Friday, August 2, 2013

ရှစ်လေးလုံး ငွေရတု မတိုင်ခင် ၈၈ ကျောင်းသား နှင့် ဗကသ ကျောင်းသား နှစ်ခြမ်းကွဲ

 ဗကသကတော့ ရန်ကုန်မြို့မှာ ကျင်းပမယ့် ရှစ်လေးလုံး ငွေရတု အခမ်းအနားကို တက်ရောက်မှာ မဟုတ်ပါဘူး။ အခမ်းအနား ဖြစ်မြောက်ရေး ကော်မတီကနေလည်း နုတ်ထွက်လိုက်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အစိုးရ တာဝန်ရှိသူတွေနဲ့အတူ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း၊ ဦးအောင်မင်းတို့ကို တက်ရောက်ဖို့ ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းက ဖိတ်ကြားခဲ့တယ်လို့ သိရလို့ပါပဲ။      
  - ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) ၏ ဗဟိုလုပ်ငန်း ကော်မတီဥက္ကဋ္ဌ  ကိုကျော်ကိုကို
ရန်ကုန်က ငွေရတုပွဲကိုတော့ တက်ဖြစ်မှာ မဟုတ်ဘူး။ တော်တော် စောစောထဲကပါ ။ ဒီမှာက လူစုံတယ်လေ။ ဟိုမှာက နယ်ဆိုတော့လေ။ ပြီးတော့ ဟိုမှာက လုပ်ဖော်ကိုင်ဖက် ဟောင်းတွေ လည်းရှိတယ်လေ။ဒီမှာကတော့သူဋ္ဌေးအလှူပေါ့လေ။ဟိုမှာကတော့ဆင်းရဲသားအလှူပေါ့။                     
                  

-၁၉၆၂ ကျောင်းသားသမဂ္ဂ ခေါင်းဆောင်ဟောင်း ဦးလှရွှေ
ရှစ်လေးလုံး အရေးတော်ပုံမှာ ရဟန်းရှင်လူ ပြည်သူအားလုံး ပါဝင်ခဲ့တယ်။ ဒီအတွက် လုပ်တဲ့ ငွေရ တု ပွဲကို တစ်ဦးတစ်ယောက်၊ တစ်ဖွဲ့တစ်သင်းအတွက် မောင်ပိုင်စီးဖို့ လုပ်တယ်ဆိုရင် အဲဒါကို လက်မခံဘူး။ အားလုံးပါဝင် ဆင်နွှဲနိုင်ရမယ်။ ဒါပေမဲ့ နိုင်ငံရေးအရ အသုံးချရမယ့် စင်မြင့်တော့ မဟုတ်ပါဘူး။
- ကိုဇော်သက်ထွေး (နိုင်ငံရေး အကျဉ်းသားဟောင်း)
ရန်ကုန်မှာလုပ်တဲ့ ရှစ်လေးလုံး ငွေရတု အခမ်းအနားရဲ့ ကြွေးကြော်သံက ''အမျိုးသား ပြန်လည်သင့်မြတ်ရေး'' ဆိုတဲ့ အလံအောက်က ဖြစ်တယ်။ မန္တလေးမှာ လုပ်တာက ရှစ်လေးလုံး အရေးတော်ပုံကြီးရဲ့ ၀ိညာဉ်ကို ဆက်လက် သယ်ဆောင်ပြီး တိုက်ပွဲဝင် စိတ်ဓာတ်ကို ဖော်ဆောင်ဖို့ဆိုတဲ့ ခေါင်းစဉ်အောက်မှာပါ။ နှစ်ပိုင်းကွဲ နေတာပေါ့။ ရန်ကုန်ပွဲကို မန္တလေးက ကိုယ်စားလှယ်နှစ်ဦး တက်မှာဖြစ်ပြီး ယေဘုယျ သဘောထားကတော့ အမျိုးသား ပြန်လည်သင့်မြတ်ရေး အလံအောက်မှာ ဖြစ်တာမို့ ဘယ်သူမဆို တက်ခွင့်ပြုသင့်တယ်လို့ မြင်တယ်။  မိန့်ခွန်းပြောမယ် ဆိုတာတော့ စိစစ်သင့်တယ်လို့ ထင်တယ်။ မန္တလေးမှာ အဲလိုအစီအစဉ် မရှိဘူး။ ရှစ်လေးလုံးရဲ့ ၂၅ နှစ် အတွေ့အကြုံတွေ၊ သင်ခန်းစာတွေကို သုံးသပ်ပြီး ရှေ့ကို တိုက်ပွဲဝင်စိတ်ဓာတ် ဘယ်လိုသယ်ဆောင်မလဲ ဆိုတာဖြစ်တဲ့အတွက် ဒီလိုလူတွေနဲ့ ဘယ်လိုမှ ဖြစ်မှာမဟုတ်ဘူး။ အဲဒီတော့ မန္တလေး သဘောထားမှာတော့ ဖိတ်လည်းဖိတ်မှာ မဟုတ်ဘူး။ မိန့်ခွန်းလည်း ပြောခိုင်းမှာ မဟုတ်ဘူး။ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီးကို အစိုးရက တကယ် လက်ခံနေပြီလား။ သတိချပ်ဖို့ လိုမယ်ထင်တယ်။ တကယ်ပဲ ရိုးရိုးသားသားနဲ့ အသိအမှတ်ပြုတာ၊ ရှစ်လေးလုံး လူထုတိုက်ပွဲကြီးဟာ သူတို့ပြောသလို တကယ့်ကို အိပ်မက်ဆိုး မင်းမဲ့စရိုက်ဆိုးကြီး မဟုတ်ဘဲနဲ့ ပြည်သူလူထုရဲ့ ဒီမိုကရေစီ တိုက်ပွဲကြီးပါလို့ အသိအမှတ်ပြုပြီး ဖိတ်မယ်ဆိုရင်တော့ လက်ခံသင့်တယ်။ သို့သော် အဲဒီလို တက်လာချိန်မှာ ဒီအရေးတော်ပုံဟာ လက်ဝဲလက်ယာ ပြည်တွင်းပြည်ပ အဖျက်သမားတွေရဲ့ တိုင်းပျက် ပြည်ပျက် ကြီးလို့ဆိုတဲ့ အယူအဆနဲ့ ဆိုရင်တော့ လက်မခံနိုင်ဘူး။ အဲဒီလိုမဟုတ်ဘဲ  လူထုတိုက်ပွဲကြီးပါ။ ဒီမိုကရေစီ ဖော်ဆောင်ရေး တိုက်ပွဲမို့ လာခဲ့ပါတယ်လို့ လက်ခံတယ်ဆိုရင် တက်ခွင့်ပြုသင့်ပါတယ်။
- ဦးသိန်းသန်းဦး (တရားလွှတ်တော်ရှေ့နေနှင့်  မန္တလေး ရှစ်လေးလုံး ငွေရတုပွဲ ကျင်းပရေး ကော်မတီ)
'သူတို့ပူးပေါင်း လာတဲ့အပေါ် ပုဂ္ဂိုလ်ရေး ပြဿနာ ဆိုတာထက်ကို ရှစ်လေးလုံးဟာ စစ်အာဏာရှင် စနစ်ကို ဘုံရန်သူအဖြစ် ထားပြီးတော့ တိုင်းရင်းသား ပြည်သူအားလုံး ဒီအရေးအခင်းမှာ တိုက်ပွဲဝင်ခဲ့ကြတာ။ တစ်ပါတီ အာဏရှင်စနစ် ပြုတ်ကျပြီးတော့ ပါတီစုံ ဒီမိုကရေစီစနစ် ထွန်းကားဖို့ အတွက်ကို တိုက်ပွဲဝင်ခဲ့ကြတာ။ အဲဒီတုန်းက ရန်သူတွေဟာ ယနေ့ ရှစ်လေးလုံးမှာ မင်္ဂလာလာယူတဲ့ကိစ္စ။ အဲဒီတုန်းက တောင်းဆိုချက်တွေကို ပေးပြီးတော့မှ ပူးပေါင်းလို့ ရှိရင်တော့ လက်ခံနိုင်မှာပေါ့။ အဲဒီတုန်းက တောင်းဆိုချက်တွေ ဘာမှမပေးဘဲနဲ့ ပူးပေါင်းတယ် ဆိုတာကတော့ နိုင်ငံတကာ အမြင်ကောင်းအောင်၊ ပြည်သူတွေေ၀၀ါးသွားအောင် လုပ်တဲ့ကိစ္စလို့ မြင်တယ်။
- မှိုင်းရာပြည့် ကျောင်းသားခေါင်းဆောင်ဟောင်း ဦးတင်အေးကြူ
သူတို့တွေက Mind-set မပြောင်းဘူး။ သူတို့သာ တကယ်ပြောင်းတယ်ဆိုရင် တိုင်းပြည်ကို ၀န်ချတောင်း ပန် ရမှာပေါ့။ ၀န်ချတောင်းပန်တာမျိုး မလုပ်ဘဲနဲ့တော့ မိန့်ခွန်းပြောတာကို လက်မခံဘူး။
- ကိုသက်ဦး  (နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့)
.. www.MyanmarExpress.net

No comments:

Post a Comment