Thursday, August 8, 2013

ဘာသာရေး ကင်းစောင့်ပါဘုရား

အခု မိတ်ဆွေတို့မြင်နေရတာက
ဘုန်းကြီးကျောင်းလေးတစ်ခုဖြစ်ပါတယ်
အတိအကျပြောရရင် ဘုန်းကြီးမရှိတဲ့ ဘုန်းကြီးကျောင်းဖြစ်ပါတယ်
ဒီကျောင်းလေးဟာဆိုရင်
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်နဲ့
ကချင်ပြည်နယ် မိုးမိတ်မြို့နယ် တို့အစပ်က ဟိုစန်ဆိုတဲ့ ရွာကလေးမှာ တည်ရှိပါတယ်
ရွာလေးမှာတော့ ရှမ်းနဲ့ ပလောင်လူမျိုးတွေ နေထိုင်ကြပြီး ဗုဒ္ဓဘာသာဝင်တွေဖြစ်ပါတယ်
ပင်လယ်ရေမျက်နှာအထက် ပေ၃၅၀၀ ခန့်က အဆိုပါရွာကလေးမှာ အိမ်ခြေအားဖြင့် 

၁၇ လုံးခန့်သာရှိပြီး လူဦးရေ ၁၀၀ ခန့်နေထိုင်ပါတယ်ဝေးလံခေါင်သီတဲ့ရွာကလေးမို့ သွားရေးလာရေး အဆင်မပြေပါဘူး
တောင်သူ လက်ဖက်စိုက်သူတွေမို့ ချမ်းသာတဲ့လူတွေလည်း မဟုတ်ပြန်ပါဘူး
ဒါပေမယ့် မိတ်ဆွေတို့မြင်တဲ့အတိုင်း ရွာဘုန်းကြီးကျောင်းလေးကိုတော့ တကယ့်ကို သစ်ကောင်းဝါးကောင်းနဲ့ ဆောက်လုပ်ထားပါတယ်
တရွာလုံး ဘယ်သူမှ သွပ်မမိုးနိုင်ပါဘူး ကျောင်းကိုတော့ သွပ်မိုးထားပါတယ်
ဒီလို သဒ္ဓါတရားထက်သန်ကြပေမယ့်ခေါင်လွန်းတာက တကြောင်း
မျှစ်သာစားရဖို့ များတာကတကြောင်းစတဲ့ အကြောင်းပြချက်ပေါင်းစုံနဲ့
ဘယ်ဘုန်းကြီးမှ ကျောင်းထိုင်ဖို့ ပင့်မရပါဘူး
ငြင်းလွှတ်ပါတယ်

ရွာသားတွေ အမျိုးမျိုးကြိုးစားကြည့်ပေမယ့် အဆင်မပြေခဲ့ပါဘူး
ဒါကြောင့် ပုံမှာ မြင်တဲ့အတိုင်း အမြဲသော့ခတ်ထားရပါတယ်
.....
တဖက်တောင်ကြောမှာတော့ မန်မောဆိုတဲ့ ကချင်ရွာကလေးရှိပါတယ်
အိမ်ခြေရော လူဦးရေရော ဟိုစန်ထက်နည်းပါတယ်
ဒါပေမယ့် သူတို့မှာ Chruch နဲ့ သင်းအုပ်ဆရာ ရှိပါတယ်
ပွင့်ပွင့်လင်းလင်း ပြောရရင် ဟိုစန်ထက်အများကြီးညစ်ပတ်တဲ့ရွာပါ
သင်းအုပ်ဆရာကိုလည်း သာမန်ထားတာပါပဲ
အထူးတလည် ဘယ်သူမှ အရေးမထားပါဘူး
ဝက်တွေ ဗွက်တွေ ပွထနေပေမဲ့ သင်းအုပ်ဆရာလေးကတော့ ပြုံးပြုံးပါပဲ
ရွာလေးဟာ တနင်္ဂနွေဆို chruch တက် ဘုရားသီချင်းဆို
ဘာသာရေး နဲ့ လွှမ်းခြုံနေပါတော့တယ်
.....
ဟိုစန်ရွာသားတွေကပြောတယ်
ဘုန်းကြီးလည်းမျှစ်ပဲစားရတော့ ပြေးပြီ တဲ့
သူတို့ မပြောလဲပဲ သူတို့စိတ်ထဲမှာ
တဖက်ရွာကို အားကျနေတာကတော့ ဖုံးဖိမရပါဘူး
ရွာမှာအရေးထား အလေးထားရမယ့်ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်မရှိတာက
အဲ့သည့်ဒေသမှာ သိပ်သိသာပါတယ်
ဒါကြောင့်လည်း
တဖက်ဘာသာကို လိုလိုလားလား ပြောင်းသွားသူတွေ
တဖက်ဘာသာက လူနဲ့ အိမ်ထောင်ရက်သားကျလို့
ဘာသာပြောင်းသွားသူတွေ အရေအတွက်ဟာ တရိပ်ရိပ်တက်လာပါတော့တယ်
ဒီလိုရွာမျိုးမှာ မျိုးစောင့်ဥပဒေဆိုတာလည်း လက်လှမ်းမှီမှာ မဟုတ်ပါဘူး
.....
ဒါကြောင့် ဘာမှမလိုပါဘူး
ဘုန်းဘုန်းတွေ လာနေဖို့ပဲလိုပါတယ်ကျောင်းထိုင်တာကို
ဘာသာရေး ကင်းစောင့်တယ်လို့ ပြောရမလားတော့မသိဘူး
တနိုင်ငံလုံးမှာလည်း အလားတူအဖြစ်တွေ တပြုံတခေါင်းရှိနေဆဲဖြစ်နေဆဲ ဖြစ်ပါတယ်
စစ်သားစကားနဲ့ပြောရရင်တဖက်က ကိုယ့်နယ်မြေတွေကို စိမ့်ဝင်သိမ်းပိုက်နေချိန်မှာ
ကိုယ်တွေက ဌာနချုပ်နားက မခွဲနိုင် မခွာရက်ဖြစ်နေတာက ကျရှုံးခြင်းအစပဲဖြစ်ပါတယ်
ရန်ကုန် မန္တလေးလို မြို့ကြီးတွေမှာ
ဘုန်းဘုန်းတွေ ရဲပဒေါင်းခတ်အောင်များပြားနေတာတွေ
လောကီကိစ္စတွေမှာဝင်ရောက်ပါဝင်နေတာထက်
ကိုယ့်ရဲ့မူလတာဝန်ဖြစ်တဲ့ဘာသာ သာသနာပြန့်ပွားရေးကို
အလေးအနက်ထားတဲ့အနေနဲ့ဖော်ပြပါ ရွာလေးတွေမှာ
အပင်ပန်း အဆင်းရဲခံပြီး အလှည့်ကျဖြစ်ဖြစ် ဘာသာရေးကင်းစောင့် ကြမယ်ဆိုရင်
ဘယ်လောက်များကောင်းလိုက်မလဲ လို့တွေးမိပါတယ်ခင်ဗျာ

ကိုဆေး


(တဖက်ဘာသာကို အပုတ်ချလိုခြင်း
နိုင်ငံရေးသမားများကို အပုတ်ချလိုခြင်း
အလျဉ်းမရှိပါခင်ဗျာ သာသနာထွန်းကားပြန့်ပွားရေး အမြင်တစ်မျိုးတည်းဖြင့်သာ ရေးသားပါသည်
တဆက်စပ်တည်း လွယ်ဆာရွာ မိုးပြေရွာ ဟိုဝိတ်ကျေးရွာတို့တွင်
အသီးသီး အဆင်းရဲ အပင်ပန်းခံ ကျောင်းထိုင်နေကြသော
အရှင်ဘုရားတို့ကို ဤစာဖြင့် ရိုသေစွာရှိခိုးကန်တော့လိုက်ပါတယ်)

No comments:

Post a Comment