Thursday, August 8, 2013

တင်ဒါအောင်မြင်သည့် ကုမ္ပဏီတစ်ခုလျှင် အနည်းဆုံးဘတ်စ်ကား (၇၅) စီး ရန်ကုန်တွင် ပြေးဆွဲပေးရမည်

မြန်မာပြည်၏ ဖွံ့ဖြိုးတိုးတက် မှုတွင် အကူအညီထောက်ပံ့မှုရစေရန် ကဏ္ဍအလိုက် တင်ဒါများခေါ် ယူခဲ့ရာ တွင် ယခုအခါတွင် ကုန်းလမ်းပို့ ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (က. ည.န) အနေဖြင့် အကျိုးတူပူးပေါင်း လုပ်ကိုင်ဆောင်ရွက်နိုင်ရန်တင်ဒါ များခေါ်ယူခဲ့ကြောင်းသိရှိရသည်။
အဆိုပါတင်ဒါခေါ်ယူခဲ့ရာတွင်ကုမ္ပဏီသုံးခုမှာတင်ဒါအောင် မြင်ခဲ့ကြောင်းနှင့်တင်ဒါအောင်မြင် သော ကုမ္ပဏီများမှ ကုမ္ပဏီတစ်ခု လျှင် ရန်ကုန်တိုင်းဒေသကြီးတွင် အ များပြည်သူသယ်ယူ ပို့ဆောင်ရေး ၌ ဘတ်စ်ကား အစီးရေ (၇၅) စီးအနည်း ဆုံးပြေးဆွဲပေးသွားရမှာဖြစ်ကြောင်း သိရှိသည်။
တင်ဒါစနစ်အောင်မြင်ပြီးဖြစ် သော ကုမ္ပဏီများသည် ကုန်းလမ်းပို့ ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (က. ည.န) နှင့် အကျိုးတူပူးပေါင်းလုပ် ကိုင်ရမှာဖြစ်ပြီး ဤကဲ့သို့ဆောင်ရွက် ရာတွင် ကုန်းလမ်းပို့ ဆောင်ရေးညွှန် ကြားမှုဦးစီးဌာနမှ လုပ်ပိုင်ခွင့်၊ ၀န် ထမ်းအင်အားနှင့် မြေနေရာတို့ကိုသာ ထည့် ၀င်ပေး သွားမှာဖြစ်ပြီး ကုမ္ပဏီများကရင်းနှီးမြှုပ်နှံငွေကိုရာနှုန်း  ပြည့် မြှုပ်နှံရမှာဖြစ်ကြောင်းသိရှိရ သည်။
ဤကဲ့သို့ ပြုလုပ်ရာတွင်လည်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ထံမှ ခွင့်ပြုချက်ရယူသွားရ မှာဖြစ် ကြောင်းသိရှိရသည်။ တင်ဒါအောင် မြင်သော ကုမ္ပဏီများမှာ ပြည်တွင်း မှကုမ္ပဏီနှစ် ခုဖြစ်သော မန္တလေးအ ခြေစိုက် မိုးသောက်နှင်းကုမ္ပဏီ၊ ရန် ကုန်အခြေစိုက် Forever Green Light နှင့် တောင်ကိုရီးယားအခြေ စိုက်သည့် Busan Express Bus Terminal တို့ဖြစ်သည်။
ဤကဲ့သို့ပူးပေါင်းဆောင်ရွက် ရာတွင် က.ည.န မှ (၃၀) ရာခိုင်နှုန်း နှင့် ကုမ္ပဏီများမှ (၇၀) ရာ ခိုင်နှုန်းပိုင်ဆိုင်ရမှာဖြစ်ပြီးအဆိုပါလုပ်ငန်းအတွက်ကုမ္ပဏီသီးသန့်တည်ထောင်သွားရမှာဖြစ်ကြောင်း  သိ ရှိရသည်။
လမင်းအောင်
Auto World Journal

No comments:

Post a Comment