိုက်တာ ဒေါက်တာ ရဲအောင်က ပြောသည်။ ယင်းမှာ အကြောအတွင်း သို့ ထိုးဆေးကဲ့သို့သွင်းရသော ဆေးတစ်မျိုးဖြစ်ပြီး ယိုးဒယား နိုင်ငံတွင် အဓိက အားဖြင့် ခေတ် အစားဆုံးအသုံးပြုကြလေ့ရှိပြီး ဆေး၏အာနိသင်သည် ချက်ချင်း အသားဖြူစေခြင်း မဟုတ်သော် လည်း အာဟာရ ဖြည့်တင်းပေး သောအနေဖြင့် ယင်းဆေးကိုအ သုံးပြုကြခြင်းဖြစ်ကာ ဘေး ထွက် ဆိုးကျိုးမရှိကြောင်း သိရသည်။ ''ငါးခါလောက်ထိုးပြီးရင် တော့တော်တော်လေးကို သိသာ သွားပါတယ်။ တစ်ခါသွင်းလိုက် တာနဲ့တင် သိသာပါ တယ်။ ငါးခါ လောက်ဆိုတော့ ပိုပြီးတော့ သိ သိသာသာကြီးကို အသားအရေ က ကြည် လင်တောက်ပသွားတယ် ပေါ့။ ယိုးဒယားနိုင်ငံမှာတော့ ဒီလို ဆေးမျိုးကို နှစ်နဲ့ချီပြီးတော့ ထိုး ကြတယ်။ တစ်နှစ်လောက် ကို ထိုး ကြတယ်။ အထူးသဖြင့် သရုပ် ဆောင်တွေ၊ မော်ဒယ်တွေက အ ဓိကအ သုံး များကြတယ်၊ အရင်တုန်း က သိပ်မသိဘူး။ လုပ်လေ့မရှိကြ ပေမယ့် အခုဆိုရင် အမျိုးသမီး တွေသာမက အမျိုး သားတွေ ပါ လုပ်လာကြပါတယ်''ဟု ဒေါက်တာ ရဲအောင် က ပြော သည်။ အဆိုပါဆေး သည် အသား ကိုဖြူစေရုံမက အသားအရေကျန်း မာရေးကိုကောင်းစေသည့်အပြင် ခန္ဓာကိုယ် တွင်ရှိ သည့် အသည်း ကျောက်ကပ်တို့ကို အားကောင်း စေပြီး အားဆေးသဘောမျိုးနှင့် လည်း အသုံးပြုကြောင်း သိရသည်။ ''ဒီဆေးက အသားကိုဖြူ စေတယ်၊ အသားအရေကျန်းမာ ရေးကို ကောင်းစေတဲ့အပြင် ခန္ဓာ ကိုယ်မှာရှိတဲ့ အသည်း၊ ကျောက် ကပ်တို့ကိုအားကောင်းစေတယ်။ အားဆေးသဘောမျိုးနဲ့လဲ အသုံး ပြုကြတယ်။ ဆေးကို ပုံမှန်တော့ တစ်ပတ်ကို တစ်ခါ ဒါမှမဟုတ် ရင်လဲ နှစ်ပတ်ကိုတစ် ခါလောက် သွင်းကြတယ်''ဟု ပြောသည်။ တစ်နှစ်ခန့်သွင်းပါက ခန္ဓာ ကိုယ်အတွင်းရှိ အစိတ်အပိုင်း များကိုကာကွယ်ပေးသည့်အပြင် အရေပြား ကျန်းမာရေး ကိုလည်း ထိန်းသိမ်းပေးကြောင်း၊ အခြား သောနိုင်ငံများတွင် လွန်စွာခေတ် စားနေပြီး မြန်မာနိုင်ငံ တွင်လည်း ယခုနောက်ပိုင်းမှာ ခေတ်စားလာ ခြင်းဖြစ်ကြောင်း သိရသည်။
''လာပြကြ တဲ့ ကာစတန်မာ တွေကလဲ ဒါကိုပိုပြီးစိတ်ဝင်စား လာကြပါပြီ။ အသားဖြူအောင် လုပ်လာကြ ပါတယ်။ အောင်မြင် ပြီး ပြုလုပ်ပြီးသူများလဲ စိတ်ကျေ နပ်မှုကိုရကြတော့ အမျိုးသား များ၊ အမျိုးသမီးများပါ ပြုလုပ် သူများ လာပါတယ်။ အခုခေတ်က ခေတ် အခြေအနေ အရ အသားဖြူ ချင် ကြတယ်။ ယောက်ျားလေး၊ မိန်း ကလေးလုပ်ကြတယ်။ ဆရာဝန် ကိုယ်တိုင်မှကြီး ကြပ်ပြီး သွင်းပေး တယ်၊ ဆေးသွင်း ချိန်မှာ မိနစ် ၂၀၊ နာရီဝက်အတွင်း ကြာမြင့်ပြီး တော့ ထိုးရုံနဲ့ သိသိသာသာကြီး ဖြူဖွေး သွားခြင်း မျိုးမ ဟုတ်ဘဲ လေးငါးကြိမ်သွင်းပြီးပါက သိသိ သာသာကိုဖြူ စင်တဲ့အသားအ ရည်ကိုရရှိနိုင်ပါတယ်''ဟုဒေါက် တာရဲအောင် က ဆက်လက်ပြော သည်။
ပထမအကြိမ်ထိုးပြီးသည် နှင့် ဆေး၏အကျိုးသက်ရောက်မှု သည် ဒုတိယအကြိမ်မထိုးမီ လေး ငါးရက်ခန့်တွင် အကျိုးသက်ရောက် မှုအနေဖြင့် အသားပိုဖြူလာပြီး လက်ဖဝါးများ လက်ဖျံများတွင် ပိုမိုသိသာလာကာ တစ်ပတ်တစ် ခါသွင်းသူများသည် အသားအ ရေဖြူဖွေးကြည်လင်မှုကို ပိုမိုသိ သာစေနိုင်ကြောင်း သိရသည်။ ဆေးသွင်းလိုက်သည့်သ ဘောသည် ဆေးမှာ ခန္ဓာကိုယ် တွင်ရှိသောဆဲလ်များကိုပြောင်း လဲပေး လိုက်ခြင်း ဖြစ်ပြီး ဆဲလ်များ ကိုပိုအားကောင်းစေရန် ပြုလုပ် ပေးခြင်းဖြစ်သောကြောင့် ပြင်ပနေ ထိတွေ့မှုများပါက ဆဲလ်များပျက် စီးသွားစေနိုင်ကြောင်း သိရသည်။ အဆိုပါဆေးမှာ တစ်လုံး လျှင် လေးသောင်းဝန်းကျင်ခန့် ကျသင့်မည်ဖြစ်ပြီး ဆေးထိုးပြီးသူ များသ ည် နေရောင်ခြည် တိုက် ရိုက်ထိတွေ့မှုများကို ရှောင်ကြဉ်ရ မည်ဖြစ်ကြောင်း သိရသည်။ ခင်သက်မွန်၊ သြဂုတ်(၇)၊ ရန်ကုန်တိုင်းမ်နေ့စဉ်သတင်းစာ

No comments:

Post a Comment