Monday, August 12, 2013

ကောလာဟလ တွေနဲ့ တိုင်းပြည်ကို မဖျက်ဆီးကြပါနဲ့

ဆရာစောကျော်အေး(ပန်းပဲတန်း) ၏ တိုင်းပြည်အတွက် လူမိုက်လုပ်၍ အမုန်းခံ သွားသူဆောင်းပါးကို လေးစားစွာဖြင့်ေ
ထာက်ခံရေးသားပေးပို့ပါသည်။
၂၁-၂၇ဇွန်လ၂၀၁၃ရက်စွဲဖြင့်
ထုတ်ဝေသော Hot News ဂျာနယ်တွင် လူအများအမုန်းတော်ခံပြီး နိုင်ငံကို အုပ် ချုပ်ခဲ့သော ဗိုလ်ချုပ်ကြီး နေ၀င်းနှင့် ပတ်သက်၍ အကောင်းမြင့်ရှုဒေါင့်မှ ရေးသားခဲ့သော ဆရာ့ဆောင်းပါးကို ဖတ်ရှု မိပြီး ၀မ်းသာပီတိဖြစ်မိ၍ဆရာ့ ထံ ယခုလို စာရေးသားပေးပို့ရခြင်းဖြစ်ပါသည်။ကျွန်တော့်အသက် ၆၇ နှစ်ရှိခဲ့ပြီး နားစိုက်တတ် သူများအတွက် သူတော် ကောင်းတရားများ လွှမ်း မိုးပြန့်နှံ့ ထွန်း ကားနေသောအ ချိန်ဖြစ်ြ ခင်းေ ကြာင့် ဆရာတော်ဆေကိန္ဒ၏ အကောင်းမြင်မှ အမှန်မြင်နိုင်မယ် ဆိုသော ဓမ္မစကားနှင့် တရားတော် မှ ဆုံးမသော သူတော်ကောင်းသည် မကောင်းတာကို ခုတွေ့ မြင်သော်လည်း ကောင်း တာတစ်ခုနှင့် ကြေအေးသည်ဆိုသော အသိတရားတို့ ဖြင့် ကွယ်လွန်သူ ဗိုလ်ချုပ်ကြီး နေ၀င်း၏ တိုင်းပြည်နှင့်လူမျိုးသာသနာအပေါ် ကောင်းကျိုးဖြစ်စေခဲ့သောအချက်အလက်များစွာတို့ကို ထောက် ခံရေးသားတင်ပြ ရခြင်းဖြစ်ပါသည်။
ဆရာယခုရေးသားသော စာသည် အချိန်အခါသင့်၍ ပွင့်လာသော ကုမုဒြာ ကြာပန်းပွင့်လာသကဲ့သို့ ကျွန်တော့် ရင်ထဲ ခံစားမိပါသည်။
ကမ္ဘာ့သမိုင်းတွင် ခေတ်တခေတ် မှာ တန်ဖိုးရှိသော လူ့အဖိုးတန်ပညာရှိတို့ ကို အတွေးအခေါ်အယူ ဆမမှီဘဲ မှားယွင်းနှိပ်စက်သတ်ဖြတ်မိပြီး နောင်တ ခေတ်ကျမှ မိမိတို့မှားယွင်းနှိပ်စက် သတ် ဖြတ် မိကြောင်း သိရှိကြသည်။ သာဓက များရှိခဲ့ပါသည်။
မြတ်ဗုဒ္ဓ၏ စေတနာသည် ကံဖြစ်၏ဆိုသော စကားနှင့်တိုင်းတာပြီးပြရလျှင် ဦးနေ၀င်းသည် ခေတ် ၏ တောင်း ဆိုမှုပြည်သူ့အခွင့်အရေးကိုသိမြင်ပြီး တရုတ်-ကုလား-လူမျိုးကြီးအင်အားကြီး နိုင် ငံကြားညှပ် နေသော မြန်မာနိုင်ငံကို ဆိုရှယ်လစ်ဝါဒလက်ကိုင်စွဲပြီး မြန်မာနိုင်ငံ နှင့် ကိုက်ညီ မည့်  မြန်မာ့ဆိုရှယ်လစ်ဟူ ၍ ခေါင်းစဉ်တပ်ခါ လမ်းစဉ်ပါတီထူ ထောင်ပြီး နိုင်ငံကိုအုပ်ချုပ်ခဲ့သည်။ ဦးနေ၀င်းတက်စ မြန်မာနိုင်ငံသည် စီးပွား ရေး၊ လူမှုရေး၊ ပညာရေးတို့တွင် လူမျိုး ခြားများ၊ သာသနာပများအားကောင်းခဲ့ သည်။ တစ်ချိန်က ရန်ကုန်မြို့သည် ကုလားမြို့ဟူ၍ အမည် တွင်ခဲ့ သည်။ တိုက်တာ၊ အိုးအိမ်၊ ခြံမြေ၊ ဆိုင်ကြီး ကနားကြီးတို့ လူမျိုးခြားအရင်းရှင်တို့ လက်ထံတွင် သာရှိခဲ့သည်။ ခေတ်၏ အခွင့်အရေးကို အပြည့်အ၀အသုံးချပြီး သတိ္တ ရှိရှိ ပြတ်ပြတ်သား သားဖြင့်   နိုင်ငံ ခြားသားအရင်းရှင်များလက်ထဲမှ ပိုင်ဆိုင် မှုများကို တိုင်းပြည်နှင့် လူမျိုးအတွက် ပြန်လည် သိမ်းပိုက်ခဲ့သည်။ တိုင်းပြည်တွင် အနေအစားမချောင်တော့သော လူမျိုး ခြားများ စွာ နိုင်ငံမှ စွန့်ခွာသွားခဲ့ကြစေ သည်။ နိုင်ငံနှင့်တိုင်းပြည်ကို မလေးစားသော တရုတ်-မြန်မာအရေးအခင်း ကို ပြတ်သားစွာ ကိုင်တွယ်ခဲ့သည်။ သာသ နာနှင့် ယဉ်ကျေးမှုကို ထိခိုက်နိုင်သော သာသနာ ပကျောင်းများကို သိမ်းယူခဲ့၍ မိမိတို့ငယ်စဉ်က ထွန်းကားခဲ့သော သာသနာပကျောင်းများက အမည်ပေး သည့်မြန်မာဖြစ်ပြီး ဂျွန်-ပီတာ-မေရီ-လူစီ အမည်များကို သာယာသည့် လူတန်းစား တစ်ရပ်ကို အမြစ်ဖြတ်ခဲ့သည်။ ကုလား များသန်းနှင့်ချီပြီး ပြည်တော်ပြန်ကြသည်။ တရုတ်များ သန်းနှင့်ချီပြီး နိုင်ငံကို စွန့်ခွာ၍ ရေမြေသစ်ရှာကြ သည်။ သူတို့ ၏ ပိုင်ဆိုင်မှုများပြည်သူတို့ ယနေ့ထိ ထိုက်သင့်သလိုခံစားခဲ့ကြရသည်။ နိုင်ငံကိုစွန့်သွားကြသည့်တရုတ်ကုလားများယနေ့တိုင်ပေါ်ပေါက် လာမည့် သူတို့၏ သားစဉ်မြေးဆက်များနှင့် တည်ရှိနေခဲ့ မည်ဆိုလျှင် လွန်ခဲ့သောနှစ် ၂၅ နှစ်ခန့် က ကျွန်တော် ထိုင်းနိုင်ငံ ဘန်ကောက် မြို့သို့ရောက်ရှိစဉ် ထိုင်း လူမျိုးကားဒရိုင်ဘာတစ်ယောက် ကြေ ကွဲဝမ်းနည်းစွာ ပြောသောစကားတစ်ခွန်းကို သတိရမိပါ သည်။
ကျွန်တော်က ထိုင်းနိုင်ငံကြီးစည် ကားတိုးတက်နေသည်ကိုတွေ့၍ ထိုင်း လူမျိုးတို့အတွက် ၀မ်းမြောက် ကြောင်းပြောရာ ဒရိုင်ဘာထိုင်းလူမျိုးက ခင်ဗျား ကျွန်တော်တို့လူမျိုးကိုအထင်မကြီးနဲ့ ဒီ နိုင်ငံမှာ ၀န်ကြီးချုပ် ကတရုတ်၊ သူဌေးတွေ က တရုတ်၊ ကျုပ်တို့ထိုင်းတွေက ကား မောင်း အလုပ် သမားလုပ် မိန်းကလေး တွေက ရေချိုးခန်းမှာလုပ်နေရတယ်။ မြို့ ကြီးမှာမနေနိုင်ဘူး။ တောတွေ မှာပဲနေရ တယ်ဆိုပြီး ကြေကွဲစွာ ပြောတာကို ကြား ဖူးခဲ့ပါတယ်။
ကောင်းကွက်စိတ်ကလေးနဲ့ ကျေးဇူးတင်စွာကြည့်တတ်ရင်တော့ ဦးနေ၀င်း တို့နိုင်ငံကို အဲဒီလို အဖြစ် မခံ ခဲ့လို့ ယနေ့ လက်ရှိမှာ ကိုယ့်အမျိုးသူဌေးတွေကိုပဲ ခရိုနီလို့ ဆဲနေကြတာဖြစ်ပါလိမ့်မည်။ မဟုတ်ရင်တော့ အခုအချိန် ခရိုနီတွေ ဟာ တရုတ်ကုလားတွေဖြစ်နေမယ်ဆို တာသိသာပါတယ်။

ဖိလစ်ပိုင်နိုင်ငံအရေးအခင်းမှာ သမ္မတမားကိုစ်ကို အမေရိကန်က ပြေးဖို့ လမ်းခင်းပေးတာ မားကိုစ်ပြေး ခဲ့တယ်။ မြန်မာနိုင်ငံရဲ့အရေးအခင်းမှာ ဦးနေ၀င်း ကို ပြေးဖို့လမ်းခင်းပေးကြတယ်။ ဦးနေ၀င်း မပြေးခဲ့ဘူး အာဏာမဲ့ချိန် သူ့ပုံတွေရုံတွေ မှာ မချိတ်ဖို့ အလေးမထားဖို့ နိုင်ငံပိုင် သတင်းစာတွေမှ ရေးသားသတိပေးခဲ့ တယ်။

နိုင်ငံအတွက် ဆောင်ရွက်ကြရမှာ လူတော်ဖြစ်ကြပြီး လူကောင်းမဖြစ်ကြတဲ့ လူတွေရဲ့ဒဏ်ကိုလည်း ခံစားရ လို့ လူ တော်မလိုချင်ဘူး လူကောင်းလိုချင်တယ် ဆိုတဲ့စကားကို ပြောခဲ့ရတယ်။

ကျွန်တော်နောက်ဆုံးပြောချင်တာ ကတော့ ကျွန်တော်တို့ဗုဒ္ဓဘာသာတွေ မှာ ဇာတ်တော်ကြီးဆယ်ဘွဲ့ ဆိုတာရှိ တယ်။ တေမိယဇာတ်မှာ အလောင်း တော်တေမိမင်းသားသည် မင်းရဲ့အပြစ်ကို သိမြင်၍ မင်း မလုပ်ချင်၍ အချင် ယောင်ဆောင်ခြင်းကို ဗုဒ္ဓဘာသာလိုက် စားသူတို့သိကြပါတယ်။

ဒါ့ကြောင့် ဆရာရဲ့တိုင်းပြည် အတွက် လူမိုက်လုပ်၍ အမုန်းခံသွားသူ ဦးနေ၀င်းရခြင်းကိုလည်း သိမြင်ရပါ တယ်။

ဦးနေ၀င်း စေတနာမှန်၍ အသက် ၉၀ ကျော်ဘုန်းကြီးပြီး အသက်ရှည်စွာ နေသွားရခြင်းကိုလည်း သိမြင်ရ ပါတယ်။

မိဘတွေဟာ သားသမီးတွေကို ခိုးပြီးကျွေးချင်ကျွေးမယ်၊ တိုက်ပြီးကျွေး ချင်လဲကျွေးမယ် စီးပွားရေးလုပ်တာ မိသားစုပြုတ်ချင်လဲပြုတ်မယ်၊ မိဘကို သားသမီးတွေက ကျေးဇူးတကွက်လေး တောင်မှ မမြင်ဘဲ လူဆိုး လူယုတ်မာလို့ ထင်တာ စဉ်းစားကြစေချင်တယ်။

မိမိအပါအ၀င် နိုင်ငံနှင့်လူမျိုးကို ကောင်းစေချင်ရင်တော့ မသင်ပေးဘဲ တတ်လာတဲ့နိုင်ငံနဲ့လူမျိုးမှား အဆိုးမြင် အဆိုးပြောတွေဆင်ခြင်နိုင်ကြပါစေ။

မြန်မာနိုင်ငံသမိုင်းမှာ သရေခေတ္တ ရာဆိုတဲ့မြို့ကြီး ငါ့စကောဆိုတဲ့ ကောလာဟလတစ်ခုနဲ့ပျက် သွားရတယ် လို့ ဖတ်ဖူးတယ်။ သင်ခန်းစာယူကြပါ။ မကောင်းတဲ့စကား၊ မကောင်းတဲ့ကောလာ ဟလတွေနဲ့ တိုင်းပြည်ကို မဖျက်ဆီးကြ ပါနဲ့။

လေးစားခင်မင်စွာဖြင့်
ဦးမောင်လေး(ဒဂုံ)
HOT NEWS WEEKLY JOURNAL

No comments:

Post a Comment