Friday, August 2, 2013

နေမျိုးဇင်ကို ယုံစားမိလို့ ဒုက္ခရောက်ကုန်ပါပြီ

မြန်မာနိုင်ငံတွင် စွန့်ဦးတီထွင် သည့် အခမ်းအနားအဖြစ် ၀ါးရမ်းကပ်ခံ ထားရသူများ၏ စုပေါင်း အဖမ်းခံပွဲ အခမ်းအနား အားဗိုလ်ကြီးဟောင်းနေမျိုးဇင် ဦးစီးပြုလုပ်ခဲ့ရာ ရဲမှ အမှန်တကယ် ဖမ်းဆီးသွားသဖြင့်ဒေသခံများဒုက္ခရောက်နေကြာင်း ဒေသခံများမှပြောကြားခဲ့သည်။ကျွန်တော် တို့ဝရမ်းထုတ်ခံထားရပေမဲ့ရဲကကျွန်တော်တို့ကိုလာဖမ်းတာမရှိသေးပါဘူး။ဗိုလ်ကြီးဟောင်း နေမျိုး ဇင်ရောက်လာပြီး ၀ရမ်းထုတ်ခံရသူတွေအားလုံး စုပေါင်းအဖမ်းခံပွဲ လုပ် မယ်၊ ခင်ဗျားတို့ကို ရဲက တကယ်ဖမ်းရဲမယ်မဟုတ်ဘူး။ ခင်ဗျားတို့လုပ် ရပ်တွေအားလုံးကို ကျုပ်က တစ်ကမ္ဘာလုံး သိအောင် ဖြန့်ပေးမယ်။ ခင်ဗျားတို့ အဖမ်းခံရရင် ကျွန်တော် တာဝန်ယူဖြေရှင်းပေးမယ်။ ကျွန်တော်ကိုယ်တိုင်ဦးဆောင်မယ်။ခင်ဗျားတို့ မကြောက်ကြနဲ့လို့ လာရောက်စည်းရုံး တဲ့အတွက် စုပေါင်းအဖမ်းခံပွဲကို ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း အဖမ်းခံရသည့် မိသားစုဝင်တစ်ဦး မှ ပြောကြား ပါသည်။၎င်းမှပင် ကျွန်တော်တို့က ဆန္ဒပြတဲ့သဘောလို့ပဲထင်တာ ၊ ဥပဒေကိုလည်း နားမလည် ဘူး။ တကယ်အဖမ်းခံရမယ်လို့လည်း မထင်ဘူး။ တကယ်လည်းဖမ်းလိုက်ရော တာဝန်ယူတယ် ဆိုတဲ့ ဗိုလ်ကြီး နေမျိုးဇင်လည်း ဘာမှမတတ်နိုင်ဘူး။ တကယ်ထောင်ထဲရောက်သွားတာက ဘာမှမသိတဲ့ ရွာသားတွေပါ။အခုလည်း ဗိုလ်ကြီး နေမျိုးဇင်လည်း ဘာမှမတတ်နိုင်တော့လို့ ရန်ကုန်ပြန်သွားပါပြီဟု ပြောဆိုသွားသည်။ငါးခိုးဖမ်းသည်ဟုအင်းသူကြီးကစွပ်စွဲတိုင်ကြားခံထားရ သဖြင့် ရဲစခန်းတွင် စုပေါင်း အဖမ်းခံခဲ့သည့် ပန်းတနော်မြို့နယ် ခနွဲကဘိုရွာမှ ရေလုပ်သား ၂၅ ဦးကို ဇူလိုင် ၃၁ ရက်က မြို့နယ်တရားရုံးတွင် စစ်ဆေးပြီး နောက် ရဲစခန်းရှိ အချုပ်ခန်းသို့ ထည့် ထား လိုက်သည်ဟု မဇ္ဈိမသတင်းဌာနတွင် ဖော်ပြထားသည်။ . www.MyanmarExpress.net

No comments:

Post a Comment